ကဲ အန်ဖီးကွင်းမှာကန်ခဲ့ရတဲ့ လီဗာပူး ဘရာဂါ ယူရိုပါလိဂ်ပွဲစဉ်လည်းပြီးသွားပြီ။ ကျွန်တော်တို့ လီဗာပူးလည်း တပ်ခေါက်လှည့်ပြန်ခဲ့ကြရပြီ။ တကယ်ဆို လိုနေတာက ဂိုးလေးတဂိုးသွင်းမိဖို့ပါ ဒါပေမယ့် ထင်သလိုဖြစ်မလာတဲ့ ကြိုးကြာနီတို့ရဲ့ ယူရိုပါလိဂ်ခရီးစဉ်က ဒီမှာပဲဆုံးသွားပါပြီ။ ပထမပွဲ ဘရာဂါကွင်းမှာ ပင်နယ်တီ တလုံးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ဒုတိယပွဲမှာလည်း ဂိုးမသွင်းနိုင်ဘဲ သရေသာ ကျခဲ့တာမို့ ထွက်ခွာခဲ့ရတာပါ။

            အဲ ထူးခြားတာကတော့  လီဗာပူးပရိသတ်များဟာ ပွဲမစခင်မှာ ဆူနာမီကြောင့် ဒုက္ခရောက်ခဲ့ကြရတဲ့ ဂျပန်လူမျိုးတွေအတွက် ဆုတောင်းပေးခဲ့တာပါပဲ။

            နည်းပြကြီး ကင်နီကတော့ ဖန်တီးပေးမှု အားနည်းတာရယ် ကံဖေးမမှု မရခဲ့တာရယ်ကြောင့် အခုလို ယူရိုပါလိဂ်က ထွက်ခဲ့ရတာပါလို့ ပြောသွားပါတယ်။ ကင်နီပြောသွားတဲ့ အတိုင်း မနေ့ညက ကန်သွားတဲ့ လီဗာပူးအသင်းဟာ ဖန်တီးမှုပိုင်း အတော်ကို အားနည်းတာအမှန်ပါပဲ။ ဂျိုးကိုးလ်က ဒီရာသီ လီဗာပူးကိုပြောင်းလာကတည်းက သူ့ကြောင့်လို့ ပြောရလောက်တဲ့ ထူးထူးခြားခြား ဖန်တီးမှုမျိုးကို ခုထိ ပြသနိုင်ခြင်း မရှိသေးသလို အဆိုးဆုံးပြောရရင် သာမာန်ကစားသမားတယောက်အဆင့်ကိုတောင် မမီတဲ့ ပွဲတွေ အတော်များနေပါတယ်။ မက်ဆီကတော့ ဒီရာသီမှာ လီဗာပူးရဲ့ ခြေအမှန်ဆုံး ကစားသမားလို့ ပြောရင် ရနိုင်ပါတယ်။ အတော်လေးကို အားမကိုးရတဲ့ နေရာမှာ ခြေမှန်တာပါ။ ခုထိ ကင်နီက ပါချီကိုလေးကို ဘာကြောင့် မသုံးသေးသလဲကတော့ အံ့သြစရာပါ။

            ဘာပဲပြောပြော ကိုယ့်လိုအပ်ချက်ကို သိနေတဲ့ ကင်နီနဲ့ ကိုမိုလီတို့ ဘယ်တောင်ပံ ကစားသမားတယောက်ကို အသည်းအသန်ရှာနေတာကတော့ အားရစရာပါပဲ။ ခုအချိန် လီဗာပူးအတွက် အားကိုး အားထားလောက်စရာ တောင်ပံကစားသမားစစ်စစ်ဆိုတာ တယောက်မှကို မရှိတာပါ။ စတာလင်ကတော့ နောက် ၂ နှစ် ၃နှစ်တိုင်အောင် လီဗာပူးမှာ တခါတရံကလွဲလို့ သုံးမယ်လို့ မထင်မိသေးပါဘူး။

