Picture
Kenny Dalglish ရဲ့  နာမည် အပြည့်အစုံ က Kenneth Mathieson Dalglish ဖြစ်ပါတယ်။ သူ့ ကို မေလ ၄ ရက်နေ့  ၁၉၅၁ မှာ မွေးဖွားခဲ့ပြီး စကော့တလန် လက်ရွေးစင် ကစားသမားဟောင်းဖြစ်ပါတယ်။ PFA ကစားသမားဆုကို 1982-1983 ဘောလုံးရာသီမှာ ချီးမြှင့်ခြင်းကို ခံရပါတယ်။

နှစ်ပေါင်း ၂၀ တိတိကစားခဲ့တဲ့ သူ့  ကစားသမားဘ၀ မှာ ဆဲလ်တစ်နဲ့  လီဗာပူး အသင်းမှာ သာ ကစားခဲ့ပြီး ၂ သင်းလုံးနဲ့  အောင်မြင်မှု ရရှိခဲ့ပါတယ်။ စကော့တလန် အသင်းအတွက် ပွဲအများဆုံး ပါဝင် ကစားခဲ့တဲ့ စံချိန်တင်နိုင်ခဲ့ပြီး စုစုပေါင်း ၁၀၂ ပွဲ ကစားခဲ့ပါတယ်။ သူနဲ့  ဒင်းနစ်လောတို့ က ဂိုးပေါင်း ၃၀ သွင်းပြီး အတူတူဖြစ်ပါတယ်။

ကင်နီဟာ သူ့  ကစားသမားဘ၀ကို ဆဲလ်တစ်နဲ့  စတင်ခဲ့ပြီး ၁၉၇၅ မှာ ကပ္ပတိန် ဖြစ်ခဲ့ပါတယ်။ ၁၉၇၁ ကနေ ၁၉၇၇ အတွင်း သူ ဟာ ဆဲလ်တစ်နဲ့  စကော့တစ်လန် ပထမတန်း ဖလားကို ၄ ကြိမ်၊ စတော့တစ်ကပ် ကို ၄ ကြိမ် နဲ့  စကော့တစ် လိဂ် ဖလား ၁ ကြိမ်ရရှိခဲ့ပါတယ်။ ၁၉၇၇ မှာ Bob Paisley ဟာ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ ကြေး £440,000 ပေးပြီး လီဗာပူး အသင်းကို ခေါ်ယူခဲ့ပါတယ်။

သူဟာ လီဗာပူး အသင်းနဲ့  အအောင်မြင်ဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။ လိဂ်ချန်ပီယံ ၇ ကြိမ်၊ ဥရောပ ဖလား ၃ ကြိမ် နဲ့  ပြည်တွင်း ဖလား ၅ ကြိမ် ရရှိခဲပါတယ်။ သူ့ နစ်နာမည် "King Kenny" ဆိုတာက ဆဲလ်တစ် ဖန်တွေက ပေးခဲ့တာဖြစ်ပြီး အန်းဖီးမှာပါ အဲနာမည်ကို ဆက်ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူဟာ “အန်းဖီးကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ကစားသမား ၁၀၀” ထဲမှာ နံပတ် ၁ ကို ချိတ်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒဲလ်ဂလိပ်ဟာ မန်နေဂျာ-ကစားသမား ဘ၀ကို ၁၉၈၅ မှာ စတင်ခဲ့ပြီး ၆ နှစ်တာ ကာလမှာ လိဂ် ဖလား ၃ ကြိမ်နဲ့  FA ဖလား ၂ ကြိမ်ရရှိခဲ့ပါတယ်။ ၁၉၉၁ မှာ လီဗာပူး နည်းပြကနေ နူတ်ထွက်ခဲ့ပါတယ်။

ဘလက်ဘန်း အသင်းကို ၁၉၉၁ မှာ စတင်နည်းပြခဲ့ပြီး ဒုတိယတန်းက ဘလက်ဘန်းနဲ့  ၁၉၉၅ မှာ EPL ဖလားရရှိခဲ့ပါတယ်။ 1997 မှာ နယူး ကာဆယ်ကို နည်းပြပေမယ့် အောင်မြင်မှု နည်းခဲ့ပါတယ်။ ၁၉၉၉ မှာ ဆဲလ်တစ် ဘောလုံး ဒါရိုက်တာ အဖြစ် ခန့် အပ်ခံရပါတယ်။

