Picture
                အစဉ်အလာအတိုင်း ကစားသမားကောင်းတွေကို မွေးထုတ်ပေးတတ်တဲ့ အာဂျင်တိုင်းပြည် River Plate က ပေါ်ထွက်လာတဲ့ ၁၉ နှစ်အရွယ် ကစားသမား Erick Lamela ကို အင်္ဂလန်က လီဗာပူး၊ တော့တင်ဟမ် တို့ အပြင် ဂျူဗင်တပ်၊ အေစီမီလန်၊ အက်တလက်တီကို မက်ဒရစ်စတဲ့ ဥရောပတလွှားက အသင်းတွေက ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။
                AS က ရတဲ့ သတင်းအရ အင်္ဂလန် ကလပ်အသင်း ၂သင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ River Plate လို အသင်းမှာ နံပါတ်၁၀ နေရာရထားပြီး El Coco လို့ နာမည်ပြောင်ရထားတဲ့ ကစားသမားလေးအတွက် ပိုက်ဆံသုံးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒီလူငယ် ကစားသမားလေးကို ရဖို့ အတွက် သူ့ရဲ့ Buy out Clause ထဲမှာ ပါတဲ့ အတိုင်း ယူရိုသန်း၂၀ ခန့် ပေးချေရမယ်လို့လည်း ဆိုပါတယ်။
            သူနဲ့ ပတ်သက်လို့ Youtube မှာ ရှာကြည့်မိသမျှတော့ ဘောလုံး စကေးလ်ကောင်းမွန်ပြီး အရည်အချင်းရှိ ကစားသမားမို့ ကြိုးကြာနီတယောက်သာ ဖြစ်လာခဲ့မယ်ဆိုရင် ကြိုဆိုမိမှာပါ။ ဒါပေမယ့် လူငယ်အရည်အချင်းရှိ ကစားသမားတွေ ဟုန်နေတဲ့ လီဗာပူးအသင်းအနေနဲ့ ဒီလူငယ်ကစားသမားလေးအတွက် ယူရိုသန်း၂၀ သုံးပါ့မလားဆိုတာကတော့ စဉ်းစားစရာပါပဲဗျာ

(Source : Goal.com)

 
Picture
                လီဗာပူးအသင်းရဲ့ လူငယ်ကစားသမား ဒန်နီ ပါချီကိုက Emergency အနေနဲ့ နောဝစ်ခ်ျ(Norwich) အသင်းကို ရာသီကုန်အထိ အငှားနဲ့ သွားရောက်ကစားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
                နောဝစ်ခ်ျအသင်းက သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ ခရစ်မာတင်(Chris Martin) နဲ့ အာရွန် ဝီဘရာဟင်(Aaron Wilbraham) တို့ ဒဏ်ရာရသွားတဲ့အတွက် Emergency အနေနဲ့ ကြိုးကြာနီတို့ရဲ့ ပါချီကိုနဲ့ ဝုလ်ဗ်(Wolves) အသင်းက လူငယ်ကစားသမား ဆမ်ဗုတ်(Sam Vokes) တို့ကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။
                ပါချီကိုဟာ ပြီးခဲ့ အသက်၁၉နှစ်အောက် လူငယ်ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၄ ဂိုးသွင်းယူထားနိုင်ခဲ့သူပါ။ ဒါပေမယ့် လီဗာပူးအသင်းမှာတော့ ခုအချိန်အထိ လုံလောက်တဲ့ ပွဲထွက်ခွင့်မရသေးပဲ အရန်ခုံမှာပဲ အချိန်ကုန်နေရပါတယ်။

