လီဗာပူး အသင်းဟာ လာမယ့်နွေရာသီမှာ သုံးစွဲမယ့် အပြောင်းအရွှေ့ စရိတ်အတွက် အသင်းက အောက်ပါ ကစားသမားများကို ရောင်းချသွားဖွယ်ရှိတယ်တဲ့။

၁။ ဖိလစ် ဒန်ဂျန် - လက်ရှိ စတုဂတ်အသင်းကို အငှားရောက်ရှိနေပြီး လီဗာပူး အသင်းကို ပြန်လာချင်မယ့် အရိပ်အယောင်မရှိဘူးတဲ့။

၂။ ကွန်ချက်စကီး - လက်ရှိ နောတမ်ဟမ် ဖောရက်စ်ကို အငှား ကစားနေပြီး ပူးပူးပရိတ်သတ်ရဲ့  လှောင်ပြောင်ခြင်းခံရတဲ့ ကစားသမားဖြစ်ပါတယ်။ ဖူဟမ် အသင်းက ပြန်ဝယ်ယူလိုပေမယ့် ပေါင် ၁.၅ သန်းထက် ပေးချေလိုခြင်းမရှိပါဘူး။

၃။ ပေါဆင် - ပေါဆင်ကို ပေါင် ၃ ၄ သန်းနဲ့ ခေါ်ယူဖို့ အတွက် ဂျီနိုအာ နဲ့  ကက်ဂရီယာလီ တို့ က စိတ်ဝင်စားနေတယ်တဲ့။

၎။ အင်ဆူအာ - ပြီးခဲ့တဲ့နွေရာသီတုန်းက ဖီအိုရင်တီးနားကို ရောက်ရှိလု ဖြစ်ပေမယ့် ဂါလာတာစာရေး အသင်းကို အငှားသွားကစားခဲ့ပါတယ်။ သူ့ ကိုလည်း ရောင်းချ ဖွယ်ရှိတယ်တဲ့။

၅။ အယ်ကွင်လာနီ - ဂျူဗင်တပ်စ် အသင်းက ပေါင် ၁၅ သန်းကို ပေးချေလိုခြင်း ဆန္ဒမရှိပါဘူး။ ဒါပေမယ့် တစ်ခြား စီးရီးအေ ကလပ်က ခေါ်ယူဖို့ စိတ်ဝင်စားသလို အယ်ကွင်လာနီလည်း လီဗာပူးကို ပြန်လာချင်တဲ့ ဆန္ဒရှိပါတယ်။

၆။ ဂျိုးကိုး - ဂျိုးကိုး ကို ဒန်းဂလိပ်က ခြေစွမ်းပြနိုင်ဖို့ အချိန်ပေးပေမယ့် ပွဲတွေမှာ ခြေစွမ်းမပြနိုင်သေးပါဘူး။ ဂျိုးကိုးကို သင့်တော်တဲ့ ဈေးသာရမယ်ဆိုရင် ၀က်စ်ဟမ်းနဲ့  အဲဗာတန်တို့  က ပြန်လည်ခေါ်ယူချင်ပါသတဲ့။

YWNA
ပန်ဒါ
 
Picture

လူးကပ်စ်ကိုလည်း လီဗာပူး အသင်းက နောက်ထပ် ၄ နှစ် စာချုပ် ထပ်မံချုပ်ဆိုလိုက်ပါတယ်။ သူက

“ဒီစာချုပ်ကို ချုပ်ဆိုဖို့ အတွက် ဆုံးဖြတ်ချက်ချရတာ လွယ်ကူပါတယ်။ ကျွန်တော် လီဗာပူး အတွက် နှစ်ပေါင်းများစွာ ကစားပေးချင်ပါသေးတယ်။” လို့ ပြောလိုက်ပါတယ်။
 
Picture
ဆွာရက်စ် က မတ်လအတွက် Standard Chartered LFC ကစားသမားကို ပရိတ်သတ်မဲပေးမှု နဲ့ အတူ ရရှိလိုက်ပါတယ်။