            မနေ့ည ဘရာဂါနဲ့ ပွဲမှာ မေရာလက်၊ ကာရိုးတို့ရဲ့ ကစားပုံဟာ မဆိုးဘူးလို့ ပြောရပေမယ့် ရှေ့တန်းကစားသမားဖြစ်သူ ကာရိုးအတွက် အခွင့်အရေးတွေ ရရာမှာတော့ နည်းလွန်းတယ်လို့ ထင်မိပါတယ်။ နောက် တစ်ဖက်အသင်းက ခပ်ကြမ်းကြမ်းနဲ့ မြန်မြန်ဆန်ဆန် လူကပ်ကစားတဲ့အပြင် နောက်တန်းမှာလည်း ၈ ယောက်လောက်ရှိနေအောင် ကစားသွားတဲ့အခါ ကြိုးကြာတို့ တစ်ဖက်အသင်းကို တကယ့် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်တော့ပါဘူး။ အကယ်လို့သာ ဆွာရက်ဆော့ခွင့်ရခဲ့ရင် ...........
ဟုတ်ပါတယ် ဒီထက် အခွင့်အလမ်းတွေ ပိုများများရလာမှာဖြစ်ပြီး ကာရိုးအတွက် နေရာလွတ်တွေ အတော်များများ ပေါ်လာမှ မလွဲပါဘူး။

            ရှုံးသင့်ရှုံးထိုက် ထွက်သင့်ထွက်ထိုက်လို့ ထွက်လိုက်ရတယ်လို့ပဲ မှတ်ယူထားပြီး နောင်တစ်နှစ်မှာ ဒီထက် ကောင်းတဲ့ ကစားသမားအင်အားစုနဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုယူနိုင်မယ့် ကြိုးကြာနီတို့ကို တွေ့ဖို့ မျှော်လင့်မိပါတယ်ဗျာ......
anfield 3
3/17/2011 09:03:06 pm

i have no reason for that game

Reply
gerrard8
3/18/2011 03:03:09 am

မတန်လိုက်တာ....အိပ်ရေးပျက်ခံပြီးထကြည့်လိုက်တာ...
တစ်ညလုံးလဲပြန်အိပ်လို့မရတော့ဘူး........
ရှုံးသင့်ပါတယ်....ခြေစွမ်းက အရမ်းကို ညံ့ပါတယ်.....
မီရာလက် နဲ့ ကာရိုးရှိနေလို့သာ တော်သေးတယ်......
ဂျိုးကိုး ကဘောလုံးရရင်နောက်ကိုပဲ့ပြန်ပေးတယ် မက်ဆီကလဲ နှေးနေသေးတယ် ဆိုးတာက ဒိုင်လူကြီး ....offside တွေပေးလိုက်တာမှ ကာရိုးနဲ့ ကုရစ် ဘောလုံးတောင် မထိန်းနိုင်တော့ဘူး......စကာတယ်နဲ့ အန်ဂေါ့ နောက်ဆုံးမီနစ် အပိုင်လုံးတွေ ကို ၈ိုးအဖြစ်မပြောင်းလိုက်နိုင်တာကိုက ၀မ်းနည်းလို့မဆုံးပါဘူး........ဘာပဲ့ဖြစ်ဖြစ် ပရိတ်သတ်ကတော့ နောက်ဆုံးမီနစ်အထိ YWNWA သီချင်းကို ဆိုပြီးအားပေးနေတာ ကြည်နူးစရာလေးပါပဲ့............တောင်ပံသမားကောင်းကောင်းနဲ့ ကွင်းလယ် ခံစစ်တစ်ယောက် လောက်မြန်မြန်ဝယ်ရင်ကောင်းမယ်ဗျာ......အစဉ်အားပေးနေဆဲပါ ကင်နီ....YWNWA

Reply



Leave a Reply.