၂၀၀၀ နဲ့  ၂၀၁၀ အတွင်းမှာ သူ့  ဇနီး နဲ့  အတူ တည်ထောင်ထားတဲ့ The Marina Dalglish Appeal မှာသာ အားသွန်ခွန်စိုက် ပါဝင်ခဲ့ပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့  ၂၀၁၁ မှာတော့ လီဗာပူး အသင်းကို ပြန်လည် ပြီး နည်းပြ အဖြစ်နဲ့  ရောက်ရှိလာပါတယ်။

ကင်နီဟာ မာရီယာကို လက်ထပ်ခဲ့ပြီး ကလေး လေးယောက် မွေးဖွားခဲ့ပါတယ်။ သူ့ သား Paul က ဘောလုံး သမားအဖြစ်နဲ့  ရော မန်နေဂျာအဖြစ်ပါ ကစားခဲ့ပါတယ်။

မာရီနာဟာ ရင်သားကင်ဆာ ဖြစ်ပွားခဲ့ပြီး မတ်လ ၂၀၀၃ မှာတော့ ပျောက်ကင်းခဲ့ပါတယ်။ ၂၀၀၄ မှာ ကင်နီနဲ့  မာရီနာ တို့ ဟာ The Marina Dalglish Appeal ကို တည်ထောင်ပြီး ရင်သားကင်ဆာ ရောဂါ သည်တွေ အတွက် ရံပုံငွေရှာခဲ့ပါတယ်။ ပေါ နဲ့  လင်ဆေး တို့  ဟာလည်း ပါဝင်ခဲ့ပါတယ်။ ၃ နှစ်အတွင်းမှာ ပေါင် ၂ သန်းရရှိခဲ့ပါတယ်။ အဲငွေတွေကို မာဆေးဆိုဒ်ရှိ University Hospital Aintree ကီမိုထရဖီ ဌာနကို လှူဒါန်းခဲ့ပါတယ်။ မာရီနာဟာ ၂၀၀၉ မှာ MBE ဘွဲ့ ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ကင်နီဟာ ၁၉၈၄ မှာ MBE ဘွဲ့  ချီးမြှင့်ခံရတာမို့  လင်မယား ၂ ယောက်လုံး MBE ဖြစ်ခဲ့ပါတယ်။

ဇန်န၀ါရီ ၈ ရက်နေ့  ၂၀၁၁ ကနေ ယနေ့  ၂၀ အေပရယ် ၂၀၁၁ အထိ နည်းပြခဲ့တဲ့ ပွဲ ၁၈ ပွဲရှိပြီး ၈ ပွဲနိုင် ၅ ပွဲ သရေ နဲ့  ၅ ပွဲ ရှုံးထားပါတယ်။

Kenny အတွက် အမှတ်ရဆုံး ပုံရိပ် - ၂၀
 
Picture
ရေနာကတော့ ဒဲလ်ဂလိပ် ကို ဘာစီလိုနာ နည်းပြ ဂွာဒီယိုလာ နဲ့ ဆင်တယ်လို့  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“ကင်နီက လီဗာပူးရဲ့  ဒဏ္ဍရီပါ။ သူဟာ အသင်းကို အားပေးသူတွေ ဘာတွေ စဉ်းစားနေလည်း ဘာမြင်ချင်လည်း ဆိုတာကို ကောင်းကောင်းသိတဲ့ ကစားသမားပါ။

ဂွာဒီယိုလာ ကတော့ သူ့ ထက်ငယ်တာပေါ့။ သူတို့ ဟာ ကစားသမား ဘ၀မှာရော နည်းပြမှာပါ အောင်မြင်ကျော်ကြားသူတွေပါ။

သူဟာ အောင်မြင်တဲ့ ကစားသမားဘ၀ကို ဖြတ်သန်းလာတာမို့  ကစားသမားတွေရဲ့  အမြင်ကို နားလည်ပါတယ်။ အဲတော့ ကစားသမားတွေကို ဘယ်လိုကောင်းမွန်အောင် ကစားနိုင်မလည်းဆိုတာကို ကျွန်တော်တို့  နားလည် လွယ်ကူအောင် ပြောပြနိုင်ပါတယ်။