                နောဝစ်ခ်ျအသင်းရဲ့ နည်းပြ ပေါလ်လမ်းဘတ်(Paul Lambert) က " ပါချီကိုဟာ ဒီရာသီမှာ  လီဗာပူးပထမအသင်းအတွက် ကစားပေးနေရတဲ့သူပါ။ သူနဲ့ ပတ်သက်လို့ ကင်နီနဲ့ စကားပြောခဲ့တာ ရက်သတ္တပတ်အနည်းငယ်ရှိနေပါပြီ။ ပါချီကိုဟာ နည်းပညာပိုင်းကောင်းမွန်သူပါ။ ဘာစီလိုနာ လီဗာပူးစတဲ့ အသင်းကြီးတွေမှာ ကစားနေပြီး လက်ရှိ စပိန် ယူ-၂၁ မှာ ကစားပေးနေရတယ်ဆိုကတည်းက သူ့ရဲ့ အလားအလာနဲ့ အရည်အချင်းကို ခန့်မှန်းလို့ ရနိုင်ပါတယ်" လို့ ပြောသွားပါတယ်။
                နောဝစ်ခ်ျအသင်းက လက်ရှိ အင်္ဂလန် ချန်ပီယံရှစ်(ပထမတန်း)မှာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ဝေးကွာနေတာကြာပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အလားအလာကောင်းနေတဲ့ အသင်းတသင်းဖြစ်ပါတယ်။

(Source : Goal.com)
         

 
ကြိုးကြာနီတို့ နောက်ထပ် ညာတောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ Xabi Prieto ကို လိုက်နေတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်
၁၉၈၃ ခုနှစ်ဖွားမို့ အသက်က ၂၇ ရှိနေပြီဆိုပေမယ့် ဘာပဲ ပြောပြော ချက်ချင်းသုံးလို့ရတဲ့ ကစားသမားတယောက်အနေနဲ့ မဆိုးဘူးလို့ ပြောရမယ့် အနေအထားပါ
အက်ရှလေယန်း၊ ချိန်ဘာလိန် အစရှိတဲ့ အင်္ဂလန်တောင်ပံကစားသမား အများအပြားကို လိုက်နေသေးတယ်ဆိုပေမယ့် သိတဲ့အတိုင်း အင်္ဂလန် လူငယ်ကစားသမားတွေကို လိုက်ရတာ ဘာကာက မက်ဆီကို လိုက်သထက်တောင် ပိုခက်နေဦးမလားမသိပါဘူး

Xabi က လက်ရှိ ရီးရဲဆိုစီဒက်မှာ ကစားနေတာဖြစ်ပြီး သူ့ကစားသမားသက်တမ်းတလျှောက်လုံး ဒီတသင်းထဲပဲ ကစားခဲ့ဖူးသူပါ။ ဆိုစီဒက်နဲ့ ၂၂၈ပွဲကစားဖူးပြီး ၃၃ ဂိုးသွင်းယူထားနိုင်ပါတယ်။ သူ့ကို ရဖို့ဆိုရင် ပေါင်၁၀သန်းဝန်းကျင်ခန့် သုံးရမယ်လို့ ခန့်မှန်းထားကြပါတယ်

အသက်၂၇ ရှိပြီဆိုပေမယ့် သူ့ရဲ့ Youtube ကို ကြည့်မိတာကတော့ အလိမ်အခေါက်ပိုင်နိုင်ပြီး Passing ကောင်းတဲ့ ကစားသမားတယောက်မို့ ရေရှည်အတွက် မဟုတ်တောင် လက်ရှိတော့ အသုံးဝင်မှာပါ

ဘာပဲပြောပြော ကစားသမားကောင်းတွေကို မျက်ခြေမပြတ်တမ်းရှာနေတဲ့ ကိုမိုလီနဲ့ ကင်နီတို့ကိုတော့ ချီးကျူးမိပါပေတယ်
 
လက်ရှိဒဏ်ရာရနေတဲ့ ဂျာရတ်၊ ကယ်လီနဲ့ ရှယ်ဗေတို့ဟာ နောက်တပတ်ထဲမှာ စပြီး လေ့ကျင့်ခန်းဆင်းနိုင်တော့မယ်လို့ဆိုပါတယ်

အကယ်လို့သာ သူတို့ ပြန်ကောင်းလာပြီဆိုရင်တော့ နောက်လထဲမှာ အန်ဖီးလ်မှာ ကန်ရမယ့် မန်စီးတီးပွဲနဲ့ အမ်မရိတ်မှာ ကန်ရမယ့် အာကြီးနဲ့ ပွဲတို့အတွက် အရမ်းကို အထောက်အကူဖြစ်မှာ အသေအချာပါပဲ

