Picture
Marveaux ဟာ လီဗာပူး အသင်းရဲ့  နွေရာသီမှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်လာပါတယ်။

အလွတ်ပြောင်းရွှေ့ ကြေးနဲ့  Marveaux ကို အေပရယ်မှာ သဘောတူညီသွားတာဖြစ်ပြီး သူ့ရဲ့ စာချုပ်သက်တမ်းဟာလည်း ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ သွားတယ် ဆိုတဲ့ အကြောင်းကို ပြင်သစ်သတင်းစာ က ဖော်ပြခဲ့ပါတယ်။

ဘယ်သန်ကစားသမား Marveaux ဟာ ဒီနှစ်မှာ ၁၀ ပွဲပါဝင်ကစားနိုင်ပြီး ဒဏ်ရာနဲ့ရုန်းကန် နေရတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ၁၀ ပွဲ ကစားရာမှာ ဂိုးရအောင် ၂ ဂိုး ဖန်တီးပေးခဲ့သလို ၁ ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်။

ဒီကစားသမားကို ၄ နှစ်နဲ့  ချုပ်ဆိုမှာဖြစ်ပြီး သူ့ ရဲ့  စွမ်းဆောင်ရည်အပေါ်မှာမူတည်ပြီး ၅ နှစ်အထိ ချုပ်သွားမယ်လို့  ကြားပါတယ်။ ဒီလို စွမ်းရည်ဟာ ဘောလုံး ဒါရိုက်တာ ကိုမိုလီကိုမျက်စိ ကျစေတာဖြစ်ပါတယ်။

ကိုးကား - http://www.talksport.co.uk/sports-news/football/premier-league/transfer-rumours/7012/7/marveaux-becomes-liverpools-first-summer-signing-winger-agrees-four-

YNWA
ပန်ဒါ
 
ဒီအပတ် အိမ်ကွင်းမှာ နယူးကာဆယ်နဲ့  ထပ်မံကန်ရပါအုန်းမယ်။ ဒဲလ်ဂလိပ်လက်ထက်မှာ အိမ်ကွင်း တစ်ပွဲမှ မရှုံးသေးလို နောက်ဆုံး ၃ ပွဲမှာ ၇ မှတ်ရအောင် ယူထားနိုင်တာတွေ့ ရပါတယ်။ မှတ်တမ်းအရ ငှက်ကြားများကိုလည်း EPL ၁၅ ပွဲတွေ့ တဲ့ အထဲမှာ ၁၃ ပွဲ အနိုင်ရရှိထားသလို အိမ်ကွင်းမှာ တစ်ခါမှ မရှုံးခဲ့ပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာ လီဗာပူးက ဘာမင်ဟမ်ကို ၅ ဂိုး နဲ့ အနိုင်ရရှိထားပေမယ့် နယူးကာဆယ်ကတော့ ဘလက်ပူးဆီက ၁ မှတ်ပဲရလိုက်ပါတယ်။ ကာရိုးအနေနဲ့  အသင်းဟောင်းကို ပြန်တွေ့ မှာဖြစ်ပြီး St James Park မှာ လီဗာပူးဘက်ကို ၁ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ကာရိုးကို အခုချိန်ထိ ပါဝင်ကစားနိုင်မယ်ဆိုတာ သေခြာ မသိရသေးပါဘူး။ လီဗာပူးဘက်က ဂျွန်ဆင်၊ ဂျာရတ်၊ နဲ့  အက်ဂါတို့ မပါဝင်သလို နယူးကာဆယ်ဘက်က အိုင်ယာလန်၊ ဘင်အာဖာ၊ ဂေါ့စလင်း တို့  ပါဝင် ကစားနိုင်မှာမဟုတ်ပါဘူး။

နောက်ဆုံး ၅ ပွဲ ရလဒ်

Liverpool: WLWDW
Newcastle: LWLLD

၂ ဖက်လုံး ဖြစ်နိုင်ဖွယ်ရာ လိုင်းအပ်ကတော့

Liverpool: Reina, Flanagan, Carragher, Skrtel, Robinson, Kuyt, Lucas, Spearing, Meireles, Suarez, Rodriguez.

Newcastle: Krul, Simpson, Coloccini, Taylor, Enrique, Ireland, Barton, Tiote, Gutierrez, Nolan, Ameobi.

