Picture
http://www.mediafire.com/?mfw2019q9p1t5ff
http://www.mediafire.com/?h2xcovd6en9vw9x

or

http://www.embedupload.com/?d=3HARSSMZGY
http://www.embedupload.com/?d=9MBTLZAUAV


Picture
Picture
http://www.mediafire.com/?a5an9pq97f7k977

or

http://www.embedupload.com/?d=0SDOUVNFUY

ညက ကျွန်တော် ဂဲသားရင်း တစ်ခုရောက်နေတာနဲ့  ပွဲမကြည့်မိလိုက်ဘူး။ Livescore ကနေတော့ အားပေးနေတယ်။ Highlight တင်ပေးလိုက်ပါတယ်။

Credit to ttaswo@mmcp
 
 
Picture
ကင်နီ က ဂျူဗင်တပ်စ်ကို အငှားသွားကစားနေပြီး ဂျူဗင်တပ်စ် ၀ယ်ယူဖို့  မသေခြာ မရေရာ ဖြစ်နေတာမို့  အယ်ကွင်လာနီကို နောက်ရာသီကျရင် ပြန်ခေါ်ယူမယ်ဆိုပြီး အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် တူရင်မှာ ပျော်နေတဲ့ အင်ကွယ်လာနီ တစ်ယောက်တော့

“ကျွန်တော့် အခြေအနေက ရိုးရှင်းပါတယ်။ ဂျူဗင်တပ်စ် အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့  ကျွန်တော့်ကို ၀ယ်ချင်ရင်တော့ ဘယ်သူ့  အကြံဥာဏ်ကိုမှ မယူပဲ ၀ယ်လို့ ရပါတယ်။ ကျွန်တော်ကတော့ တူရင်မှာနေပြီး အောင်မြင်မှု တွေလိုချင်ပါတယ်။

ဂျူဗီရဲ့  ရာသီသစ်မှာ ကျွန်တော်ပါဝင်ချင်ပါတယ်။ ဂျူဗီရဲ့  ပရောဂျက်ဟာ အောင်မြင်ဖို့ ဆိုတာ သံသယ မရှိပေမယ့် အချိန်အနည်းငယ်တော့ စောင့်ရမှာပေါ့။” လို့  အီတလီထုတ် ဂေဇတ် သတင်းစာကို ပြောလိုက်ပါတယ်။

ကိုးကား - http://www.espn.co.uk/football/sport/story/86787.html?CMP=OTC-RSS
 
Picture
လီဗာပူး အသင်းဟာ ဘော်စတွန်အခြေစိုက် ကုန်မဏီ Warrior Sports နဲ့  တစ်နှစ်လျင် ပေါင် ၂၅ သန်းတန်ဖိုးရှိ Premier League သမိုင်းမှာ ကြေးအကြီးဆုံး ၀တ်စုံ ၀တ်ဆင်ကြေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။

Warrior Sports ဟာ လက်ရှိ  တစ်နှစ်လျင် ပေါင် ၁၂ သန်းပေးချေတဲ့ Adidas နဲ့ အမေရိကန် အခြေစိုက် ကုန်မဏီ တစ်ခုဖြစ်တဲ့ New Balance တို့ ထက် ပိုပြီး ဈေးပေးခဲ့ပါတယ်။ မနှစ်က မန်ယူနဲ့  Nike ဗြိတိသျှ စံချိန်တင်ကြေး ပေါင် ၂၃.၃ သန်းထက်လည်း သာလွန်သွားခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံ လိဂ်ဝင်ခွင့်မရခဲ့တဲ့ လီဗာပူး အတွက် ငွေကြေးမြုပ်နှံဖို့  အခွင့် ကောင်းလည်းဖြစ်ပါတယ်။ Lacrosse အားကစားအတွက် ၀တ်စုံထုတ်ပေးတဲ့ နေရာမှာ ထိပ်တန်းဖြစ်နေတဲ့ Warrior Sports ဟာ လာမယ့် ၂၀၁၂-၂၀၁၃ ကနေစတင်ပြီးတော့ လီဗာပူး အသင်းအတွက် ဂျာစီများကို စတင်ထုတ်လုပ်သွားမှာ ဖြစ်သလို ဒါဟာ နှစ်ရှည်လများစွာ ဖြစ်တည်မယ့် စာချုပ် လို့ လည်း သိရပါတယ်။