မတ်လအတွက် ဆွာရက်စ် က မန်ယူနဲ့  ဆန်းဒါးလန်းမှာသာ ပါဝင်ကစားခဲ့ရပေမယ့် ၂ ပွဲလုံး အနိုင်ရရှိတဲ့ အပေါ်မှာ သူ့  စွမ်းဆောင်ရည်က အဓိက ကျခဲ့ပါတယ်။

“လီဗာပူးက ကြီးမားတဲ့ မြို့ ဖြစ်သလို လီဗာပူး အသင်းကလည်း ကောင်းမွန်တဲ့ အသင်းပါ။ ကျွန်တော် ဒီမှာ အရမ်းပျော်ရွှင်မိပါတယ်။

ဒီက မြို့ ခံတွေ အားလုံး ဖော်ဖော်ရွေရွေနဲ့ ကောင်းမွန်သလို ဒီမှာ အသားကျဖို့  သိပ်မစောင့်လိုက်ရပါဘူး။

အခုလို လီဗာပူးအတွက် ကစားပေးတာ သိပ်မကြာသေးပေမယ့် အခု ဒီလိုဆုရတာ အင်မတန် ၀မ်းသာပါတယ်။

နောက်နှစ်မှာတော့ ကျွန်တော်တို့  ချန်ပီယံလိဂ်မှာ ၀င်ကစားနိုင်ဖို့  အမှတ်တွေ တတ်နိုင်သမျှ ယူဖို့  ကျွန်တော်တို့  ကြိုးစားသွားပါမယ်။ ”
လို့  LFC ကိုပြောလိုက်ပါတယ်။
 
Picture
တောရက်စ် က ဖာဘရီဂတ်စ်ကို အာဆင်နယ် အသင်းကနေ ထွက်ခွာရင် ပရိတ်သတ်တွေရဲ့ ဒေါသကို ခံနိုင်အောင် ပြင်ဆင်ထားဖို့  သတိပေးလိုက်ပါတယ်။

ဖာဘရီဂတ်စ် က သူဟာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ ကစားလိုတယ်ဆိုတဲ့ ဆန္ဒကို ၀န်ခံထားခဲ့သူ ဖြစ်ပါတယ်။

“သင့်မှာ လုပ်ချင်တဲ့ အခွင့်အရေး သင်ကိုယ်တိုင်ရှိပါတယ်။ အကယ်၍ သင်ကံကောင်းတယ်ဆိုရင်တော့ သင့် ကလပ်ဟောင်းက ကူညီပေးလိမ့်မယ်။ အလက်တီကို က လူတွေနဲ့  ဆက်ဆံ ရေးကောင်းမွန်ပါတယ်။ သူတို့  ကျွန်တော်ထွက်ခွာတော့ ကောင်းကောင်းမွန်မွန် နူတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး က ပရိတ်သတ်တွေက ဒီလိုမဟုတ်ပါဘူး။ မာရှေ ရာနို က လီဗာပူးအတွက် ကောင်းကောင်းပေးဆပ် ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် သူထွက်ခွာတော့ သူ့ ကို လီဗာပူး ပရိတ်သတ်တွေ ကောင်းကောင်းမဆက်ဆံပါဘူး။ ကျွန်တော့်ကိုလည်း ထိုနည်းလည်းကောင်းပေါ့။”
 
Picture
လူဆိုကြီး ကာရိုး

အင်္ဂလန် မန်နေဂျာ ကာပယ်လိုက ကာရိုး ကို သတိပေးလိုက်ပါတယ်။

“သူဟာ ဘီယာကို လျှော့သောက်သင့်တယ်။ သူဘီယာ ကြိုက်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ သူဘီယာကို လျှော့ပြီး သူ့ ကိုယ်သူ တိုးတက်ဖို့ အတွက် သူ ရှာဖွေသင့်တယ်။ သူဟာ အသက် ၂၂ ပဲရှိသေးတာပါ။ ဒီနေ့ ည ဂါနာနဲ့  ချစ်ကြည်ရေး ကစားမယ့် ပွဲမှာတော့ သူ့ ကို ပွဲဦးထွက် ကစားစေမှာပါ။”

