လာပြန်ပြီ နောက်တစ်မျိုးလို့ အပြောမစောနဲ့နော်။ ဒီတခေါက်တော့ ၂၆ နှစ်သား စပိန်လက်ရွေးစင် ဘယ်နောက်ခံလူပါတဲ့။
ကင်နီက ကြိုးကြာနီတို့အတွက် ဘယ်နောက်ခံနေရာမှာ လူအင်အားမလုံလောက်တာ တိတိကျကျပြောရရင် မရှိတာကို နားလည်ထားတဲ့သဘောပါပဲ။
လီဗာပူးမှာ ခု ဘယ်နောက်ခံနေရာကို ဂျွန်ဆန်၊ ဝီလ်ဆင် တို့က ကိုယ့်နေရာမဟုတ်ဘဲ ကစားပေးနေရတာပါ။ ဟော့ဆန်လက်ထက်မှာ မနှစ်က ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ် အာဂျင်တိုင်းသားလေး အင်ဆူအာကို အငှားချပြီး သူ့ရဲ့ ကစားသမားဟောင်း ဖူလ်ဟမ်ဘယ်နောက်ခံလူ ကွန်ချက်စကီးကို ဝယ်ယူခဲ့ပေမယ့် လီဗာပူးမှာ အသားမကျခဲ့တဲ့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကွန်ချက်စကီးဟာ နည်းပြအပြောင်းအလဲနောက် အငှားချခြင်းကို ခံခဲ့ရပါတယ်။

                ဘယ်နောက်ခံ စစ်စစ်လို့ ပြောရမယ့် ကစားသမားဟာ လီဗာပူးမှာ အော်ရယ်လီယို တယောက်ပဲ ရှိနေပြီး ဒဏ်ရာတွေနဲ့ပဲ ရုန်းကန်နေရတဲ့ အော်ရယ်လီယိုအတွက် အစားထိုးစရာ အခြားဘယ်နောက်ခံလူမရှိတော့တဲ့ လီဗာပူးက နောင်နှစ်အတွက် ရည်ရွယ်ပြီး ခုကတည်းက ဘယ်နောက်ခံ ကစားသမားကောင်းတွေကို ရှာဖွေနေခဲ့တာပါ။ ခုလက်ရှိ ကင်နီတို့ သဘောကျ မျက်စိတွေ့နေတဲ့ နာချိုမွန်ရီယ်က စပိန် အိုဆာဆူနာ ကလပ်မှာ ကစားနေတာဖြစ်ပြီး လက်ရှိမတော့ စပိန်လက်ရွေးစင်အသင်းကြီးမှာ အရွေးခံနေရတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကျဉ်းကတော့

Nacho Monreal
D.O.B - 26 Feb 1986
Club - Osasuna
Height - 5ft 10in




Picture
 
            ကဲ အန်ဖီးကွင်းမှာကန်ခဲ့ရတဲ့ လီဗာပူး ဘရာဂါ ယူရိုပါလိဂ်ပွဲစဉ်လည်းပြီးသွားပြီ။ ကျွန်တော်တို့ လီဗာပူးလည်း တပ်ခေါက်လှည့်ပြန်ခဲ့ကြရပြီ။ တကယ်ဆို လိုနေတာက ဂိုးလေးတဂိုးသွင်းမိဖို့ပါ ဒါပေမယ့် ထင်သလိုဖြစ်မလာတဲ့ ကြိုးကြာနီတို့ရဲ့ ယူရိုပါလိဂ်ခရီးစဉ်က ဒီမှာပဲဆုံးသွားပါပြီ။ ပထမပွဲ ဘရာဂါကွင်းမှာ ပင်နယ်တီ တလုံးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ဒုတိယပွဲမှာလည်း ဂိုးမသွင်းနိုင်ဘဲ သရေသာ ကျခဲ့တာမို့ ထွက်ခွာခဲ့ရတာပါ။

            အဲ ထူးခြားတာကတော့  လီဗာပူးပရိသတ်များဟာ ပွဲမစခင်မှာ ဆူနာမီကြောင့် ဒုက္ခရောက်ခဲ့ကြရတဲ့ ဂျပန်လူမျိုးတွေအတွက် ဆုတောင်းပေးခဲ့တာပါပဲ။