ဂျာမနီ အခြေစိုက် PR Marketing အရ လီဗာပူးဟာ ဘောလုံးဂျာစီ ရောင်းချမှု နေရာမှာ စတုတ္ထ ရပ်တည်နေသလို ၁ နှစ်ကို ဂျာစီပေါင်း 900,000 ခန့် ရောင်းချလို့  ရတယ်လို့  သိရှိရပါတယ်။

ဒီသတင်းဟာ လီဗာပူးကို နှစ်ရှည်လများစွာ စပွန်ဆာပေးနေတဲ့ Adidas အတွက် ထိုးနှက်ချက် တစ်ခုဖြစ်ပေမယ့် ဒါဟာ Fenway Sports Group ရဲ့  ပေါ်လစီပဲ ဖြစ်ပါတယ်။ Fenway Sports Group ပိုင် Boston Red Sox ဟာလည်း လောလောဆည် New Balance နဲ့  နှစ်ရှည် စာချုပ် ကိုချုပ်ဆိုထားပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/22/2452923/liverpool-land-premier-league-record-25-million-a-year-kit

Picture
၂၀၁၂ ကနေ စပြီး Adidas Logo အစား Warrior logo ကိုမြင်ရတော့မယ်ထင်ပါရဲ့ ။

ဒီ ယန်းကီးတွေကတော့ ပိုက်ဆံရှာတဲ့ နေရာမှာ အင်မတန်တော် ပါလား။ သူတို့  ပေါ်လစီက ကြည့်ရတာ အသင်းနဲ့ လည်း ပိုက်ဆံရှာမယ်၊ အသင်းအတွက်လည်း ပိုက်ဆံ သုံးမယ်၊ အသင်းအတွက်လည်း ကြည့်မယ်။ ၂ ဘက်လုံးကို ကြည့်ပြီး “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” ပေါ်လစီ ထင်တယ်။

ကျွန်တော်တို့ တွေလည်း သူများတွေလို Adidas, Nike မဟုတ်ပဲ Warrior ဆိုပြီး သူများနဲ့  ကွဲသွားတာပေါ့လေ။ ခိခိ။ :P

YNWA
ပန်ဒါ
 
Picture


ကင်နီဟာ ဒီနွေရာသီကျရင် လူတွေ ထပ်မံ ခေါ်ယူအုန်းမှာဖြစ်ပေမယ့် လိုအပ်တဲ့နေရာမှာ လူငယ်ကစားသမားတွေကို အဓိက နေရာပေးသွားမယ်တဲ့။ ဒီနှစ် ကင်နီလက်ထက်မှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကတော့ ဂျေးစပီးယားရင်း၊ မာတင်ကယ်လီ၊ ရှက်ဗေ၊ ဂျက်ဖလာနာဂန် နဲ့  ရော်ဘင်ဆင် တို့ ပဲဖြစ်ပါတယ်။

“နွေရာသီတိုင်းဟာ အသင်းအတွက် အရေးကြီးပါတယ်။ စီးပွားရေး ကောင်းမွန်တာနဲ့  အမျှ ကလပ် အတွက်လည်း ကောင်းမွန်မှာပါ။ နွေရာသီ အပြောင်းအရွှေ့ ဟာ ကစားသမားတွေကို ရောင်းချခြင်း နဲ့  ၀ယ်ယူခြင်း သက်သက်ချည်းပဲမဟုတ်ပါဘူး။ ဒါက အသင်းမှာ ရှိသည်ထက် တိုးတက်အောင်ပြုလုပ်ခြင်းသာဖြစ်ပါတယ်။

ဒီနွေရာသီဟာ လီဗာပူး အတွက်သာမက တစ်ခြား ကလပ်တွေ အားလုံးအတွက် ပါ အင်မတန် အရေးကြီးပါတယ်။ ဒါဟာ ကစားသမားတွေ တိုးတက်ဖို့ အတွက် အခန်းကဏ္ဍပါသလို ကစားသမား အသစ်ဝယ်ယူစုဆောင်းဖို့ အတွက် ဆင်ခြေ ပေးလို့  မရပါဘူး။

အသက်အရွယ်က သူတို့ ရဲ့  ကစားနိုင်တဲ့ အရည်အချည်းကို တိုင်းတာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မှာ လိုအပ်တဲ့ နေရာအတွက် လူငယ်ကစားသမားတွေက ရှိနေမယ်ဆိုရင် လူမခေါ်ပဲ လူငယ်ကစားသမားတွေ အတွက် နေရာပေးသွားမှာပါ။