ဒဲလ်ဂလိပ် ရောက်လာတော့ ကျွန်တော်တို့  ဟောဒ့်ဆင်လက်ထက်ကထက် ကစားပုံ ပိုမိုကောင်းမွန်လာပါတယ်။ အသင်းကြီး တစ်ချို့ ကို ဖြတ်သန်းနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေအနေနဲ့  အသင်း တည်ငြိမ်အောင် စွမ်းဆောင်ပေးနိုင်သင့်သလို ပွဲတိုင်း အနိုင်ရဖို့  လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီနဲ့  ဒီရာသီအစမှာ ကျွန်တော်တို့  ကစားပုံ ညံ့ဖျင်းခဲ့ပါတယ်။ ကျွန်တော်တို့  ဒီလို အမှားမျိုး နောက်ရာသီမှာ ထပ်မလုပ်မိဖို့  လိုအပ်ပါတယ်။”

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/19/2448768/pepe-reina-kenny-dalglish-is-a-liverpool-legend-just-like
 
Picture
ဂျေမီ ကာရေဂါရဲ့ သားငယ်လေး James Lee Carragher ဟာ အခုဆိုရင် လီဗာပူး အကယ်ဒမီ U 8 မှာ စတင်ပြီး စာရင်းပေးသွင်းလိုက်ပြီဖြစ်ပါတယ်တဲ့။ နောက် ၈ နှစ် ၉ နှစ်လောက်ကျရင် လီဗာပူး အသင်းမှာများ မြင်တွေ့ နိုင်မလား။


Picture
ဂျူနီယာ ဂျာရတ်တော့ မြင်နိုင်ဖွယ် လမ်းမရှိပါဘူး။ ဘာလို့ လည်းဆိုတော့ Lilly-Ella Gerrard နဲ့  Lexie Gerrard ဆိုတဲ့ သမီးချည်းပဲ ၂ ယောက်မွေးထားပါတယ်ဗျာ။


Picture
အလွန်ဆိုရဲ့  သားငယ်လေးလည်း လီဗာပူး အသင်းမှာ ပြန်ကစားနိုင်ရင် ကောင်းမယ်။ ခိခိ။ ရီးရဲလ် မခေါ်ခင် သူ့  သားငယ်ကို ကိုမိုလီ စာချုပ်ချုပ်နိုင်ရင်ကောင်းမယ်။ ဟားဟား။


Picture
ဒတ်ကောက်ခ်ျက သားတစ်ယောက် သမီး တစ်ယောက်။ ဂျူနီယာ ကောက်ခ်ျ လေးကိုလည်း အခုကတည်းက ချုပ်ထားနိုင်လောက်ကောင်းပါရဲ့ ။ :P

 
ကျနော်တို့ လည်း အနိုင်ကို မမှန်းရဲဘူး။ ပထမ တစ်ပိုင်းလုံး ဘောလုံးက ပူးပူး ဘက်မှာချည်းပဲ။ ဒုတိယပိုင်းကျတော့ ကင်နီ ဗျူဟာ ပြောင်းလိုက်တယ်။ အလယ်မှာ အဖိခံထားရလို့  ကွင်းလယ် ဖန်တီးရှင်မရှိတဲ့ ကစားကွက်မှာ ကင်နီက ပြေးအား မရှိတဲ့ ကာရိုးကို အလယ်တန်း ဆင်းခိုင်းပြီး ကောင်တာနဲ့  ပြေးအားရှိတဲ့ ဆွာရက်စ်ကို ကစားခိုင်းလိုက်တယ်။ အဲတာကျမှ တိုက်စစ် အသက်ဝင်လာပြီး ဘတစ်ပြန် ကျားတစ်ပြန် ကစားနိုင်သွားပြီး ဂိုးသွင်းခွင့် ရလာပါတယ်။ ဗန်ပါစီ တစ်လုံး အပိုင်ကန်တာ ရေနာ ဒူးနဲ့ ထိပြီး ထွက်သွားလို့ ။ မဟုတ်ရင် ငုတ်တုတ်ကိုမေ့တယ်။