--

နိုင်ငံအသင်းအတွက် သွားကစားပြီးတိုင်း ဒဏ်ရာနဲ့ ပြန်လာတတ်တဲ့ နောက်ခံလူ အက်ဂါကို ဒိန်းမတ်နည်းပြက မနေ့က နော်ဝေးနဲ့ ပွဲကစားပြီးတာနဲ့ အင်္ဂါနေ့ကစားမယ့် ခြေစမ်းပွဲ လူစာရင်းကနေ ဖယ်ပြီး လီဗာပူးကို ပြန်လွှတ်လိုက်တယ်တဲ့ခင်ဗျ။

ဒိန်းမတ်နည်းပြ ပြောပုံအရဆို အက်ဂါက ဒဏ်ရာက ကောင်းခါစ ဒီလအတွင်း လီဗာပူးအတွက် ဆန်းဒါးလန်းပွဲတပွဲပဲ ပြန်ကစားရသေးတာဆိုတော့ သူ့ကို ၂ပွဲဆက် ကစားခိုင်းရင် ဒဏ်ရာပြန်ရလာမှာစိုးလို့ စနေနေ့ လီဗာပူး- ၀က်စ်ဘရွန်းပွဲအတွက် နားလို့ရအောင် ပြန်လွှတ်လိုက်တာပါ။

Credit to ShadowStriker@mmcp

--

လီဗာပူးအသင်းခေါင်းဆောင် စတီဖင်ဂျာရတ်ဟာ ဒါဏ်ရာကနေသက်သာလာပြီး လာမယ့်အပါတ် စနေနေ. ၀က်စ်ဘရွန်းအသင်းနဲ.ကစားမယ့်ပွဲမှာ ပြန်ပါဝင်လာနိုင်မယ်လို.မျှော်လင့်ထားတယ်လို. သိရပါတယ်။ သူဟာ မတ်လအတွင်းမှာပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုအတွက် အေပြီလလောက်အထိ ထရိန်နင်ပြန်ဆင်းနိုင်မှာ မဟုတ်ဘူးလို. သိထားကြပေမယ့် ဂျာရတ်ကတော့ မန်နေဂျာအဟောင်း ရွိုင်းဟော့ဆင် ရဲ. ၀က်စ်ဘရွန်း အသင်းနဲ.တွေ.ဆုံမယ့်ပွဲမှာ ပါဝင်နိုင်ဖို. မျှော်လင့်နေပါတယ်။ (ဂျာရတ်ဟာ ဒါဏ်ရာကြောင့် Euro 2012 ခြေစစ်ပွဲတပွဲဖြစ်တဲ့ Wales နဲ.ပွဲမှာလဲပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး)

Credit to Greenday@mmcp


 
Picture
စတီဗင် ဂျာရတ် က တောရက်စ်ကို ရောင်းပြီး ကာရိုးနဲ့ ဆွာရက်စ် ကို ၀ယ်ယူခြင်းဟာ မှန်ကန်တယ် ဆိုတာကို ယုံကြည်နေပါသတဲ့။

“ဆွာရက်စ် က ကစားပွဲ အနည်းငယ်သာ ကစားပြီးပေမယ့် ကျွန်တော်တို့ အားလုံး သူဟာ ထိပ်တန်း ကစားတစ်မား တစ်ယောက်ဖြစ်တယ် ဆိုတာ သိပါတယ်။ သူနဲ့  အတူတူ ထရိနင်မှာ ဆော့ ကစားရပေမယ့် သူဟာ နည်းစနစ်မှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ကောင်းမွန်ပါတယ်။ ဖာနန်ဒိုလည်း ကျွန်တော်တို့ အားလုံးကို ကြောက်လန့် စေခဲ့ပါတယ်။