လူငယ်ကစားသမားတွေကို အသုံးပြုလို့  ကျွန်တော်တို့  ကလပ်ကို တိုးတက်ဖို့  နှောင့်နှေးနေတယ် လို့  မယူဆစေချင်ပါဘူး။ ကျွန်တော်တို့  လူငယ်ကစားသမားတွေ အတွက် လမ်းဖွင့်ထားပေးတာပါ။” လို့  လူငယ်ကစားသမားတွေကို အသုံးပြုမယ်ဆိုပြီး ရည်ညွန်းသွားပါတယ်။

ကိုးကား - http://www.goal.com/en/news/9/england/2011/04/22/2452982/kenny-dalglish-calls-for-liverpool-to-continue-spending

YNWA
ပန်ဒါ
 
Picture
လီဗာပူး နည်းပြဟောင်း ဂျရတ်ဟူလီယာ ဟာ ဖျားနာနေတဲ့ အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ က ဆေးရုံကိုသွားခဲ့ရပါတယ်။ သူဟာ ဆေးရုံမှာ ၇ ရက်နေရမှာ ဖြစ်လို့  စတုတ်စီးတီးနဲ့ ပွဲကို လွဲချော်သွားမှာဖြစ်ပါတယ်။

လီဗာပူးကို ကိုင်တွယ်ခဲ့စဉ်တုန်းကလည်း လီဗာပူးနဲ့  လိဒ် ယူနိုက်တက် ကစားတဲ့ပွဲမှာ ပထမပိုင်းအပြီးမှာ နေမကောင်းဖြစ်ခဲ့တာမို့  ဆေးရုံကိုသွားပြီး ၁၁ နာရီကြာ အော်ပရေးရှင်း ၀င်ခဲ့ရပါသေးတယ်။

ကင်နီကတော့ “ကျွန်တော်တို့  အတွေးဟာ သူနဲ့ အတူတူရှိပါတယ်။ သူ့ ကို အမြန်ဆုံး ပြန်လည် နေကောင်းဖို့  ကျွန်တော်တို့  အားလုံး အလိုရှိပါတယ်။ သူနေ မကောင်းဖြစ်စဉ်တုန်းက ကြည့်တဲ့ဆရာဝန် Doc Waller က သူ့  အနားမှာရှိနေပါတယ်။ ဆေးရုံမှာ ရှိတဲ့ ၀န်ထမ်းတွေ အားလုံးဟာ သူ့ ကို အကောင်းဆုံးပြုစုမယ်လို့  ကွ်ျတော်တို့  သိပါတယ်။ ကျွန်တော်တို့  အားလုံး သူ့  ကို ဆန္ဒကောင်းများ ပို့ ပေးပါတယ်။” လို့  ပြောလိုက်ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/21/2451556/liverpool-manager-kenny-dalglish-our-thoughts-are-with

YNWA
ပန်ဒါ

 
အိမ်ကွင်း နောက်ဆုံး ၅ ပွဲ ရလဒ်

Liverpool 1-0 Fulham
Liverpool 2-0 Stoke City
Liverpool 1-1 Wigan Athletic
Liverpool 3-1 Manchester United
Liverpool 3-0 Manchester City

ဘာမင်ဟမ် အဝေးကွင်း နောက်ဆုံး ၅ ပွဲ ရလဒ်

Chelsea 3 - 1 Birmingham
Blackburn 1 - 1 Birmingham
Wigan 2 - 1 Birmingham
Everton 1 - 1 Birmingham
West Ham 0 - 1 Birmingham

လီဗာပူး အသင်းနဲ့  ဘာမင်ဟမ် ပထမ အကျော့ ကန်တုန်းမှာတော့ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။ ဒီတစ်ခါတော့ အန်းဖီးကွင်းမှာ ကန်မှာဖြစ်ပါတယ်။ အန်းဖီးကွင်းမှာ ကန်တိုင်း လီဗာပူး ရလဒ် ကောင်းလေ့ရှိပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသာ သရေကျခဲ့ပါတယ်။ ဘာမင်ဟမ် အသင်းကတော့ အဝေးကွင်း ကစားပုံ ရလဒ် မကောင်းပဲ ၁ ပွဲနိုင် ၂ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။