ခုဆိုရင် ဘာပဲပြောပြော နောက်တရာသီအတွက် ဥရောပပြိုင်ပွဲဝင်နိုင်ဖို့ ပဉ္စမနေရာကို မှန်းနိုင်နေသလိုဖြစ်နေပါပီ
စပါးဟာ ခုနောက်ပိုင်း ချန်ပီယံလိဂ်မှာ ကစားပုံကောင်းသလောက် ပရီးမီးယားမှာတော့ ခြေပျက်နေတယ်ဆိုတဲ့ အနေအထားလို့ ပြောရမလိုပါပဲ
စပါးတို့ ခြေပျက်သမျှကိုအခွင့်အရေးယူနိုင်မယ်ဆိုရင်တော့ ကြိုးကြာတို့အနေနဲ့ ပဉ္စမ နေရာကို ရနိုင်မှာပါ။ ဥရောပဝင်ခွင့်ရနေမှ ဝင်ငွေကောင်းနိုင်မှာ ဖြစ်သလို ကစားသမားသစ်တွေကိုလည်း ခေါ်ယူဖို့ လွယ်ကူမှာပါ
 
အားလုံးကို အားလည်းနာပါတယ်။ ခင်လည်း ခင်ပါတယ်။ ကျွန်တော် က အခု တစ်ပတ်လည်း မအားဘူးဖြစ်နေတယ်။ ( ဂိမ်း ကို အသည်းအသန် ခဲမှန် ဆော့နေလို့ ပါ။ ခုတော့ ပြီးသွားပါပြီ။ ဟီးဟီး )မိတ်ဆွေ တွေနဲ့  တိုင်ပင်ပြီး ကျွန်တော်တို့  Domain နာမည် သတ်သတ် တင်မလို့  ကြံရွယ်နေပါတယ်။

http://mmliverpoolfc.weebly.com/ အဲတာ အစား နာမည် တစ်ခုခုကိုရွေးချယ်ဖို့  ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့  နောင်တော်ဆိုဒ် http://www.arsenalmyanmar.com/ လိုပဲ လှပခန်းနားတဲ့ ဆိုဒ်လေး တစ်ခု အသွင်အနေနဲ့  မြင်ရအောင် ကျွန်တာ် ကြိုးပမ်းနေပါတယ်။ အခု လောလောဆည်တော့ ကျွန်တော် ၀ဘ် ဒီဇိုင်းလေး ဆွဲဖို့  ကြံနေပါတယ်။

ဒီဆိုဒ်လေးက လုပ်ရတာ အရမ်းလစ်မစ်ဖြစ်ပါတယ်။ ဥပမာ မန်ဘာတွေ လက်ခံဖို့ ၊ မန်ဘာတွေ ကို ပြန်လည်ဖော်ပြပေးဖို့  မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပိုပြီး Powerful ဖြစ်မယ့် Web site အသွင်ကို ပြောင်းလဲဖို့  ကျွန်တော် ကြိုးစားနေပါတယ်။ လှပပြီး အဆင်ပြေမယ့် ဒီဇိုင်းလေး ထွက်လာရင်တော့ ကျွန်တော် တို့  ဒိုမိန်းဝယ်ပြီး တော့ ဒေတာတွေ အသစ်ဘက်ကို ပြောင်းလဲပါမယ်။

တစ်ခြား အစီအစဉ်တွေ လည်း အများကြီးရှိပါတယ်။ အခုလို အားပေးတာ ကျေးဇူးပါ။ ကျွန်တော် နဲ့  မိတ်ဆွေတွေ အတတ်နိုင်ဆုံး ပြီးပြည့်စုံတဲ့ ဆိုဒ်ဖြစ်အောင် ကြိုးစားသွားပေးပါ့မယ်။ စိတ်ရှည်ရှည်နဲ့  စောင့်ပေးကြပါအုန်း။ သတင်းတွေကတော့ ဒီဆိုဒ်မှာ အမြဲ ပုံမှန် Update လုပ်ပေးပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျက်
YWNA
ပန်ဒါ
 