ကျွန်တော့် အမြင်ကတော့ လီဗာပူး အသင်းဟာ ထိပ်တန်းကစားသမား တစ်ယောက်ထက်စာရင် ၂ ယောက်ရလိုက်တာ ပိုမိုကောင်းမွန်ပါတယ်။ ကျွန်တော် တောရက်စ် အနောက်ကို လိုက်ကစားရတာ သဘောကျပါတယ်။ ဒါပေမယ့် ခင်ဗျားသာ ကျွန်တော့်ကို တောရက်စ် ရယ် ဆွာရက်စ်၊ ကာရိုး ၂ ယောက် ရယ် ယှဉ်ပြီး ဘယ်သူ့ နောက်ကစားရတာ ပိုကြိုက်လည်းမေးရင် ဆွာရက်စ်၊ ကာရိုးတို့  နောက်လိုက်ကစားရတာ ပိုကြိုက်တယ်လို့  ပြောမိမှာပါ။

ဖာနန်ဒိုထွက်ခွာမယ်ဆိုတဲ့ သူ့ ရဲ့  ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့  အားလုံး စိတ်ပျက်ရပါတယ်။ ဒါပေမယ့် သူ့  ဆုံးဖြတ်ချက်ကို ကျွန်တော်တို့  အားလုံး လေးစားပါတယ်။ ” လို့ ပြောကြားလိုက်ပါတယ်။

---

ဆွာရက်စ်ကတော့ ပရီးမီးယားလိဂ်ဟာ ဟော်လန်လိဂ်၊ ကမ္ဘာ့ ဖလား၊ နဲ့ ဥရုဂွေးလိဂ်တို့ ထက် ပိုမိုခက်ခဲတဲ့ လိဂ်ဖြစ်ပေမယ့် သူဟာ လီဗာပူး အသင်းမှာ ပျော်ရွှင်စွာ ကစားနေပါတယ်တဲ့။

----

လီဗာပူးအသင်းနဲ့  စာချုပ် သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ လူးကပ်စ်ကတော့ လီဗာပူး အသင်းမှာသာ ဆက်လက် ကစားလိုပြီး ချန်ပီယံ လိဂ်ဖလားကို ပရိသတ်အတွက် ယူဆောင်ပေးလို ပါသတဲ့။


 
Picture
ဆွာရက်စ် က ဆန်းဒါးလန်း နဲ့  ပွဲပြီးခါနီးမှာ ဒဏ်ရာ အနည်းငယ်ရရှိတာမို့  ဥရုဂွေး နိုင်ငံ ခြေစမ်းပွဲ ကစာမည့် အက်စတိုးနီးယား နှင့် အိုင်ယာလန် အသင်း ကိုကန်မယ့် လူစာရင်းမှ နူတ်ထွက်လိုက်ပါတယ်။

“ကျွန်တော် လီဗာပူး နောက်ပွဲ အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။ ကျွန်တော်ကံကောင်းပါတယ်။ ဒဏ်ရာက ကြီးကြီးမားမား မဟုတ်သလို သက်သာသွားမှာပါ။ ကျွန်တော် ဥရုဂွေး အတွက် မကစားပေးနိုင်တဲ့ အတွက် ၀မ်းနည်းမိပါတယ်။” လို့ ပြောလိုက်ပါတယ်။
 
Picture
မနှစ်က လီဗာပူးကို ဘိုရို အသင်းမှ ပြောင်းရွှေ့ လာတဲ့ သြစီ လက်ရွေးစင်ဂိုးသမား ဘရက်ဂျုံး က ဒါဘီ ကောင်တီ အသင်းထံကို မေ ၇ ရက်နေ့ အထိ အငှား သွားရောက်ကစားမှာဖြစ်ပါတယ်။ ဒါဘီ ကောင်တီမှာ လီဗာပူး လူငယ် စပိန် နောက်ခံလူ ဒန်နီယယ် အယာလာ လည်း အငှားသွားကစားနေတာဖြစ်ပါတယ်။
 