ကာရိုးနဲ့  ကာရေဂါကိုတော့ ကင်နီက မဲလ်ဝုဒ် မှာ ဆေး အရင်စစ်ခိုင်းပြီးမှ ကြံ့ခိုင်မှု ပြည့်မှ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိတယ်တဲ့။

အဝေးကွင်း ၂ ပွဲကို ၄ ရက်ထဲခြားပြီး အသင်းကြီးနဲ့  ကစားရမယ့် ဘာမင်ဟမ် အဖို့ လည်း ပွဲပမ်းလာနိုင်ပါတယ်။ လီဗာပူးကတော့ ကြားထဲမှာ ပွဲကန်ရက် မရှိတာမို့  အားအင်ပြည့်ဝနိုင်ပါတယ်။ အာဆင်နယ် အသင်းကို ကြံ့ကြံ့ခံပြီး သရေ ကစားခဲ့နိုင်တာမို့ လည်း အသင်းသားတွေ စိတ်ဓာတ် တက်ကြွနေနိုင်ပါတယ်။ ဂိုးရဖို့  ရုန်းကန်နေရပေမယ့် လီဗာပူး အသင်းပဲ အနိုင်ရရှိသွားနိုင်ပါတယ်။

အာဆင်နယ်ကို သရေကျခဲ့တဲ့ လူစာရင်း အတိုင်းသာ ပွဲဦးထွက်လာနိုင်ဖွယ်ရှိပါတယ်။

ဖြစ်နိုင်ဖွယ်ရာ လိုင်းအပ်

Reina, Flanagan, Carragher, Skrtel, Robinson , Kuyt, Lucas, Spearing, Meireles, Suarez, Carroll.

ခန့် မှန်းချက်တွေ တင်ကြအုန်းနော်။ ဟို ရွှေကူမဲမ ပြီးကျမှ နောက်မှ သိတယ်လေး ဘာလေး မလုပ်ကြေး။ ဟေးဟေး။

YNWA
ပန်ဒါ
 

FA က လီဗာပူး မန်နေဂျာ ကင်နီဟာ အာဆင်နယ် မန်နေဂျာ အပေါ် ပရော်ဖက်ရှင်နယ် မဆန်တဲ့ အသုံးအနှုံး အတွက် အရေးယူမှာမဟုတ်ဘူး ဆိုတာကို အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်နေဂျာ ၂ ဦးဟာ လီဗာပူး အသင်း ပင်နယ်တီရတဲ့ အချိန်မှာ ငြိကြတာဖြစ်ပြီး ၀င်းဂါးကတော့ ပင်နယ်တီ မပေးသင့်ဘူးဆိုပြီး စောဒက တက်မှု အပေါ် ကင်နီဟာ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အသုံး အနှုံးကို သုံးခဲ့တာပါ။

FA တာဝန်ရှိသူက “ဒါဟာ ရွန်နီ အဖြစ်နဲ့ ကွဲပြားပါတယ်။ ကင်မရာကို တည့်တည့်ချိန်ပြီး ပြောတာနဲ့  အမှတ်တမဲ့ ပြောတာဟာ ကွာခြားပါတယ်။” လို့  ပြောလိုက်ပါတယ်။

--
 
ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/19/2448036/fa-will-not-charge-liverpool-boss-kenny-dalglish-for-swearing-at-

အာဆင်နယ် ဖန်တွေ ချိတ်ချိုးနဲ့ နော်။ ဟီး။

ကြည့်မိသလောက် အဲညက ကင်နီ က တော်တော်စွာတာပဲ။ တော်ရုံ မန်နေဂျာဆို အာစင်ဝင်းဂါးကို အဲလို ဘယ်ပြောရဲမတုန်း။ ကြည့်ရတာ အဖိုးကြီးက ပြုံးပြုံး နဲ့  အသင်းအပေါ်မှာ တော်တော် သြဇာ ညောင်းမယ့် ပုံပဲ။

YNWA
ပန်ဒါ
 
Picture
PFA ဖန်တွေပေးတဲ့ ၂၀၁၀ - ၂၀၁၁ ရာသီရဲ့  အကောင်းဆုံး ကစားသမားဆုကို မေရားလက်စ် က ဆွတ်ခူးသွားခဲ့ပါတယ်။