 
ဆွာရက်စ်တော့ လက်လန်တယ်။ လီဗာပူး အတွက် ၅ ပွဲကစားပေးတာ ၂ ဂိုးသွင်းယူပြီး ၃ ဂိုး ရအောင် ဖန်တီးပေးနိုင်ပါတယ်။

ကာရေဂါကတော့

“လူးဝစ် ဟာ ထိပ်တန်း ကစားသမား တစ်ယောက်ပါ။ သူဟာ အားလုံးကို ပျော်ရွှင်အောင်၊ စိတ်ဓာတ်မြှင့်အောင် လုပ်ပေးနိုင်တဲ့ ကစားသမားပါ။

ပန်နယ်တီနဲ့  ပတ်သက်ပြီးတော့ ကျွန်တော်က အစက ပင်နယ်တီပဲမှတ်တာ။ အနှေးပြကွက်ကြည့်မှ စည်းအပြင်ဘက်က ဖျက်ထုတ်လိုက်တာပါ။ ဒါဟာ တစ်ခြား ကို ပြောင်းသွားနိုင်တာပါပဲ။

ဂိုးတစ်ဂိုးက ပွဲ အဖြေကို ပြောင်းလဲသွားစေပါတယ်။”

Picture
ကျွန်တော်တို့ အချစ်တော် လူးကပ်စ် ကတော့ ဒီအပတ်မှာ သူ့ မိန်းမ အရီနာ က လီဗာပူး ဆေးရုံမှာ သားငယ်လေး ပက်ဒရိုကို မွေးပေးတာမို့  ကလေး ဖခင်ဖြစ်ပါပြီ။

ဒတ်ကောက်ခ်ျ ဂိုးသွင်းယူပြီးနောက်မှာတော့ လူးကပ်စ် အတွက် ၁၉၉၄ မှာ ဘရာဇီးအသင်းက ဘီဘက်တို၊ ရိုမာရီယို နဲ့  မာဇင်ဟိုတို့  ကလေးပွေ့ ဟန် ကို လုပ်ပြီး ဂုဏ်ပြုခဲ့သလို လူးကပ်စ် အတွက် အသင်းဖော်တွေက ဂုဏ်ပြုပေးခဲ့ပါတယ်။

သူက “ကောင်းမွန်တဲ့ ရလဒ်ဖြစ်သလို၊ ဒတ် နဲ့ လူးဝစ်တို့ ဂိုးနဲ့  အားလုံး အောင်ပွဲခံခွင့် ရခဲ့ပါတယ်။ ” လို့ ပြန်ပြောခဲ့ပါတယ်။
 
 
လီဗာပူး လိုင်းအပ်

Reina, Johnson, Carragher, Agger, Skrtel, Spearing, Lucas, Meireles, Suarez, Kuyt, Carroll.

ပထမပိုင်း အပြီးမှာတော့ ဘောလုံး ပိုင်ဆိုင်မှု ဆန်းဒါးလန်းက ၅၂% လီဗာပူးက ၄၈% နှုန်းပါ။

အလယ်တန်း အားမရဘူး။ မေရားလက်စ် ဘာတွေလုပ်နေလည်းမသိဘူး။ ဆိုးပါ့။ ကာရိုးနဲ့  ဆွာရက်ဇ် အချိတ် အဆက်မမိသေးဘူး။ ဆန်းဒါးလန်းကတော့ ပထမပိုင်း မပြီးသေးဘူး လူ ၂ ယောက် လဲပလိုက်ပြီ။ မိနစ် ၂၀ အတွင်းတော့ ကော်နာ ၃ ခါရပြီ။ ဂိုးရဖို့ ပဲလိုတော့တယ်။

ဆန်းဒါးလန်းက ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရပဲ လီဗာပူးက ၃ ခါ ဘေးထွက်ပြီး ၂ ခါ က ဂိုးသမား ဖမ်းမိပါတယ်။

