အားလုံးကို အားလည်းနာပါတယ်။ ခင်လည်း ခင်ပါတယ်။ ကျွန်တော် က အခု တစ်ပတ်လည်း မအားဘူးဖြစ်နေတယ်။ ( ဂိမ်း ကို အသည်းအသန် ခဲမှန် ဆော့နေလို့ ပါ။ ခုတော့ ပြီးသွားပါပြီ။ ဟီးဟီး )မိတ်ဆွေ တွေနဲ့  တိုင်ပင်ပြီး ကျွန်တော်တို့  Domain နာမည် သတ်သတ် တင်မလို့  ကြံရွယ်နေပါတယ်။

http://mmliverpoolfc.weebly.com/ အဲတာ အစား နာမည် တစ်ခုခုကိုရွေးချယ်ဖို့  ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့  နောင်တော်ဆိုဒ် http://www.arsenalmyanmar.com/ လိုပဲ လှပခန်းနားတဲ့ ဆိုဒ်လေး တစ်ခု အသွင်အနေနဲ့  မြင်ရအောင် ကျွန်တာ် ကြိုးပမ်းနေပါတယ်။ အခု လောလောဆည်တော့ ကျွန်တော် ၀ဘ် ဒီဇိုင်းလေး ဆွဲဖို့  ကြံနေပါတယ်။

ဒီဆိုဒ်လေးက လုပ်ရတာ အရမ်းလစ်မစ်ဖြစ်ပါတယ်။ ဥပမာ မန်ဘာတွေ လက်ခံဖို့ ၊ မန်ဘာတွေ ကို ပြန်လည်ဖော်ပြပေးဖို့  မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပိုပြီး Powerful ဖြစ်မယ့် Web site အသွင်ကို ပြောင်းလဲဖို့  ကျွန်တော် ကြိုးစားနေပါတယ်။ လှပပြီး အဆင်ပြေမယ့် ဒီဇိုင်းလေး ထွက်လာရင်တော့ ကျွန်တော် တို့  ဒိုမိန်းဝယ်ပြီး တော့ ဒေတာတွေ အသစ်ဘက်ကို ပြောင်းလဲပါမယ်။

တစ်ခြား အစီအစဉ်တွေ လည်း အများကြီးရှိပါတယ်။ အခုလို အားပေးတာ ကျေးဇူးပါ။ ကျွန်တော် နဲ့  မိတ်ဆွေတွေ အတတ်နိုင်ဆုံး ပြီးပြည့်စုံတဲ့ ဆိုဒ်ဖြစ်အောင် ကြိုးစားသွားပေးပါ့မယ်။ စိတ်ရှည်ရှည်နဲ့  စောင့်ပေးကြပါအုန်း။ သတင်းတွေကတော့ ဒီဆိုဒ်မှာ အမြဲ ပုံမှန် Update လုပ်ပေးပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျက်
YWNA
ပန်ဒါ
 

ကြိုးကြာနီ
3/20/2011 05:43:25 pm

ဟုတ်ကဲ့ပါ ခင်ဗျာ
မန်ဘာတွေလက်ခံပြီး လှလှပပလေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့အတွက် အများကြီးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ
အခုလို သတင်းတွေတင်ပေးတဲ့ ဆိုက်လေး လုပ်ပေးထားတာကို အရမ်းပဲ သဘောကျပါတယ်
နောက်များ မန်ဘာတွေလက်ခံလို့ရအောင် လုပ်ပြီးလို့ ဖိုရမ်တွေ ပါလာခဲ့ရင်မန်ဘာအချင်းချင်း စကားပြောခွင့်ရခဲ့ရင် နောက် အကိုပြတဲ့ အာဆင်နယ်ဆိုက်မှာလို LiveTV လေးတွေသာ ပါခဲ့ရင် အရမ်းကောင်းမှာပါပဲခင်ဗျာ
အခုလိုအပင်ပန်းခံပြီး ကြိုးစားပေးကြတဲ့ ကြိုးကြာနီပိတ်သက်တွေရှိတယ်ဆိုတာကို သိရတာ အရမ်းကို ပျော်ရွှင် ဂုဏ်ယူမိပါတယ်ခင်ဗျာ

YNWA

Reply
ပန်ဒါ
3/20/2011 06:51:43 pm

ဟုတ်.. အခုလို အားပေးတဲ့ အတွက် ကျေးဇူးပါ။ အာဆင်နယ် TV လိုဖြစ်လာဖို့ တော့ အချိန် အနည်းငယ်စောင့်ရအုန်းမယ်ထင်တယ်။ အာဆင်နယ်ဆိုဒ်က နောင်တော် ပြောပြချက်အရတော့ အဲ AM Live TV လွှင့်တဲ့ စက်က ကြက်ဥတောင် ကြော်စားလို့ ရသတဲ့။ :P

Reply
The REDs
3/22/2011 08:03:11 pm

ခုလို သတင်းလေးတွေ update ဖြစ်နေတာတောက်လျှောက်တွေ့ရတာ အားရတယ်ဗျာ.. ဒါနဲ့ အရင်ရှိနှင့်တဲ့ မြန်မာလီဗာပူးလ် ဖန်ဆိုဒ်တခုရှိတာပဲ.. အဲ့ဒါနဲ့ ချိတ်ပြီး ဒိထက် စုံစုံလင်လင် လုပ်ကြရရင်ကော..

Reply
gerrard8
3/24/2011 03:16:10 am

သတင်းတွေက အမြဲတမ်း update ဖြစ်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ........

Reply
Steven Nyi Nyi
5/6/2011 07:14:17 pm

Reply
Steven Nyi Nyi
5/6/2011 07:16:45 pm

ကျေးဇူးဘဲဗျာ..ကြိုးကြာနီဖန်တွေတွေ့ရလို့
ဝမ်းသာတယ်

Reply
5/31/2013 03:27:59 pm

Reply



Leave a Reply.