ပေါင် ၁၁ သန်းနဲ့  ရောက်ရှိလာတဲ့ မေရားလက်စ်ဟာ လီဗာပူး အဆင့် ၆ ရအောင် အမှတ်လိုနေတဲ့ ပွဲတွေမှာ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပေါ်တီဂီ ကွင်းလယ် ကစားသမား မေရားလက်စ်ဟာ ဇန်န၀ါရီလ နဲ့  ဖေဖ၀ါရီလ အတွင်းမှာကန်တဲ့ ပွဲစဉ် ၆ ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကိုးကား - http://www.cleansheetsallround.co.uk/2011/04/liverpool-midfielder-lands-pfa-fans-award


Picture
လီဗာပူး တောင်ပံ ကစားသမား မီလန် ဂျိုဗန်နိုဗစ် ကတော့ သူဟာ လီဗာပူး အသင်းကို ပြောင်းရွှေ့ လာတာ မှားတယ်လို့  ၀န်ခံပြောကြားလိုက်ပါတယ်။

“ကျွန်တော့် အတွက် အကြီးမှားဆုံး နောင်တကတော့ ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့ မန်နေဂျာက ကျွန်တော် မရောက်ခင် ထွက်သွားတာပါပဲ။

ဘန်နီတက်ဇ် သာ ဆက်ရှိနေမယ်ဆိုရင် ကျွန်တော့် အနာဂတ်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ၁၅ ကလပ်လောက် ကျွန်တော့်ကို လိုက်ခဲ့ပေမယ့် လီဗာပူး အသင်းကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ကျွန်တော်မှားသွားပါတယ်။

ကျွန်တော့် ဇနီးနဲ့ ကလေးတွေသာ မရှိဘူးဆိုရင်တော့ ဆာဘီယန်းလို ပြောလို့ ကိုမရတာပါ။ လီဗာပူး အသင်းကို ပြောင်းရွှေ့ ဖို့ ငြင်းဆန်ဖို့  အားကျွန်တော့် မှာ မရှိခဲ့ပါဘူး။” လို့ ပြောလိုက်ပါတယ်။

ကိုးကား - http://www.cleansheetsallround.co.uk/2011/04/liverpool-mistake-set-to-leave-this-summer

--

ပြောင်းရွှေ့ တာမှားတဲ့ ဂျိုဗန်နိုဗစ်ကို ရောင်းပြီး ဖွတ်ကလိဒင်္ဂါး နည်းနည်းထည့်ပြီး ဘာကာက လူငယ်လေး ဘင်အက်ဖလေ ကိုခေါ်ရင်ကောင်းမယ်။ ခိခိ။

YNWA
ပန်ဒါ


 
Picture
လီဗာပူး အသင်းဟာ ရေနာ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် အစားထိုး ကစားသမား အနေနဲ့  လိုင်ယွန်နဲ့  ပြင်သစ်လက်ရွေးစင် ဂိုးသမား Hugo Lloris ကို ခေါ်ယူဖို့  မျက်စိကျနေပါသတဲ့။

Date of Birth: 26 Dec 1986 (Age 24)
Place of Birth: Nice
Nationality: France
Height: 186 cm.
Weight: 73 Kg.
Position: Goalkeeper
Squad Number: 1
National Team Page: France

လိုင်ယွန်အတွက် ပွဲပေါင်း ၉၆ ပွဲ၊ Nice အသင်းအတွက် ၇၂ ပွဲ နဲ့  ပြင်သစ်လက်ရွေးစင် အသင်းကြီး အတွက် ၂၂ ပွဲ ကစားပေးခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ပြင်သစ် ယူ ၁၈ ကတည်းကနေ ပြင်သစ် လက်ရွေးစင် အသင်းကြီး အထိ ရွေးချယ်ခံရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

--

ဂျူဗင်တပ်စ်မန်နေဂျာ က အင်ကွင်လာနီကို အမြဲ စာချုပ်ချုပ်ဖို့ စိတ်ဝင်စားတယ်ဆိုပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကျွန်တော်တို့  ၀ယ်ယူဖို့  စာတမ်းပါပေမယ့် လီဗာပူး တောင်းတဲ့ ဈေးက များနေပါတယ်။ မကြာခင်မှာ လီဗာပူး အသင်းနဲ့ ညှိနိုင်းသွားပါမယ်။ လို့ ပြောလိုက်ပါတယ်။