ပထမပိုင်း ၄၅ မိနစ် ပြီးသွားပါပြီ။ ရင်တစ်မမ နဲ့  ကြည့်လိုက်ရပါတယ်။ ပထမပိုင်း မိနစ် အနည်းငယ်သာ လီဗာပူး တန်ပြန် ဖိကစားနိုင်ပြီး နောက်ပိုင်းမှာတော့ ခံစစ် ပဲ ကစားနေရပါတယ်။ အာဆင်နယ် ကွင်းလယ်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ မေရားလက်စ်၊ လူးကပ်စ်၊ စပီးရားရင်း လူ ၃ ယောက် ကွင်းလယ်မှာ ထပ်နေသလို ရှေ့ တန်းအတွက် ဘယ်လိုမှ အထောက်အပံ့ မပေးနိုင်ပါဘူး။ အာဆင်နယ် ဂိုးသမားဆို ခြင်တောင် ကိုက်တယ် ထင်တယ်။ တောင်ပံ ကစားသမား မပါတဲ့ လီဗာပူး ကစားပုံ ချာတူးလန်နေပါတယ်။ ဘော အပေးအယူတွေလည်း လွဲနေသလို ရှေ့ တန်းက ကာရိုး လည်း မပြေးနိုင်တာ အခြေအနေဆိုးပါတယ်။ ဒီလို အဖိခံရတဲ့ အချိန်မှာ ကွင်းလယ်မှာ ဘောလုံး ကိုင်ကစားတတ်တဲ့ ကွင်းလယ်သမားမပါတာ နစ်နာပါတယ်။ ဒါတင်မက ၄ ၄ ၂ နဲ့  ကစားတဲ့ ကစားကွက်မှာ တောင်ပံ ကစားသမား မပါတာ အခြေအနေ ဆိုးပါတယ်။ ရှေ့ တန်းအတွက် ဘာမှ အထောက်အပံ့ မပေးနိုင်တဲ့ ကွင်းလယ်က ဒီနေ့ တော့ နောက်တန်း အတွက် အကောင်းဆုံး လိုက်ကစားပေးနေတာတွေ့ ရပါတယ်။ ဖလာဂန် နဲ့  ရော်ဘင်ဆင် ခြေမှန်နေပါတယ်။ ရော်ဘင်ဆင် နည်းနည်း ပြာနေပေမယ့် ပွဲချိန် ကြာလာတာနဲ့  အမျှ တည်ငြိမ်လာပါတယ်။

ဘာပဲပြောပြောလေ.. ဒုတိယပိုင်း ဆက်ကြည့်လိုက်ပါအုန်းမယ်။

YNWA
ပန်ဒါ
anfield 3
4/17/2011 03:08:19 am

pwe pyi pyi lar
bel lought lel

Reply



Leave a Reply.