ဒတ်ကောက်ခ်ျ ကန်ချက် ဂိုးသမား ပုတ်ထုတ်လိုက်ရတာ တစ်ကြိမ်။ မေရားလက်စ် ကန်တင်လိုက်တဲ့ ဘောလုံးကို ဆွာရက်စ် ပြေးပြီး ကန်တာ ဂိုးသမား ပုတ်လို့  ပြန်ထွက်လာတဲ့ အလုံးကို ကာရိုး တိုက်တာ ဂိုးသမား ဖမ်းမိပါတယ်။

နံပတ် ၆ အမှားကနေ ဂျေးစပီးယားရင်း ယူပြီး ဘောလုံးဆွဲပြေးတာ ချိတ်လိုက်တာ အပြင်ဘက် စည်းနည်းနည်းရောက်သော်လည်း လဲသွားတာ ပင်နယ်တီ အေရိယာထဲမလို့  ပန်နယ်တီရပါတယ်။ ဒတ်ကောက်ခ်ျ က ညာဘက် ကို ကန်ပြီး ဂိုးအဖြစ်နဲ့ ပြောင်းလိုက်ပါတယ်။

တောင်ပံ ကစားသမား မပါပေမယ့် လီဗာပူး ကွင်းလယ် အဖျက်နဲ့  အက်ဂါပြန်ပါလာတဲ့ နောက်တန်းက ဆန်းဒါးလန်း တိုက်စစ်ကို ကြံ့ကြံ့ခံ ဖျတ်ထုတ်နိုင်ခဲ့ပါတယ်။ ဆွာရက်စ် ပြန်ပါလာလို့  ရှေ့ တန်း ပြန်လည် အသက်ဝင်လာပါတယ်။ ကာရိုး လည်း ခေါင်းတိုက်ခွင့်တွေ ရပေမယ့်လည်း လွဲချော်နေဆဲပါ။

ဒုတိယ ပိုင်း မှာ ကြိုးကြာနီတွေ ကစားတာ ပိုကောင်းလာပါတယ်။ မေရားလက်စ် ပိုလှုပ်ကစားလာနိုင်သလို ကာရိုး တို့ လည်း ဂိုးသွင်းခွင့်တွေ ရရှိပါတယ်။ ဆွာရက်စ်ကို အဓိက ထားပြီး လူချ ကစားတာတွေ့ ပါတယ်။ ဒုတိယပိုင်း ၂ သင်းလုံး ပိုမို ထိုးဖောက်ကစားနိုင်သလို လီဗာပူးဘက်ကလည်း ဂိုးသွင်းခွင့်တွေ ပိုမို ရရှိလာပါတယ်။ မေရားလက်စ် ထောင့်ကန်ဘော ကနေ တစ်ဆင့် ကာရိုး ခေါင်းတိုက် ဂိုးတိုက်တာ ဆန်းဒါးလန်း နောက်ခံလူနဲ့ ထိပြီး ပြန်ထွက် သွားလို့  နစ်နာသွားပါတယ်။ ဒါတင်မက သိပ်မကြာခင်မှာပဲ ဖရီးကစ်ကို ဂိုး အပြင်ဘက်မှာ ဆွာရက်စ် ကန်တာ ဂိုးသမား ဘယ်ဘက်က ထွက်သွားပါတယ်။

၂ သင်းလုံး ဖိကစားနေပြီး ဒုတိယဂိုးကို ဆွာရက် ဘေးလိုင်းကနေ ချပေးလိုက်တာ တစ်ကိုယ်တော် ဆွဲပြေးပြီး နောက်ခံ လူ ၁ ယောက်ကို လိမ်ပြီး ဂိုးထဲ ကန်ထည့်လိုက်ပါတယ်။ ဆွာရက်စ်ကို ဆန်းဒါးလန်း နောက်ခံလူတွေ ဒီည ဘယ်လိုမှ မထိန်းနိုင်ပါဘူး။ တစ်ကွင်းလုံး ပတ်ဆော့ပြီး တစ်ဂိုးပါသွင်းယူသွားပေးပါတယ်။