နည်းဗျူဟာ မှန်တယ်လို့ပဲပြောရမှာပါ။ တောင်ပံ ကစားသမား ကောင်းကောင်းသာရှိပြီး မွှေ ဆော့နိုင်ရင်တော့ ပွဲက ဒီထက် ပိုကြည့်ကောင်းမှာပါ။ ညက ကတုံးတွေချည်းပဲ။ ၁၁ ယောက်မှာ ၅ ယောက် က ကတုံးတွေ။ ရေနာ၊ စကာတယ်၊ စပီးရားယင်း၊ ရှက်ဗေ၊ မေးရားလက်စ်။ တစ်ကွင်းလုံး ပြောင်ပြောင် နဲ့ ။ ခိခိ။ ဘယ်နောက်ခံ လူအတွက်တော့ လူတောင် ရှာဝယ်စရာမလိုတော့ဘူးထင်တယ်။ အင်ဆူအာ ကိုပြန်ခေါ်၊ ပြီးတော့ ရော်ဘင်ဆင်ကို တစ်ပွဲထက် တစ်ပွဲ ပိုဆော့ခိုင်းရင် အတွေ့ အကြုံပြည့်လာတာနဲ့ အမျှ ကောင်းလာမှာပါ။ ညာဘက် မှာဆို ဂျွန်ဆင်၊ ကယ်လီ၊ ဖလာနာဂန် ပုံလို့ ။ နောက်တန်း အဖျက်တော့ ကာရေဂါနေရာမှာ ၀ဲလ်ဆင်လေးကို ထည့်ဆော့ရင် ကောင်းမယ်။ နောက်တန်း ကောင်းသလောက် အလယ်တန်းမှာ လူကို မရှိတာ။ လူငယ် အကယ်ဒမီက ကစားသမားတွေ စောင့်ကြည့်ရမှာရှိတယ်။ အဒမ်မော်ဂန် ဆိုတဲ့ ချာတိတ်လေးလည်း မဆိုးဘူး။ U 18 ရဲ့  ဂိုးသွင်းစက်။ သူ့ လည်း အငှားချကစားလိုက်ရင် တော်တော် ကောင်းမယ်ထင်တယ်။

နောက်ရာသီကျရင်တော့ အားနည်းတဲ့နေရာ လူဖြည့်ပြီး ဥရောပ ၀င်ခွင့်မရရင်တောင့် EPL Title ကို ချဲလင့် လုပ်နိုင်မယ်လို့  မျှော်လင့်မိပါတယ်။ ကင်နီလက်ထက်မှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ယူ၊ မန်စီးတီး တို့ ကို အနိုင်ရထားပြီး အာဆင်နယ် အသင်းကို သရေ ကစားနိုင်ပါတယ်။ လူနာ တွေနဲ့  လူမရှိတဲ့ ယိုင်တိ ယိုင်ကန် သွားနေတဲ့ လူစာရင်းမှာတော့ နည်းပြရဲ့  အသင်းကို ရိုက်သွင်းပေးတဲ့ စိတ်ဓာတ်မြှင့်တင်မှုပဲလို့  ထင်မြင်မိပါတယ်။ ရှိစုမဲ့စု ကစားသမားတွေနဲ့  ဒီလို ရလဒ်ကောင်းအောင် ဆောင်ရွက်ပေးနေတဲ့ ကင်နီ ဘလက်ဘန်းနဲ့  EPL ဖလား ရတာ သိပ်တော့ မဆန်းဘူးလို့ ထင်မိပါတယ်။
 
Full Matches - EPL - Arsenal v Liverpool




[EPL] Arsenal v Liverpool

17 Apr 2011 - EPL - English - Coverage from Sky Sports 1

FORMAT: XViD | AUDIO: MP3 128Kbps | VIDEO: 640x368 - 1050Kbps | Size: 900MBish

First Half
Duckload : part1 | part2 .............. Hotfile : part1 | part2
Fileserve : part1 | part2 .............. Filesonic : part1 | part2

Second Half
Duckload : part1 | part2 .............. Hotfile : part1 | part2
Fileserve : part1 | part2 .............. Filesonic : part1 | part2


EPL Sky Highlights - Arsenal v Liverpool




17 April 2011 - EPL - Sky Highlights - 32 Mins


FORMAT: XViD | AUDIO: MP3 128Kbps | VIDEO: 640x368 - 1000Kbps |
Runtime: 31m56s | Size: 250MB

Duckload | Hotfile | Fileserve | Bitshare | Filesonic
 
Picture
ကင်နီ ကတော့

“ကျွန်တော်တို့  ဒီနေ့ ကစားသွားတဲ့ စိတ်ဓာတ်လို တစ်ခြား အသင်းရှိမယ် မထင်ပါဘူး။

အစောပိုင်းမှာ အော်ရယ်လီယို အစား ၁၇ နှစ်သား ရော်ဘင်ဆင် ထည့်ကစားရတယ်။ ဒီနေ့  အသင်းခေါင်းဆောင်လည်း နားလိုက်ရတယ်။ ရှေ့ တန်း လည်း သိပ်မကြာခင် မကစားနိုင်တော့ဘူး။ နာကျင် အချိန်ပို ၈ မိနစ်မှာ တစ်ဂိုးရှုံးနေတယ်။ ဒါပေမယ့် အသင်းက သူတို့  ဒီပွဲကနေဘာမှ မရလိုက်မှာကို လက်မခံ ခဲ့ပါဘူး။