Picture
လီဗာကူဆင် ဘယ်နောက်ခံလူ Michal Kadlec က သူ ဒီနှစ်နွေရာသီမှာ လီဗာပူးကို ပြောင်းရွှေ့  ကစားလိုတယ်ဆိုတာကို လေသံဟလိုက်ပါတယ်။ သူက လီဗာပူး ကင်းထောက်တွေဟာ အစောပိုင်းမှာ သူကစားခဲ့တဲ့ ပွဲမှာ လိုက်လံကြည့်ရှုပြီး အကဲခတ်နေတယ် လို့  ပြောကြားလိုက်ပါတယ်။

Date of birth     13 December 1984 (1984-12-13) (age 26)
Place of birth     Vyškov, Czechoslovakia
Height     1.84 m (6 ft  1⁄2 in)
Playing position     Left back
 
Picture
         ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ လီဗာပူးအသင်းမှ လက်ရှိ စီးပွားရေး ဒါရိုက်တာ(Commercial Director) တာဝန်ထမ်းဆောင်နေသူ Ian Ayre နဲ့ ဘောလုံးနည်းစနစ် ဒါရိုက်တာ(Director of football Strategy) တာဝန်ထမ်းဆောင်နေသူ Damien Comolli တို့ကို Managing Director နဲ့ Director of Football ရာထူးအသီးသီးကို တိုးမြှင့် ခန့်အပ်လိုက်ကြောင့် အတည်ပြုသွားပါတယ်။
        လီဗာပူးအသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ရာထူးသည် လီဗာပူးအသင်းအား John Henry ထံသို့ ရောင်းချနိုင်ရန် ကြိုးပမ်းခဲ့သည့် ဒါရိုက်တာဟောင်း Christian Purslow ထွက်ခွာသွားကတည်းက လစ်လပ်နေခဲ့သည့်နေရာဖြစ်ပြီး ယခုအချိန်တွင်မှ Ian Ayre အား ရာထူး တိုးမြှင့် ခန့်အပ်လိုက်ဖြင်းဖြစ်သည်။ Ayre သည် လီဗာပူးအသင်းအား George Gillet နှင့် Tom Hicks တို့၏ ဆန္ဒကို ဆန့်ကျင်ကာ ရောင်းချခဲ့သည့် ဒါရိုက်တာ သုံးဦးအနက်မှ ကျန်ရှိနေသေးသည့် တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ပြိး လီဗာပူးအသင်းတွင် Commercial Director တာဝန်ထမ်းဆောင်လာသည်မှာ ၄နှစ်ခန့်ရှိပြီဖြစ်သည်။
                    Comolli နှင့် ပတ်သက်၍ Henry က "အသင်းကို ရောက်လာခဲ့တဲ့ အချိန်တိုအတွင်းမှာပဲ သူ့ရဲ့ ဘောလုံးအားကစားအပေါ် သိနားလည်ထားမှုတွေက တန်ဖိုးကြီးလှပါတယ်။ သူက ရိုးရိုးရှင်းရှင်းတွေးတတ်သူဖြစ်ပြီး ရေရှည်စီမံကိန်းမှာ ဘယ်လို အကောင်အထည်ဖော်ရမယ်ဆိုတာကိုသိတဲ့သူတယောက်ပါလို့ " ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
                    Comolli ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တောရက်ထွက်ခွာသွားပြီးနောက် ဆွာရက်နဲ့ ကာရိုးတို့ကို အရခေါ်ယူနိုင်ဖို့ အရေးပါတဲ့ ကဏ္ဍမှ ပါဝင်ခဲ့သူတယောက်ဖြစ်ပါတယ်။

(Source: The Gulf today)