၇၄ မိနစ်မှာ အန်းဂေါ့ က ကာရိုး အစားဝင်ကစားသလို ၈၃ မိနစ်မှာ မေရားလက်စ် အစား မက်ဆီ ၀င်ကစားပါတယ်။

ပွဲပြီးခါနီးမှာ ဆွာရက်စ် နာသွားလားမသိဘူး။ ကွင်းပြင်ကို ကွတ ကွတ နဲ့ ထွက်သွားတယ်။ သူ့ အစား ဂျိုးကိုး ၀င်ကစားနေတယ်။ ဆွာရက်စ် ဘာမှ မဖြစ်ပါစေနဲ့ ။

 
ကိုဂရင်းဒေး ပြောခဲ့တဲ့ ဆန်းဒါးလန်း လီဗာပူးပွဲ လာပါပြီ ခင်ဗျာ
ပွဲချိန်က စလုံးစံတော်ချိန် ၉နာရီခွဲ
ဆန်းဒါးလန်းအိမ်ကွင်း Stadium of Light မှာ ကစားမှာ ပါ
Goal.com ရဲ့ အဆိုအရ ဖြစ်နိုင်ဖွယ် လိုင်းအပ်ကတော့

...................................ရေနာ........... ......................

ဂျွန်ဆန်......ကာရေဂါ.........စကာတယ်.............ဝီ လ်ဆင်

ကူရစ်.......မေရာလက်......လူးကပ်..................မ က်ဆီ

................ဆွာရက်..........ကာရိုး............ ............

၎-၄-၂ နဲ့ပဲ ထွက်လာဖွယ်ရှိပြီး ဆွာရက်ကလွဲလို့ တခြားကစားသမားတွေကတော့ ဥရောပပွဲ ကစားထားတာကြောင့် ပွဲပန်းနေကြမှာပါ
နောက်နှစ် ဥရောပွဲကန်ချင်တဲ့ လီဗာပူးအနေနဲ့ မနေ့က စပါးက သရေကျထားတဲ့အတွက်
နံပါတ်၅နေရာကို အမီလိုက်ချင်တယ်ဆို လက်ကျန်ပွဲတွေက အမှတ်လျော့မခံတော့တဲ့အတွက် မဖြစ်မနေ အနိုင်လိုအပ်တဲ့အနေအထားပါ

ဆန်းဒါးလင်းနဲ့ နောက်ဆုံး ၁၉ပွဲတွေ့ဆုံခဲ့ရာမှာ ၂ကြိမ်သာ အရှုံးပေးခဲ့ရပြီး
လက်ရှိအနေအထားမှာ ဆန်းဒါးလန်းက နောက်ဆုံး၅ပွဲဆက် အနိုင်နဲ့ ဝေးနေခဲ့ပါတယ်
၂၅၉မိနစ်တိတိ ဂိုးသွင်းယူထားနိုင်ခြင်းမရှိခဲ့ပါဘူး

ဒါ့အပြင် ထူးခြားချက်ကတော့ ကြိုးကြာတို့များအနိုင်ရခဲ့ရင် ဒီပွဲဟာ ကင်နီရဲ့ မန်နေဂျာသက်တမ်းတလျှောက် ၂၅၀မြောက်အနိုင်ရတဲ့ပွဲဖြစ်လာမှာပါ
 