ဒီထက်ကောင်းတဲ့ စကားလုံးကို ပြောဖို့ ရှာမတွေ့ နိုင်တော့ပါဘူး။ လီဗာပူး အသင်း က စောင့်ကြည့်နေတဲ့ ပရိတ်သတ်အတွက် အကောင်းဆုံး ပေးဆပ်ကစားသွားခဲ့ပါတယ်။

ဖလာနာဂန်အတွက် ဒါက ဒုတိယမြောက် ပွဲပါ။ တစ်ခါတစ်လေ ဒုတိယပွဲမှာ ကမောက်ကမ ဖြစ်ခဲ့ပေမယ့် သူဟာ အကောင်းဆုံး ကစားသွားပါတယ်။ လူငယ်အသင်းက ရော်ဘင်ဆင်လည်း အကောင်းဆုံး ကစားခဲ့ပါတယ်။

တနင်္လာနေ့ က ရှက်ဗေ နဲ့  ဂျေး အကောင်းဆုံး ပေးဆပ် ကစားသွားခဲ့ပါတယ်။ သူတို့ ဆီက ဒီထက်ကောင်းတဲ့ ကစားဟန်ကို မျှော်လင့်လို့ မရတော့ပါဘူး။

သူတို့ က ကျွန်တော့်ကို တွန်းအားပေးခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ချဖို့ အတွက် သူတို့  ခြေစွမ်းက ကျွန်တော့်ကို သက်သေပြခဲ့တာပါ။ အကယ်ဒမီ က ကစားသမားတွေက ပြီးခဲ့တဲ့ ၁ နှစ်ခွဲမှာ တိုးတက်လာမှုက အံ့မခန်းပါပဲ။

ကာရေဂါကတော့ ခေါင်းမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အခုတော့ ပြန်ကောင်းနေပါပြီ။ အော်ရယ်လီယိုက ဒဏ်ရာဟောင်း ထပ်မံရရှိသွားပါတယ်။ အင်ဒီကတော့ ဒူးမှာ ဒဏ်ရာ အနည်းငယ်ရရှိပါတယ်။”

အာဆင်ဝင်းဂါးကတော့ လူးကပ်စ်ကို အီဘိုယေး တွန်းလိုက်တာဟာ ပန်နယ်တီ မပေးသင့်ပါဘူး။ အဲတာ အပေါ် အမြင်ဆိုတော့ ကင်နီက

“ကျွန်တော့် အမြင်ကတော့ ပန်နယ်တီ ၂ လုံးမှာ တစ်လုံးက မှန်ကန်ပြီး တစ်လုံးက မှားပါတယ်။ ဘယ်ဟာမှန်လည်း မှားလည်းဆိုတာကိုတော့ ခင်ဗျားပဲတွေးကြည့်ပါတော့။”

စာချုပ်နဲ့ ပတ်သက်ပြီးကတော့

“ကျွန်တော်နေ့ တိုင်း အမေးခံရပါတယ်။ အဲအတွက် ကျွန်တော့် အဖြေက သတင်းစာတွေကို ဖတ်နေတယ် ဆိုတဲ့ အဖြေပါပဲ။ အသင်းပိုင်ရှင်တွေက သူတို့  ကစားသမားအသစ် နဲ့  ဘောလုံးအသင်းကို ကိုင်တွယ်မယ့် လူအတွက်တော့ ပိုက်ဆံ ကို အကုန်အကျခံမှာ သေခြာပါတယ်။”

ဂျာနယ်လစ် တစ်ယောက်က ပရီးမီးယားလိဂ် ချန်ပီယံကို ပြိုင်ဖက် မန်ယူ အသင်းကို ပေးအပ်လိုက်ပြီလား ဆိုတဲ့ မေးခွန်းအပေါ်

“ ကျွန်တော်တို့  ဘယ်သူ့ ကို ဘာမှ မပေးခဲ့ပါဘူး။ အန်းဖီးကွင်းမှာ မန်ယူကို အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် မပေးအပ်ခဲ့ပါဘူး။ ကျွန်တော်တို့  ကျွန်တော်တို့ လုပ်သင့်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေပါတယ်။”