            နည်းပြကြီး ကင်နီကတော့ ဖန်တီးပေးမှု အားနည်းတာရယ် ကံဖေးမမှု မရခဲ့တာရယ်ကြောင့် အခုလို ယူရိုပါလိဂ်က ထွက်ခဲ့ရတာပါလို့ ပြောသွားပါတယ်။ ကင်နီပြောသွားတဲ့ အတိုင်း မနေ့ညက ကန်သွားတဲ့ လီဗာပူးအသင်းဟာ ဖန်တီးမှုပိုင်း အတော်ကို အားနည်းတာအမှန်ပါပဲ။ ဂျိုးကိုးလ်က ဒီရာသီ လီဗာပူးကိုပြောင်းလာကတည်းက သူ့ကြောင့်လို့ ပြောရလောက်တဲ့ ထူးထူးခြားခြား ဖန်တီးမှုမျိုးကို ခုထိ ပြသနိုင်ခြင်း မရှိသေးသလို အဆိုးဆုံးပြောရရင် သာမာန်ကစားသမားတယောက်အဆင့်ကိုတောင် မမီတဲ့ ပွဲတွေ အတော်များနေပါတယ်။ မက်ဆီကတော့ ဒီရာသီမှာ လီဗာပူးရဲ့ ခြေအမှန်ဆုံး ကစားသမားလို့ ပြောရင် ရနိုင်ပါတယ်။ အတော်လေးကို အားမကိုးရတဲ့ နေရာမှာ ခြေမှန်တာပါ။ ခုထိ ကင်နီက ပါချီကိုလေးကို ဘာကြောင့် မသုံးသေးသလဲကတော့ အံ့သြစရာပါ။

            ဘာပဲပြောပြော ကိုယ့်လိုအပ်ချက်ကို သိနေတဲ့ ကင်နီနဲ့ ကိုမိုလီတို့ ဘယ်တောင်ပံ ကစားသမားတယောက်ကို အသည်းအသန်ရှာနေတာကတော့ အားရစရာပါပဲ။ ခုအချိန် လီဗာပူးအတွက် အားကိုး အားထားလောက်စရာ တောင်ပံကစားသမားစစ်စစ်ဆိုတာ တယောက်မှကို မရှိတာပါ။ စတာလင်ကတော့ နောက် ၂ နှစ် ၃နှစ်တိုင်အောင် လီဗာပူးမှာ တခါတရံကလွဲလို့ သုံးမယ်လို့ မထင်မိသေးပါဘူး။

            မနေ့ည ဘရာဂါနဲ့ ပွဲမှာ မေရာလက်၊ ကာရိုးတို့ရဲ့ ကစားပုံဟာ မဆိုးဘူးလို့ ပြောရပေမယ့် ရှေ့တန်းကစားသမားဖြစ်သူ ကာရိုးအတွက် အခွင့်အရေးတွေ ရရာမှာတော့ နည်းလွန်းတယ်လို့ ထင်မိပါတယ်။ နောက် တစ်ဖက်အသင်းက ခပ်ကြမ်းကြမ်းနဲ့ မြန်မြန်ဆန်ဆန် လူကပ်ကစားတဲ့အပြင် နောက်တန်းမှာလည်း ၈ ယောက်လောက်ရှိနေအောင် ကစားသွားတဲ့အခါ ကြိုးကြာတို့ တစ်ဖက်အသင်းကို တကယ့် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်တော့ပါဘူး။ အကယ်လို့သာ ဆွာရက်ဆော့ခွင့်ရခဲ့ရင် ...........
ဟုတ်ပါတယ် ဒီထက် အခွင့်အလမ်းတွေ ပိုများများရလာမှာဖြစ်ပြီး ကာရိုးအတွက် နေရာလွတ်တွေ အတော်များများ ပေါ်လာမှ မလွဲပါဘူး။

            ရှုံးသင့်ရှုံးထိုက် ထွက်သင့်ထွက်ထိုက်လို့ ထွက်လိုက်ရတယ်လို့ပဲ မှတ်ယူထားပြီး နောင်တစ်နှစ်မှာ ဒီထက် ကောင်းတဲ့ ကစားသမားအင်အားစုနဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုယူနိုင်မယ့် ကြိုးကြာနီတို့ကို တွေ့ဖို့ မျှော်လင့်မိပါတယ်ဗျာ......
 