ပိုင်ရှင် ဟင်နရီနဲ့ ၀ါနာတို့ ကြာသပတေးနေ့က လီဗာပူးကို ရောက်လာပြီး ဘရာဂါနဲ့ သရေကျသွားတဲ့ ပွဲလည်း ကြည့်ခဲ့ပြီးမှ သောကြာနေ့မှာ ဒါးဂလစ်ရှ်ကို ၂နှစ်စာချုပ် ချုပ်ဖို့အတွက် ဆွေးနွေးမှုတွေ စခဲ့ပါတယ်။ ဇန်န၀ါရီလက ရွိုင်းဟော့ဆန် နေရာမှာ အစားဝင်ခဲ့တဲ့ ဒါးဂလစ်ရှ်က ၄နှစ်စာချုပ် လိုချင်တယ်ကြားပေမယ့် သူအရမ်းလိုချင်ခဲ့တဲ့ လီဗာပူးနည်းပြနေရာကို ငြင်းပယ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ဒါးဂလစ်ရှ် ယာယီနည်းပြအဖြစ် စတင်တာဝန်ယူချိန်ကစပြီး လီဗာပူးအသင်းဟာ ၁၄ ပွဲ တွင် ၄ပွဲ ရှုံးခဲ့သော်လည်း ထို ၁၄ ပွဲကစားပုံက သူ့အားအမြဲတမ်းနည်းပြ အဖြစ် ခန့်သင့်ကြောင်း ပိုင်ရှင်တွေ နားလည်လာစေခဲ့ပါတယ်။ ဒီတချက်နဲ့တင် လွန်ခဲ့တဲ့ ၁၈ လအတွင်း ဖရိုဖရဲဖြစ်နေ၊ ဦးတည်ရာမဲ့သလို ဖြစ်နေတဲ့ လီဗာပူးအသင်းကို ပြန်တည်ငြိမ်သွားအောင် မြန်မြန်နဲ့ အချက်ကျကျ လုပ်နိုင်ခဲ့တဲ့ ဒါးဂလစ်ရှ် ရဲ့ အရည်အချင်း ပေါ်လွင်စေပါတယ်။

အောက်တိုဘာလတုန်းက လက်ရှိပိုင်ရှင်တွေ အသင်းကို ပိုင်ရှင်ဟောင်းဆီက ၀ယ်ပြီးတဲ့အချိန်မှာ သူတို့လုပ်ချင်ခဲ့တာက ရာသီကုန်မှာ ဟော့ဒ်ဆန်ကို ဖြုတ်ပြီး သူ့အစား အသက်လည်းငယ် ကိုမိုလီလို အားကစားဒါရိုက်တာနဲ့လည်း တွဲလုပ်ဖူးတဲ့ ဥရောပနည်းပြတယောက်နဲ့ အစားထိုးပြီး လီဗာပူးကို ပြန်တည်ဆောက်ဖို့ပါ။

ဒါပေမယ့် ဟော့ဒ်ဆန်ဟာ ရာသီအစပိုင်း အသင်းရဲ့ အခြေအနေဆိုးကို ရာသီအလယ်အထိ ရပ်အောင် မလုပ်နိုင်တဲ့အတွက် အသင်းမှ ထွက်ခွာခဲ့ရပြီး ဒါးဂလစ်ရှ်ကို ယာယီနည်းပြအဖြစ် စခန့်ခဲ့တုန်းက ရာသီကုန်အထိ အသင်းတည်ငြိမ်အောင် လုပ်ဖို့သက်သက်ပါပဲ။ လူငယ်နည်းပြ ခေါ်မယ်ဆိုတဲ့ အစီအစဉ်က ရှိနေဆဲပါ။

ဒါးဂလစ်ရှ် ယာယီနည်းပြနေရာ ယူပြီးချိန်မှာတောင် ရာသီကုန်ရင် သူ့နေရာအစားထိုးဖို့ ဒေါ့မန် နည်းပြဲကမါနညုသစစ ၊ မာဆေးလ် နည်းပြ ီန်ခ့ောစ ၊ ပေါ်တိုနည်းပြ အရင်မော်ရင်ဟို လက်ထောက်ဟောင်း ဗညိမနေ် ဠငူူေ-ႀသေ် တို့ကို စဉ်းစားခဲ့သေးကြောင်း သိရပါတယ်။

အသက်အရွယ်ကြောင့် နောက်ထပ် ဘယ်လောက်ကြာကြာ ဒါးဂလစ်ရှ် ဆက်လက်နည်းပြနိုင်မလဲ ဆိုတဲ့ အချက်ဟာ စဉ်းစားစရာ ဖြစ်ခဲ့ပေမယ့် ရာသီကုန်မှာ ဒါးဂလစ်ရှ် ကို ဖြုတ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်မှန်း ပိုင်ရှင်တွေ တဖြည်းဖြည်း နားလည်လာခဲ့ပါတယ်။

