Picture
                အစဉ်အလာအတိုင်း ကစားသမားကောင်းတွေကို မွေးထုတ်ပေးတတ်တဲ့ အာဂျင်တိုင်းပြည် River Plate က ပေါ်ထွက်လာတဲ့ ၁၉ နှစ်အရွယ် ကစားသမား Erick Lamela ကို အင်္ဂလန်က လီဗာပူး၊ တော့တင်ဟမ် တို့ အပြင် ဂျူဗင်တပ်၊ အေစီမီလန်၊ အက်တလက်တီကို မက်ဒရစ်စတဲ့ ဥရောပတလွှားက အသင်းတွေက ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။
                AS က ရတဲ့ သတင်းအရ အင်္ဂလန် ကလပ်အသင်း ၂သင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ River Plate လို အသင်းမှာ နံပါတ်၁၀ နေရာရထားပြီး El Coco လို့ နာမည်ပြောင်ရထားတဲ့ ကစားသမားလေးအတွက် ပိုက်ဆံသုံးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒီလူငယ် ကစားသမားလေးကို ရဖို့ အတွက် သူ့ရဲ့ Buy out Clause ထဲမှာ ပါတဲ့ အတိုင်း ယူရိုသန်း၂၀ ခန့် ပေးချေရမယ်လို့လည်း ဆိုပါတယ်။
            သူနဲ့ ပတ်သက်လို့ Youtube မှာ ရှာကြည့်မိသမျှတော့ ဘောလုံး စကေးလ်ကောင်းမွန်ပြီး အရည်အချင်းရှိ ကစားသမားမို့ ကြိုးကြာနီတယောက်သာ ဖြစ်လာခဲ့မယ်ဆိုရင် ကြိုဆိုမိမှာပါ။ ဒါပေမယ့် လူငယ်အရည်အချင်းရှိ ကစားသမားတွေ ဟုန်နေတဲ့ လီဗာပူးအသင်းအနေနဲ့ ဒီလူငယ်ကစားသမားလေးအတွက် ယူရိုသန်း၂၀ သုံးပါ့မလားဆိုတာကတော့ စဉ်းစားစရာပါပဲဗျာ

(Source : Goal.com)




Leave a Reply.