အန်းဖီးကွင်းမှာ လီဗာပူးတို့ ဘရာဂါနဲ့ ဒုတိယအကျော့ပွဲစဉ်ကို ကန်ရတော့မှာပါ
ပွဲချိန်ကတော့ စလုံးချိန် ၁၈ရက်မနက် ၄း၁၅ပါဗျာ
ကြည့်မိရင်တော့ အိပ်ရေးပျက်ရဦးမှာပါ့လား
ဘယ်သူတွေများကြည့်ကြမလဲဗျို့

ဘရာဂါကို ပထမပွဲ သူတို့ကွင်းမှာ ပင်နယ်တီ ၁လုံးနဲ့ ရှုံးနိမ့်ထားတာမို့ ဒီပွဲမှာ ကြိုးကြာတို့ အနည်းဆုံး ဂိုး ရအောင် သွင်းရမှာ ဖြစ်သလို
ဂိုးလည်း ပြန်ပေးလို့ မရတဲ့ အနေအထားပါ
ပထမပွဲကြည့်မိတဲ့ အနေအထားအရတော့ ဘရာဂါ အသင်းရဲ့ ကစားပုံက သိပ်ကောင်းလှတာ မဟုတ်လေတော့ ဂိုးသွင်းခံရမှာထက် သူတို့ရဲ့ ကြမ်းတမ်းတဲ့ နောက်တန်း ပိတ်ကစားပုံကြောင့် ဂိုးမသွင်းနိုင်မှာကိုပဲ ပိုစိတ်ပူမိပါတယ်
ခုအချိန်အထိ ကာရိုးကို ပွဲစကတည်းက သုံးမသုံးမသိရသေးဘဲ ကင်နီက ကာရိုးနဲ့ ပတ်သက်လို့ဘာတခွန်းမှ ထုတ်မပြောသေးတာကို တွေ့ရပါတယ်

ဖြစ်နိုင်ဖွယ် Line-Ups ကတော့

............................................... ရေနာ.............................................. ........

ကာရောဂါ................စကာတယ်..................... .ကာဂီရာကော့.................ဂျွန်ဆန်

မက်ဆီ...................လူးကပ်.................... ...မေရာလက်...................ဂျိုးကိုးလ်

...............................ကူရစ်.............. ........ ကာရိုး..................................

၎-၄-၂ နဲ့ပဲ ထွက်လာမယ့်ပုံပေါ်ပါတယ်

ကြိုးကြာတို့ အိမ်ကွင်းမှာ အနိုင်ကန်ပြီး နောက်တဆင့်တက်မယ်လို့ မျှော်မှန်းလျက်...........
 
Picture
လီဗာပူးအသင်းပိုင်ရှင် ဂျွန်ဟင်နရီက ကင်နီကို စာချုပ် ၂ နှစ်ချုပ်ဆိုဖို့  ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းကို ငြင်းပယ်လိုက်ပါတယ်။

ဖေဖ၀ါရီလက ဒဏ်ရာရရှိတဲ့ အက်ဂါ နဲ့  ရှက်ဗေတို့ ဟာ ထရိန်နင် ပြန်ဆင်းနိုင်ပြီ ဆိုတာကို ကင်နီ အတည်ပြု ပြောကြားလိုက်ပါတယ်။ အော်ရယ်လီယို နဲ့ မာတင်ကယ်လီ တို့ ဒဏ်ရာလည်း တစ်ဖြည်းဖြည်းတိုးတက်နေပြီး အပေါ့စား လေ့ကျင့်ခန်း စလုပ်နေပြီတဲ့။

ဂျူဗင်တပ်စ် က အယ်ကွင်လာနီကို လီဗာပူး သတ်မှတ်ထားတဲ့ ပေါင် ၁၃ သန်းထက် မလျှော့ဘူးဆိုရင် မခေါ်ယူဘူး ဆိုတဲ့ သတင်းထွက်နေပါတယ်။

တန်းဆင်းဇုံက ၂ မှတ်သာ ကွာနေတော့တဲ့ အက်စတွန်ဗီလာက စတီးဝပ် ဒေါင်းနင်းကို စိတ်ဝင်စားနေတယ်တဲ့။ သူကလည်း ပြောင်းရွှေ့ ဖို့ စိတ်ဝင်စား တာလည်းဖြစ်နိုင်တယ်တဲ့။

