Picture
                လီဗာပူးအသင်းရဲ့ လူငယ်ကစားသမား ဒန်နီ ပါချီကိုက Emergency အနေနဲ့ နောဝစ်ခ်ျ(Norwich) အသင်းကို ရာသီကုန်အထိ အငှားနဲ့ သွားရောက်ကစားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
                နောဝစ်ခ်ျအသင်းက သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ ခရစ်မာတင်(Chris Martin) နဲ့ အာရွန် ဝီဘရာဟင်(Aaron Wilbraham) တို့ ဒဏ်ရာရသွားတဲ့အတွက် Emergency အနေနဲ့ ကြိုးကြာနီတို့ရဲ့ ပါချီကိုနဲ့ ဝုလ်ဗ်(Wolves) အသင်းက လူငယ်ကစားသမား ဆမ်ဗုတ်(Sam Vokes) တို့ကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။
                ပါချီကိုဟာ ပြီးခဲ့ အသက်၁၉နှစ်အောက် လူငယ်ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၄ ဂိုးသွင်းယူထားနိုင်ခဲ့သူပါ။ ဒါပေမယ့် လီဗာပူးအသင်းမှာတော့ ခုအချိန်အထိ လုံလောက်တဲ့ ပွဲထွက်ခွင့်မရသေးပဲ အရန်ခုံမှာပဲ အချိန်ကုန်နေရပါတယ်။

                နောဝစ်ခ်ျအသင်းရဲ့ နည်းပြ ပေါလ်လမ်းဘတ်(Paul Lambert) က " ပါချီကိုဟာ ဒီရာသီမှာ  လီဗာပူးပထမအသင်းအတွက် ကစားပေးနေရတဲ့သူပါ။ သူနဲ့ ပတ်သက်လို့ ကင်နီနဲ့ စကားပြောခဲ့တာ ရက်သတ္တပတ်အနည်းငယ်ရှိနေပါပြီ။ ပါချီကိုဟာ နည်းပညာပိုင်းကောင်းမွန်သူပါ။ ဘာစီလိုနာ လီဗာပူးစတဲ့ အသင်းကြီးတွေမှာ ကစားနေပြီး လက်ရှိ စပိန် ယူ-၂၁ မှာ ကစားပေးနေရတယ်ဆိုကတည်းက သူ့ရဲ့ အလားအလာနဲ့ အရည်အချင်းကို ခန့်မှန်းလို့ ရနိုင်ပါတယ်" လို့ ပြောသွားပါတယ်။
                နောဝစ်ခ်ျအသင်းက လက်ရှိ အင်္ဂလန် ချန်ပီယံရှစ်(ပထမတန်း)မှာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ဝေးကွာနေတာကြာပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အလားအလာကောင်းနေတဲ့ အသင်းတသင်းဖြစ်ပါတယ်။

(Source : Goal.com)
         




Leave a Reply.