မေးခွန်းများကို လိမ္မာပါးနပ်စွာ လို့  ဖြေကြားသွားပါတယ်။


 
ဒုတိယပိုင်းမှာ လီဗာပူး အသင်း ကစားပုံ ကောင်းလာပါတယ်။

ပထမပိုင်းလို ခံစစ် ချည်း ကစားမနေပဲ တိုက်စစ် ကစားလာပါတယ်။ ဒုတိယပိုင်းမှာ ကာရိုး အစား ရှက်ဗေ ၀င်ကစားပါတယ်။

တောင်ပံ ကစားသမား မထည့်တဲ့ အပြစ်က ရှက်ဗေ ဘောလုံးကို မလိုက်နိုင်သလို မပြေးနိုင်ပါဘူး။ ၂ သင်းလုံး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ကစားကြသလို ပွဲက ပိုကြည့်ကောင်းပါတယ်။ ကာရေဂါ နဲ့  ဖလာနာဂန် ဘောလုံး ယှဉ်လုပြီး ဖျက်တာ ဖလာနာဂန် ခေါင်းတိုက်သလို ဖြစ်သွားလို့  ကာရေဂါ မေ့သွားလို့  ဆိုတို ကိုထည့်ကစားပါတယ်။ ရင် တစ်ထိတ်ထိတ်နဲ့ ကြည့်ရတာ။

ဆွာရက် ၂ ၃ လုံးလောက် ကန်ခွင့်ရပေမယ့် ဂိုးပေါက် မတည့်ပါဘူး။

ကာရေဂါနာသွားလို့  စုစုပေါင်း ၈ မိနစ် နာကျင် အချိန်ပို ကစားရပါတယ်။ စပီးယားရင်း နာစရီကို နောက်ကနေ ချိတ်လှဲသလိုဖြစ်လို့  ၉၆ မိနစ်မှာ အာဆင်နယ် ပင်နယ်တီရပါတယ်။ ဗန်ပါစီ ကန်သွင်းပြီး ဂိုး အဖြစ်နဲ့ ပြောင်းလိုက်ပါတယ်။ အင်္ကျီ ချွတ်အောင်ပွဲခံတာမို့  အ၀ါကတ် အပြခံရပါတယ်။

ချေပဂိုးရဖို့  လီဗာပူးပဲ တိုက်စစ် ဆင်ကစားနေတုန်း ပင်နယ်တီ အေရိယာ အစစ်နားမှာ လူးကပ်စ်ကို ချလို့  ဖရီးကစ်ရပါတယ်။ ဆွာရက်စ် ဖရီးကစ် ကန်တုန်းမှာ ကျလာတဲ့ ဘောလုံးကို အီဘိုယေး နောက်ကနေ တွန်းသလိုဖြစ်တာမို့  လီဗာပူး ပင်နယ်တီရပါတယ်။ ဒတ်ကောက်ခ်ျ အမှားအယွင်းမရှိပဲ ကန်သွင်းသွားလို့  ပွဲပြီးမှာ ၁ - ၁ နဲ့ ဖြစ်သွားပါတယ်။

ကင်နီနဲ့  ၀င်းဂါး ကလေးတွေလို ရန်ဖြစ်ကြတာတော့ တွေ့ ပါတယ်။ ဟိဟိ။

အိပ်ပြီဗျာ။ ဘာပဲပြောပြော ရှုံးနေရာကနေ သရေကျသွားတာမို့ ပျော်မိပါတယ်။ ကျွန်တော်ခန့် မှန်းတဲ့ အတိုင်း သရေ ရလဒ်ဆိုတာကွက်တိ သွားမှန်နေပါလား။