ဒါးဂလစ်ရှ်ဟာ မန်ယူကော ချယ်ဆီးနဲ့ အရေးကြီးပွဲတွေကို အနိုင်ရအောင် လုပ်ပေးခဲ့သလို သူ့လက်ထက်မှာ အသင်းက နံပါတ် ၆ နေရာရဖို့ တော်တော်သေချာပြီး ဖြစ်ပေမယ့် င်္ဗ ဃကစ ပွဲစဉ် အနေအထားအရ လီဗာပူးဟာ နံပါတ် ၅ သာမရရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်အတွင်း (အတိအကျ ၁၂ နှစ်အတွင်း ) မှာ ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲမှာ ၀င်ကစားခွင့် ဆုံးရှုံးမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

အစကတော့ ပိုင်ရှင်တွေဟာ ဒါးဂလစ်ရှ်ကော လက်ထောက်နည်းပြ စတိဖ်ကလပ် ကိုပါ အချိန်ပြည့်စာချုပ်ရမယ့် အချိန်ကို တတ်နိုင်သမျှ အချိန်ဆွဲပြီး စောင့်ကြည့်ချင်ခဲ့ပေမယ့် အသင်းအတွက် နွေရာသီမှာ ကစားသမားအသစ် ခေါ်ချင်ရင် နည်းပြနေရာကို ယာယီပဲ ထားထားလို့ မရမှန်း သဘောပေါက်လာပါတယ်။

တောရက်စ်နဲ့ ဘာဘယ်ကို ရောင်းလိုက်တဲ့ ပိုက်ဆံနဲ့ ပြောင်းရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဆွာရက်စ်နဲ့ ကာရိုးလ်ကို ၀ယ်ပြီးနောက်မှာတော့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပိုင်ရှင်တွေ ပိုက်ဆံထပ်သုံးအုံးမယ်လို့ မျှော်လင့်ရပါတယ်။

ဒါးဂလစ်ရှ်ကို ခန့်မယ်ဆိုရင် ကစားသမားအသစ်တွေကို သူလိုချင်တဲ့သူ၊ သူ့ဆန္ဒပါမှသာ ခေါ်မှာ ဖြစ်ပါတယ်။ သူဟာ ကစားသမား အသစ် ၆ယောက်လောက်အထိ ခေါ်ချင်ရင် ကိုမိုလီနဲ့အတူတူ တွဲလုပ်ရမှာ ဖြစ်ပါတယ်။

ထိပ်တန်းကစားသမားတွေကို နောက်နှစ် ဥရောပမှာ ကစားရဖို့တောင် မသေချာသေးတဲ့ အသင်းကိုလာအောင် ဆွဲဆောင်ဖို့ဆိုရင်တော့ ပြင်သစ်လူမျိုး ကိုမိုလီအနေနဲ့လည်း သူ့ရဲ့ နာမည်ကြီးခဲ့တဲ့ ကစားသမားအရှာတော်တယ် ၊ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်တယ် ဆိုတဲ့ အရည်အချင်းကို အစွမ်းကုန်အသုံးချရမှာ ဖြစ်ပါတယ်။

ဂိုးသမား ရေနာကတော့ ဥရောပမှာ ကစားရဖို့ မျှော်လင့်ချက် မကုန်သေးဘူးပြောပါတယ်။ ၉ပွဲတောင် ကစားဖို့ ကျန်သေးတဲ့အတွက် နံပါတ် ၅ နေရာရဖို့ အခွင့်အရေး ရှိပါသေးတယ်လို့ ပြောသွားပါတယ်။ ကြားရက်တွေမှာ ကစားတဲ့ပွဲတွေ၊ အန်းဖီးလ်မှာ ကစားတဲ့ ဥရောပ ပွဲတွေကို နှစ်တိုင်းကြည့်နေရတဲ့ သူတွေအဖို့တော့ ဥရောပ ပွဲမှာ ကစားခွင့်မရဘူးဆိုရင် တော်တော်ကသိကအောက် ဖြစ်မှာပါလို့လည်း ပြောခဲ့ပါတယ်။

Credit go to : Shadowstriker @ mmcp