ချီလီလက်ရွေးစင် ရော်နယ်ဒိုလက်သစ်လို့  တင်စားနေတဲ့ Alexis Sanchez အတွက် အူဒီးနီးစ် က ပေါင် သန်း ၃၀ လို့  လီဗာပူးအသင်းကို အကြောင်းကြားလိုက်ပါတယ်။
 
နောက်တယောက်လာပြန်ပါပီဗျာ
Diego Perotti ပါတဲ့
အာဂျင်တိုင်းသား လက်ရှိ စပိန် ဆီဗီလာမှာ ဆော့နေတဲ့ ဘယ်တောင်ပံ ကစားသမားပါ
အသက်က ၂၂ ပဲ ရှိသေးတာဖြစ်ပြီး
ခုကြည့်မိတဲ့ ယူနီရီယာနဲ့ ဆော့တဲ့ပွဲမှာတော့ ကစားပုံ မဆိုးပါဘူး
အဟီး
လိုက်နေတာလဲ ကစားသမားကို စုံရော
ခုလိုက်နေတာရဲ့ ၃ပုံ၁ပုံလောက်ရောက်ရင်ကို နောက်နှစ်မှာ လီဗာပူးဆိုတာ Biggest ever squad players team ဆိုပြီး ဂင်းနစ်စံချိန်တင်မလားဘဲ
 
Picture
Full name     Javier Martínez Aguinaga
Date of birth     2 September 1988 (1988-09-02) (age 22)
Place of birth     Estella, Spain
Height     1.90 m (6 ft 3 in)
Playing position     Midfielder

ဘီဘာအို က စပိန်လူမျိုး ကွင်းလယ် ကစားသမား Javi Martinez ကို လီဗာပူး လိုက်နေတယ်တဲ့။ ဘန်နီတက်ဇ် ရှိကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

Javi Martinez ဟာ ဘီဘာအို အသင်းကြီးမှာ ၁၇ နှစ်သားကတည်းက ပါဝင်ကစားလာခဲ့ပြီး ပွဲပေါင်း ၁၅၀ ကစားပြီးဖြစ်ပါတယ်။ ဖျက်ထုတ်မှု ကောင်းမွန်တဲ့ ကစားသမား ဖြစ်သလို အဖျက်နဲ့  ဂိုးပါသွင်းနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒီ ကွင်းလယ် ကစားသမားအတွက် ပေါင် ၁၈ သန်းခန့် ပေးချေရဖွယ်ရှိတယ်တဲ့။

စပိန် လက်ရွေးစင်လည်း ဖြစ်ပြီး U 17 ကနေ အသင်းကြီး အထိ ပါဝင် ကစားခွင့်ရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အလွန်ဆို လို ကစားသမားဖြစ်လာလေမလား။
 
Picture
http://www.youtube.com/watch?v=9NEaKZDnOxo

အသက် ၂၂ ရှိ အစ္စရေး နဲ့  ဆဲလ်တစ် ကွင်းလယ် ကစားသမား Biram Kayal ကို ကင်နီက မျက်စိကျနေတယ်တဲ့။ သူ့  ဗွီဒီယိုကိုကြည့်မိတာ မဆိုးဘူး။ ကောင်လေးက ဘောလုံး ဖျက် တာ အင်မတန် ကောင်းသလို အလိမ်အခေါက်၊ စပိဒ်လည်း မြန်တယ်။ ကွင်းလယ် အဖျက် ကစား သမား လိုနေတဲ့ လီဗာပူး အတွက်တော့ စိတ်ဝင်စားစရာပဲ။ ကင်နီ ကိုယ်တိုင် ပြီးခဲ့တဲ့လက သွားစောင့်ကြည့်တဲ့ ကစားသမားလို့  ဆိုပါတယ်။
 