အိပ်တော့မယ်။ ဂွတ်ည

ynwa

ပန်ဒါ
 
ပထမပိုင်း ၄၅ မိနစ် ပြီးသွားပါပြီ။ ရင်တစ်မမ နဲ့  ကြည့်လိုက်ရပါတယ်။ ပထမပိုင်း မိနစ် အနည်းငယ်သာ လီဗာပူး တန်ပြန် ဖိကစားနိုင်ပြီး နောက်ပိုင်းမှာတော့ ခံစစ် ပဲ ကစားနေရပါတယ်။ အာဆင်နယ် ကွင်းလယ်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ မေရားလက်စ်၊ လူးကပ်စ်၊ စပီးရားရင်း လူ ၃ ယောက် ကွင်းလယ်မှာ ထပ်နေသလို ရှေ့ တန်းအတွက် ဘယ်လိုမှ အထောက်အပံ့ မပေးနိုင်ပါဘူး။ အာဆင်နယ် ဂိုးသမားဆို ခြင်တောင် ကိုက်တယ် ထင်တယ်။ တောင်ပံ ကစားသမား မပါတဲ့ လီဗာပူး ကစားပုံ ချာတူးလန်နေပါတယ်။ ဘော အပေးအယူတွေလည်း လွဲနေသလို ရှေ့ တန်းက ကာရိုး လည်း မပြေးနိုင်တာ အခြေအနေဆိုးပါတယ်။ ဒီလို အဖိခံရတဲ့ အချိန်မှာ ကွင်းလယ်မှာ ဘောလုံး ကိုင်ကစားတတ်တဲ့ ကွင်းလယ်သမားမပါတာ နစ်နာပါတယ်။ ဒါတင်မက ၄ ၄ ၂ နဲ့  ကစားတဲ့ ကစားကွက်မှာ တောင်ပံ ကစားသမား မပါတာ အခြေအနေ ဆိုးပါတယ်။ ရှေ့ တန်းအတွက် ဘာမှ အထောက်အပံ့ မပေးနိုင်တဲ့ ကွင်းလယ်က ဒီနေ့ တော့ နောက်တန်း အတွက် အကောင်းဆုံး လိုက်ကစားပေးနေတာတွေ့ ရပါတယ်။ ဖလာဂန် နဲ့  ရော်ဘင်ဆင် ခြေမှန်နေပါတယ်။ ရော်ဘင်ဆင် နည်းနည်း ပြာနေပေမယ့် ပွဲချိန် ကြာလာတာနဲ့  အမျှ တည်ငြိမ်လာပါတယ်။

ဘာပဲပြောပြောလေ.. ဒုတိယပိုင်း ဆက်ကြည့်လိုက်ပါအုန်းမယ်။

YNWA
ပန်ဒါ
 


Arsenal နောက်ဆုံး ၅ ပွဲ

Blackpool - Arsenal 1 - 3
Arsenal - Blackburn 0 - 0
West Brom - Arsenal 2 - 2
Man Utd - Arsenal 2 - 0
Barcelona - Arsenal 3 - 1
Arsenal - Sunderland 0 - 0

Liverpool နောက်ဆုံး ၅ ပွဲ

Liverpool - Man City 3 - 0
West Brom - Liverpool 2 - 1
Sunderland - Liverpool 0 - 2
Liverpool - Braga 0 - 0
Braga - Liverpool 1 - 0
Liverpool - Man Utd 3 - 1

အာဆင်နယ် အသင်းက ၇ မှတ်ဖြတ်ထားတဲ့ မန်ယူကို အမှတ်ကွာဟမှု ကျဉ်းမြောင်းစေဖို့  ဒီပွဲကို မဖြစ်မနေ အနိုင်ရယူဖို့  လိုပါတယ်။

လီဗာပူးအသင်းကလည်း မန်စီးတီးကို ၃ ဂိုးပြတ် အနိုင်ရထားသလို အာဆင်နယ်လည်း ဘလက်ပူး ကို ၃ - ၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

အာဆင်နယ် ဘက်က ဖြစ်နိုင်ဖွယ် လိုင်းအပ်ကတော့

Arsenal: Szczesny, Eboue, Squillaci, Koscielny, Clichy, Walcott, Wilshere, Fabregas, Nasri, Arshavin, Van Persie.

လီဗာပူး ဘက်က ဖြစ်နိုင်ဖွယ်ရာ လိုင်းအပ်

Liverpool: Reina, Flanagan, Carragher, Skrtel, Aurelio, Kuyt, Lucas, Spearing, Meireles, Suarez, Carroll.

ပထမ အကျော့ ဆုံတဲ့ အန်းဖီးကွင်းမှာ လူ ၁၀ ယောက်တည်းကန်ရတဲ့ ကြိုးကြာနီတို့ က နောက်ဆုံး မိနစ်မှ ပေးရတဲ့ ချေပဂိုးနဲ့  ၁ - ၁ ဖြစ်ခဲ့ရပါတယ်။ အဝေးကွင်း ကစားပုံ ရလဒ် မကောင်းပေမယ့် အိမ်ကွင်းကတော့ ကြိုးကြာနီတို့  ကောင်းမွန်ပါတယ်။ အမြောက်တပ်တား တို့  ကလည်း နောက်ဆုံး အိမ်ကွင်း ၅ ပွဲမှာ ရှုံးပွဲ မရှိသလို ၂ ပွဲသရေကျပြီး ၃ ပွဲ အနိုင်ရရှိထားပါတယ်။ ကြိုးကြာနီတို့  နောက်ဆုံး အဝေးကွင်း ၅ ပွဲ ရလဒ်ကတော့ ၂ ပွဲရှုံးပြီး ၃ ပွဲ နိုင်ထားပါတယ်။

