လာပြန်ပြီ နောက်တစ်မျိုးလို့ အပြောမစောနဲ့နော်။ ဒီတခေါက်တော့ ၂၆ နှစ်သား စပိန်လက်ရွေးစင် ဘယ်နောက်ခံလူပါတဲ့။
ကင်နီက ကြိုးကြာနီတို့အတွက် ဘယ်နောက်ခံနေရာမှာ လူအင်အားမလုံလောက်တာ တိတိကျကျပြောရရင် မရှိတာကို နားလည်ထားတဲ့သဘောပါပဲ။
လီဗာပူးမှာ ခု ဘယ်နောက်ခံနေရာကို ဂျွန်ဆန်၊ ဝီလ်ဆင် တို့က ကိုယ့်နေရာမဟုတ်ဘဲ ကစားပေးနေရတာပါ။ ဟော့ဆန်လက်ထက်မှာ မနှစ်က ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ် အာဂျင်တိုင်းသားလေး အင်ဆူအာကို အငှားချပြီး သူ့ရဲ့ ကစားသမားဟောင်း ဖူလ်ဟမ်ဘယ်နောက်ခံလူ ကွန်ချက်စကီးကို ဝယ်ယူခဲ့ပေမယ့် လီဗာပူးမှာ အသားမကျခဲ့တဲ့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကွန်ချက်စကီးဟာ နည်းပြအပြောင်းအလဲနောက် အငှားချခြင်းကို ခံခဲ့ရပါတယ်။

                ဘယ်နောက်ခံ စစ်စစ်လို့ ပြောရမယ့် ကစားသမားဟာ လီဗာပူးမှာ အော်ရယ်လီယို တယောက်ပဲ ရှိနေပြီး ဒဏ်ရာတွေနဲ့ပဲ ရုန်းကန်နေရတဲ့ အော်ရယ်လီယိုအတွက် အစားထိုးစရာ အခြားဘယ်နောက်ခံလူမရှိတော့တဲ့ လီဗာပူးက နောင်နှစ်အတွက် ရည်ရွယ်ပြီး ခုကတည်းက ဘယ်နောက်ခံ ကစားသမားကောင်းတွေကို ရှာဖွေနေခဲ့တာပါ။ ခုလက်ရှိ ကင်နီတို့ သဘောကျ မျက်စိတွေ့နေတဲ့ နာချိုမွန်ရီယ်က စပိန် အိုဆာဆူနာ ကလပ်မှာ ကစားနေတာဖြစ်ပြီး လက်ရှိမတော့ စပိန်လက်ရွေးစင်အသင်းကြီးမှာ အရွေးခံနေရတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကျဉ်းကတော့

Nacho Monreal
D.O.B - 26 Feb 1986
Club - Osasuna
Height - 5ft 10in




Picture



Leave a Reply.