Picture
မာတင် ကယ်လီ

မာတင်ကယ်လီဟာ လီဗာပူး အသင်းအတွက် ကစားပေးနေတဲ့ နောက်တန်း အလယ်လူ၊ နဲ့  ညာနောက်ခံလူ နေရာမှာ ကစားပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ ရဲ့  အကောင်းဆုံး အရည်အသွေးက ဘယ်တောင်ပံ ကစားသမားတွေကို ထိန်းချုပ်ကစားနိုင်ပြီး ဖြတ်တင်ဘောတွေ ရှင်းထုတ်ရာမှာ ကျွမ်းကျင်တဲ့ ကစားသမားဖြစ်ပါတယ်။

နာမည် အပြည့်အစုံ     Martin Ronald Kelly[1]
မွေးဖွားသည့် ခုနှစ်    27 April 1990 (1990-04-27) (age 20)
မွေးဖွားရာနေရာ     Whiston, Merseyside[2], England
အရပ်     6 ft 3 in (1.91 m)
ကစားသည့်နေရာ     Centre Back, Right Back
ကစားနေသည့် ကလပ်     Liverpool
ဝတ်ဆင်သည့် ကျောနံပတ်     34

လီဗာပူး အကယ်ဒမီ က ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၀၇ မှာ အရံ အသင်းမှာ စပါဝင်လာခဲ့ပါတယ်။ ၂၀၀၈ မှာ ကလပ် အသင်းကြီး ကစားသမားအဖြစ် နဲ့ စတင်ခဲ့ပြီး နံပတ် ၃၄ ကို စယူခဲ့ပါတယ်။ ဆီနီယာ အသင်းမှာ ပထမဆုံး ခေါ်ယူခဲ့တဲ့ ပွဲက ချန်ပီယံလိဂ် မာဆေးနဲ့  ကစားခဲ့တဲ့ပွဲဖြစ်ပါတယ်။ PSV နဲ့ အသင်းမှာ ကာရေဂါ အစား ၀င်ရောက်ပြီး ကလပ်အတွက် ပထမဆုံး ကစားပေးခဲ့ပါတယ်။ ၂၀၀၉ မှာ ဟတ်ဒါဖီး အသင်းကို အငှားသွားရောက်ကာ ရာသီကုန် အထိ ကစားခဲ့ပါတယ်။ အဲက ပြန်လာပြီး လိုင်ယွန် နဲ့ ပွဲမှာ ပထမဆုံး ပွဲထွက် ကစားသမားအနေ နဲ့  ကစားခဲ့ပါတယ်။ ၇၄ မိနစ်မှာ ဒဏ်ရာရပြီး ထွက်ခွာ သွားခဲ့ပေမယ့် လီဗာပူး က ပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို အဲပွဲ အတွက်ရရှိခဲ့ပါတယ်။

၂၀၁၀-၂၀၁၁ ခုနှစ်မှာ ပွဲဦးထွက် ကစားခွင့် ပိုမို များလာပြီး အဓိက ဥရောပ လိဂ်ပွဲတွေကနေ တစ်ဆင့် နေရာရလာပါတယ်။ ချဲလ်ဆီးနဲ့  ပထမအကျော့ ကန်ခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပြီး အမှားအယွင်း ကင်းစွာ ကစားနိုင်ခဲ့တာမို့  အားလုံး စိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ အခုတော့ ဒဏ်ရာနဲ့  မို့  ၁ လ လောက် အနားယူနေရပါတယ်။

 
Picture
စကာတယ်က ကာရိုး အပေါ် အခုလို ပြောသွားပါတယ်။

“ကျွန်တော် သူ နယူးကာဆယ်မှာ ရှိတုန်းက ကစားဖူးပါတယ်။ ကျွန်တော်တို့ လို နောက်တန်း သမားတွေ ထိန်းချုပ်ရခက်တဲ့ ကစားသမားပါ။ သူဟာ ကိုယ်လုံးကိုယ်ထည်ကြီးများပြီး ဘောလုံးကို နိုင်နင်းတဲ့ ကစားသမားပါ။

အခုတော့ ကျွန်တော်တို့ အသင်းကို သူပြောင်းလာတာ ၀မ်းသာပါတယ်။ သူက ကျွန်တော်တွေ့  ဖူးတဲ့ အခက်ခဲဆုံး ရှေ့ တန်း ကစားသမားတွေထဲ က တစ်ယောက်ပါ။ သူက ခေါင်းတိုက် ကောင်းမွန်ပြီး ဘောလုံးထိန်းချုပ်မှု ကောင်းတဲ့ ကစားသမားပါ။”