မန်စီိးတီးကို အနိုင်ရရှိတဲ့ လူစာရင်းကို ဒဲဂလိပ် ပြင်ဖို့ မရှိသလို ဆွာရက်စ် နဲ့  ကာရိုးလည်း တစ်ဖြည်းဖြည်း အတွဲမိလာနိုင်ပါတယ်။ အသင်းကြီးတွေနဲ့ တွေ့ တိုင်း ရေကုန် ရေခန်း ကစားတတ်တဲ့ ကြိုးကြာနီတို့  ရဲ့  ခြေကို မှန်းမရသလို မန်ယူကို အမှီလိုက်နေတဲ့ အမြောက်တို့  ခြေကို လည်း လျှော့တွက်လို့ မရပါဘူး။ ဘောလုံးကိုင် ကစားမယ့် အာဆင်နယ် အသင်းကို မန်စီးတီး ကွင်းလယ် ကစားကွက် တည်မရအောင် ဖျက်ကစားတဲ့ လူးကပ်စ် နဲ့  စပီးယားရင်းကို လိုက်ကစားစေမှာဖြစ်ပါတယ်။ နောက်တန်းကတော့ အက်ဂါနဲ့  ဂျွန်ဆင် မပါပေမယ့် ဖလာဂန်ကတော့ ခြေတည်တည်ငြိမ်ငြိမ် နဲ့ ကစားနေတာတွေ့ ပါတယ်။ အလယ်တန်းကတော့ အာဆင်နယ် အသင်းက သာပြီး ဂိုးသမားတော့ လီဗာပူး ဘက်က သာပါတယ်။ အာဆင်နယ် ကွင်းလယ်ကို တည်မရအောင် ဖျက်မကစားနိုင်ရင်တော့ လီဗာပူး အသင်း အခက်တွေ့ နိုင်ပါတယ်။ အာဆင်နယ် ရဲ့  ကစားကွက် အသက်က ကွင်းလယ်ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့  ဆွာရက်စ် နဲ့  ကာရိုးကို အာဆင်နယ် ထိန်းကစားရနိုင်ဖွယ်ရှိပါတယ်။ ကာရိုးဟာ နယူးကာဆယ် အသင်း အာဆင်နယ်ကို အနိုင်ရတုန်းက ခေါင်းတိုက်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

အမှတ်လိုနေတဲ့ အသင်း ၂ သင်း ရေကုန်ရေခန်းကစားကြမှာဖြစ်သလို ကျွန်တော်ကတော့ သရေလို့ ပဲ ထင်မိပါတယ်ဗျာ။

--

လီဗာပူး U 18 လူငယ် အသင်း က မန်ယူ U 18 လူငယ်အသင်းကို ၆ - ၀ နဲ့ အနိုင်ရရှိသွားပါတယ်တဲ့။

ဂိုးများကို တိုနီဆေးဗာ၊ အဒမ်မော်ဂင် နဲ့  အဒေါဂျန် တို့ က သွင်းယူသွားခဲ့ပါတယ်တဲ့။

ကိုးကား - http://www.liverpoolfc.tv/news/latest-news/video-reds-hit-united-for-six
 
Picture
လီဗာပူး ကြယ်ပွင့် သောမတ်စ်အင့် က လီဗာပူး ကမ်းလှမ်းတဲ့ စာချုပ် ၂ နှစ် ကို ငြင်းပယ်လိုက်ပါတယ်။ သူက အီတလီ အသင်းကို ပြောင်းရွှေ့  ဖို့ ပြင်နေသတဲ့။

လီဗာပူးနဲ့ မန်ယူ ကစားသမားဟောင်း ပေါအင့် သားဖြစ်ပြီး ဒီရာသီကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ နော့ ကောင်တီကို အငှားသွားကစားနေပြီး ခြေစွမ်းပြနိုင်တာမို့  ဒီရာသီကုန်မှာ ထွက်ခွာဖွယ်ရှိတယ်တဲ့။

ဒီ ၁၉ သားက အီတလီကို ပြောင်းရွှေ့ လိုပြီး ဂျူဗီနဲ့ ချိတ်နေသတဲ့။