လီဗာပူး လိုင်းအပ်

Reina, Johnson, Carragher, Agger, Skrtel, Spearing, Lucas, Meireles, Suarez, Kuyt, Carroll.

ပထမပိုင်း အပြီးမှာတော့ ဘောလုံး ပိုင်ဆိုင်မှု ဆန်းဒါးလန်းက ၅၂% လီဗာပူးက ၄၈% နှုန်းပါ။

အလယ်တန်း အားမရဘူး။ မေရားလက်စ် ဘာတွေလုပ်နေလည်းမသိဘူး။ ဆိုးပါ့။ ကာရိုးနဲ့  ဆွာရက်ဇ် အချိတ် အဆက်မမိသေးဘူး။ ဆန်းဒါးလန်းကတော့ ပထမပိုင်း မပြီးသေးဘူး လူ ၂ ယောက် လဲပလိုက်ပြီ။ မိနစ် ၂၀ အတွင်းတော့ ကော်နာ ၃ ခါရပြီ။ ဂိုးရဖို့ ပဲလိုတော့တယ်။

ဆန်းဒါးလန်းက ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရပဲ လီဗာပူးက ၃ ခါ ဘေးထွက်ပြီး ၂ ခါ က ဂိုးသမား ဖမ်းမိပါတယ်။

ဒတ်ကောက်ခ်ျ ကန်ချက် ဂိုးသမား ပုတ်ထုတ်လိုက်ရတာ တစ်ကြိမ်။ မေရားလက်စ် ကန်တင်လိုက်တဲ့ ဘောလုံးကို ဆွာရက်စ် ပြေးပြီး ကန်တာ ဂိုးသမား ပုတ်လို့  ပြန်ထွက်လာတဲ့ အလုံးကို ကာရိုး တိုက်တာ ဂိုးသမား ဖမ်းမိပါတယ်။

နံပတ် ၆ အမှားကနေ ဂျေးစပီးယားရင်း ယူပြီး ဘောလုံးဆွဲပြေးတာ ချိတ်လိုက်တာ အပြင်ဘက် စည်းနည်းနည်းရောက်သော်လည်း လဲသွားတာ ပင်နယ်တီ အေရိယာထဲမလို့  ပန်နယ်တီရပါတယ်။ ဒတ်ကောက်ခ်ျ က ညာဘက် ကို ကန်ပြီး ဂိုးအဖြစ်နဲ့ ပြောင်းလိုက်ပါတယ်။

တောင်ပံ ကစားသမား မပါပေမယ့် လီဗာပူး ကွင်းလယ် အဖျက်နဲ့  အက်ဂါပြန်ပါလာတဲ့ နောက်တန်းက ဆန်းဒါးလန်း တိုက်စစ်ကို ကြံ့ကြံ့ခံ ဖျတ်ထုတ်နိုင်ခဲ့ပါတယ်။ ဆွာရက်စ် ပြန်ပါလာလို့  ရှေ့ တန်း ပြန်လည် အသက်ဝင်လာပါတယ်။ ကာရိုး လည်း ခေါင်းတိုက်ခွင့်တွေ ရပေမယ့်လည်း လွဲချော်နေဆဲပါ။

ဒုတိယ ပိုင်း မှာ ကြိုးကြာနီတွေ ကစားတာ ပိုကောင်းလာပါတယ်။ မေရားလက်စ် ပိုလှုပ်ကစားလာနိုင်သလို ကာရိုး တို့ လည်း ဂိုးသွင်းခွင့်တွေ ရရှိပါတယ်။ ဆွာရက်စ်ကို အဓိက ထားပြီး လူချ ကစားတာတွေ့ ပါတယ်။ ဒုတိယပိုင်း ၂ သင်းလုံး ပိုမို ထိုးဖောက်ကစားနိုင်သလို လီဗာပူးဘက်ကလည်း ဂိုးသွင်းခွင့်တွေ ပိုမို ရရှိလာပါတယ်။ မေရားလက်စ် ထောင့်ကန်ဘော ကနေ တစ်ဆင့် ကာရိုး ခေါင်းတိုက် ဂိုးတိုက်တာ ဆန်းဒါးလန်း နောက်ခံလူနဲ့ ထိပြီး ပြန်ထွက် သွားလို့  နစ်နာသွားပါတယ်။ ဒါတင်မက သိပ်မကြာခင်မှာပဲ ဖရီးကစ်ကို ဂိုး အပြင်ဘက်မှာ ဆွာရက်စ် ကန်တာ ဂိုးသမား ဘယ်ဘက်က ထွက်သွားပါတယ်။

၂ သင်းလုံး ဖိကစားနေပြီး ဒုတိယဂိုးကို ဆွာရက် ဘေးလိုင်းကနေ ချပေးလိုက်တာ တစ်ကိုယ်တော် ဆွဲပြေးပြီး နောက်ခံ လူ ၁ ယောက်ကို လိမ်ပြီး ဂိုးထဲ ကန်ထည့်လိုက်ပါတယ်။ ဆွာရက်စ်ကို ဆန်းဒါးလန်း နောက်ခံလူတွေ ဒီည ဘယ်လိုမှ မထိန်းနိုင်ပါဘူး။ တစ်ကွင်းလုံး ပတ်ဆော့ပြီး တစ်ဂိုးပါသွင်းယူသွားပေးပါတယ်။

၇၄ မိနစ်မှာ အန်းဂေါ့ က ကာရိုး အစားဝင်ကစားသလို ၈၃ မိနစ်မှာ မေရားလက်စ် အစား မက်ဆီ ၀င်ကစားပါတယ်။

ပွဲပြီးခါနီးမှာ ဆွာရက်စ် နာသွားလားမသိဘူး။ ကွင်းပြင်ကို ကွတ ကွတ နဲ့ ထွက်သွားတယ်။ သူ့ အစား ဂျိုးကိုး ၀င်ကစားနေတယ်။ ဆွာရက်စ် ဘာမှ မဖြစ်ပါစေနဲ့ ။

gerrard8
3/20/2011 03:14:09 am

75 မီနစ်ကနေ စကြည့်လိုက်ရပေမယ့် ဆွာရက်သွင်းတဲ့ဂိုးလေးကြည့်လိုက်ရတာ စိတ်ချမ်းသာလိုက်တာဗျာ......
အဝေးကွင်းနိုင်ပွဲမို့လို့ ပိုလို့တောင်ပျော်မိပါတယ်......
ဘရာဂါနဲ့ ပွဲတုန်းကစိတ်ညစ်နေတာတွေတောင်ပျောက်သွားတယ်.....
နောက်တန်းမှာ အက်ဂါ ပါလာတာနဲ့တော်တော်သိသာတယ်....
အဆာမိုဂျန် ကတော့ ဆွာရက် ကို ရှုံးတုန်းပါပဲ့လားနော်.....:P
ဆွာရက် ကို ဒိုင်လူကြီးတွေကာကွယ်ပေးစေချင်ပါတယ်....
ဒီအတိုင်းဆိုရင် မကြာခင်ဒဏ်ရာရတော့မှာ.......:(

Reply



Leave a Reply.