ရှေ့ တန်းတိုက်စစ် နေရာမှာတော့

“လူးဝစ် က ပိုပြီး ဘောလုံး စကေး ကောင်းမွန်တဲ့ ကစားသမားပါ။ သူတို့  ၂ ယောက် ပေါင်းရင်တော့ ကြောက်စရာ ကောင်းတဲ့ တိုက်စစ်အတွဲ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့  အသင်းအတွက် အင်မတန်ကောင်းတဲ့ သဘောပါ။”


----------

To All,

ကျွန်တော် ဆောင်းပါးတွေ ရေးပေးဖို့ နဲ့  ဆိုဒ် အပ်ဒိတ်လုပ်ဖို့ အကြွေးတွေ တော်တော် ကျန်နေတယ်ဗျာ။

အလုပ်ထဲ ချာလပတ်လည်နေတဲ့ အပြင် ဒီ စနေ ဆန်းဒေးလည်း အိမ်သန့် ရှင်းရေး လုပ်ဘာလုပ် ညာလုပ်နဲ့ အချိန်တွေ ဘယ်လို ကုန်လို့  ကုန်သွားမှန်းမသိအောင် ကုန်နေတယ်။ Group ဖွဲ့ ဖို့ က ကျွန်တော် အဆင်ပြေတဲ့ အချိန် Page လေး တစ်ခု ဖွဲ့ ပြီးအဲမှာ မန်ဘာ စာရင်း ပြုစုထားပေးပါ့မယ်။ သတင်းတွေကိုတော့ ကျွန်တော် တစ်ရက် တစ်ခု တင်ပေးမယ်။ Group လိုက်ချက်ဖို့ အတွက်တော့ ကျွန်တော် ဆော့ဝဲလ် လိုက်ရှာနေတယ်။ Cbox က မန်ဘာတွေရဲ့ မေလ်းကို ကျွန်တော် အတတ်နိုင်ဆုံး စုဆောင်းထားပါတယ်။

ဆိုဒ်လေးကို တစ်ကူးတစ်က လာအားပေးပြီး လာရောက်လည်ပတ်သူ အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။

ခင်မင်လေးစားလျက်
ပန်ဒါ

 
                လီဗာပူးနဲ့ မန်ယူရဲ့ပြိုင်ဆိုင်မှုက အမြဲတမ်းပြင်းထန်လွန်းတာ လူငယ်အသင်းတွေက အစတောင် မြင်နိုင်ပါတယ်ဗျာ........
ဒါပေမယ့် ဒီပွဲ ဟိုက်လိုက်ကြည့်လိုက်မိတော့ စတာလင်ရဲ့ အရည်အချင်းကိုတော့ သွားမြင်မိတယ် သေချာကြည့်ကြည့်ပါ
ကြည့်မိတဲ့ ဟိုက်လိုက်လေးတွေမှာတင်ကို အတော်ကောင်းပြီး လှုပ်နိုင်တဲ့ Passing ကောင်းတဲ့ ကစားသမားပဲဗျ
လူငယ်ကစားသမားကောင်းလေးတွေ ပေါ်ထွက်လာဖို့ မျှော်လင့်ပါတယ်ဗျာ။ ကျွန်တော်တွေ့မိသလောက်တော့ ဂျာရတ်ပြီးကတည်းက လူငယ်အသင်းကစားသမားတွေ အသင်းကြီးမှာ နေရာမရတော့တာ နောက်ဆုးံ အင်ဆူအာနဲ့ ခု ကယ်လီတို့ကို တွင်တွင်ကျယ်ကျယ်သုံးလာတဲ့အချိန်အထိပါပဲ။ ကျွန်တော်တို့ အသင်းက အဲဒီနေရာမှာတော့ အတော်ကြီးကို အားနည်းနေတာပါ။
အခုလို စတာလင်လို ကစားသမားမျိုးကိုတွေ့တော့ အများကြီးမျှော်လင့်မိပါတယ်ဗျာ........

(ဖွတာ မဟုတ်ဘူးနော်။ လူငယ်အသင်းရန်ဖြစ်တာနဲ့ ပူးပူးပိတ်သက်များ ရန်သွားဖြစ်ကြမဆိုးလို့ )