Picture


ကင်နီဟာ ဒီနွေရာသီကျရင် လူတွေ ထပ်မံ ခေါ်ယူအုန်းမှာဖြစ်ပေမယ့် လိုအပ်တဲ့နေရာမှာ လူငယ်ကစားသမားတွေကို အဓိက နေရာပေးသွားမယ်တဲ့။ ဒီနှစ် ကင်နီလက်ထက်မှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကတော့ ဂျေးစပီးယားရင်း၊ မာတင်ကယ်လီ၊ ရှက်ဗေ၊ ဂျက်ဖလာနာဂန် နဲ့  ရော်ဘင်ဆင် တို့ ပဲဖြစ်ပါတယ်။

“နွေရာသီတိုင်းဟာ အသင်းအတွက် အရေးကြီးပါတယ်။ စီးပွားရေး ကောင်းမွန်တာနဲ့  အမျှ ကလပ် အတွက်လည်း ကောင်းမွန်မှာပါ။ နွေရာသီ အပြောင်းအရွှေ့ ဟာ ကစားသမားတွေကို ရောင်းချခြင်း နဲ့  ၀ယ်ယူခြင်း သက်သက်ချည်းပဲမဟုတ်ပါဘူး။ ဒါက အသင်းမှာ ရှိသည်ထက် တိုးတက်အောင်ပြုလုပ်ခြင်းသာဖြစ်ပါတယ်။

ဒီနွေရာသီဟာ လီဗာပူး အတွက်သာမက တစ်ခြား ကလပ်တွေ အားလုံးအတွက် ပါ အင်မတန် အရေးကြီးပါတယ်။ ဒါဟာ ကစားသမားတွေ တိုးတက်ဖို့ အတွက် အခန်းကဏ္ဍပါသလို ကစားသမား အသစ်ဝယ်ယူစုဆောင်းဖို့ အတွက် ဆင်ခြေ ပေးလို့  မရပါဘူး။

အသက်အရွယ်က သူတို့ ရဲ့  ကစားနိုင်တဲ့ အရည်အချည်းကို တိုင်းတာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မှာ လိုအပ်တဲ့ နေရာအတွက် လူငယ်ကစားသမားတွေက ရှိနေမယ်ဆိုရင် လူမခေါ်ပဲ လူငယ်ကစားသမားတွေ အတွက် နေရာပေးသွားမှာပါ။

လူငယ်ကစားသမားတွေကို အသုံးပြုလို့  ကျွန်တော်တို့  ကလပ်ကို တိုးတက်ဖို့  နှောင့်နှေးနေတယ် လို့  မယူဆစေချင်ပါဘူး။ ကျွန်တော်တို့  လူငယ်ကစားသမားတွေ အတွက် လမ်းဖွင့်ထားပေးတာပါ။” လို့  လူငယ်ကစားသမားတွေကို အသုံးပြုမယ်ဆိုပြီး ရည်ညွန်းသွားပါတယ်။

ကိုးကား - http://www.goal.com/en/news/9/england/2011/04/22/2452982/kenny-dalglish-calls-for-liverpool-to-continue-spending

YNWA
ပန်ဒါ



Leave a Reply.