ကင်နီအနေနဲ့  ဒဏ်ရာကနေ အရှင်းမပျောက်သေးတဲ့ ကာရိုးကို ထည့်သွင်းကစားမှာမဟုတ်သလို ပြီးခဲ့တဲ့ အပတ်က လူစာရင်းနဲ့ ပဲ ပွဲဦးထွက်လာနိုင်ဖွယ်ရှိပါတယ်။ အိမ်ကွင်း ရလဒ်ကောင်းမွန်နေတဲ့ အပြင် ဥရောပ လိဂ်ကို တားဂတ်ထားနေတဲ့ လီဗာပူးတော့ အနိုင်ကန်မယ်ထင်ပါတယ်။

YNWA

ပန်ဒါ
 
Picture
ရေနာကတော့

“ကျွန်တော်တို့  လက်ကျန် ၄ ပွဲလုံး နိုင်အောင် ကန်ဖို့ လိုပါမယ်။ ပြီးတော့မှ ဘာဖြစ်လာမလည်း ဆိုတာကို စောင့်ကြည့်တာပေါ့။

ကျွန်တော်တို့  အသင်း ၄ ပွဲလုံးနိုင်ပြီး ဥရောပ နေရာကို ၀င်ခွင့်ရရှိမယ်လို့  ယုံကြည်ပါတယ်။ ဒါက အရေးကြီးဆုံးနဲ့  အနီးဆုံး ပစ်မှတ်ပါ။

ဘာမင်ဟမ်ကို နိုင်သလိုမျိုး ပွဲတိုင်း ၅ - ၀ ပြတ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘာမင်ဟမ် နဲ့  တုန်းက ကစားခဲ့သလို စိတ်ဓာတ်နဲ့  ကစားပုံ ကစားရင်တော့ နိုင်ဖို့  အခွင့်အလမ်းများပါတယ်။

ကျွန်တော်တို့  တစ်ပွဲထက် တစ်ပွဲ ကို အာရုံစိုက်ပြီး ကစားဖို့  လိုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ နယူးကာဆယ်နဲ့ ပွဲပေါ့။ စပါးက ချဲလ်ဆီးနဲ့  ပွဲကြပ် ကန်ရမှာမို့  ဒီအပတ်တော့ ကျွန်တော်တို့  သူတို့ ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ အိမ်ကွင်းမှာ တစ်မှတ်မှ မဆုံးဖို့  အရေးကြီးသလို စပါးနဲ့ လည်း ကန်ရအုန်းမယ်လေ။

အဝေးကွင်းခက်ခဲတဲ့ ဖူဟမ်နဲ့  ဗွီလာ နဲ့ ကန်ရပါအုန်းမယ်။ ကျွန်တော် ပြောခဲ့သလို တစ်ပွဲပြီး တစ်ပွဲကို သာ အာရုံစိုက်ပြီး ကန်ရင်တော့ အမှတ်တွေ မလျှော့လောက်ပါဘူး။

ပြီးခဲ့တဲ့ ၅ ၆ လောက်အထိက ဥရောပ ၀င်ခွင့်ဆိုတာ မသေခြာခဲ့ပါဘူး။ ဒါပေမယ့် ကင်နီ၊ စတိဗ် နဲ့  ကျွန်တော်တို့  အားလုံးကြိုးစားမှု နဲ့  အတူ အခုတော့ ဥရောပ ၀င်ခွင့်နေရာကို စိန်ခေါ်လာနိုင်ပါတယ်။

မဲလ်ဝုဒ်က ပျော်ဖို့  ကောင်းတဲ့နေရာပါ။ အ၀တ်လဲခန်းက ငယ်မူငယ်သွေးတွေ ပြည့်နေသလို ပျော်ရွှင်ပြီး အသံကျယ်တဲ့ အခန်းပေါ့။

အသင်း အားပေးသူတွေက အခုဆိုရင် ပိုပြီး အကောင်းမြင်လာပါပြီ။ အသင်းကစားပုံ ကောင်းမွန်လာတာကတော့ သူတို့ အတွက် ပျော်ရွှင်စေပါတယ်။ ကျွန်တော်တို့  သူတို့ ရဲ့  သစ္စာရှိစွာ အားပေးမှု အတွက် အမြဲတမ်းခံစားရပါတယ်။ ဒီလို အားပေးထောက်ခံမှု ရတာ အင်မတန် ကောင်းပါတယ်။” လို့  LFC TV ကိုပြောကြားလိုက်ပါတယ်။

ကိုးကား - http://www.liverpoolfc.tv/news/latest-news/reina-four-wins-key-to-europe

YNWA
ပန်ဒါ

 
Picture
အော်ရယ်လီယိုက ရာသီမကုန်ခင် ထပ်မံ ကစားနိုင်ဖို့  မျှော်လင့်နေပါတယ်တဲ့။

“ကျွန်တော်ဟာ ရာသီမကုန်ခင် ကစားနိုင်မယ်လို့ အကောင်းမြင်ထားပါတယ်။ ကျွန်တော့် ဒဏ်ရာဟာ မန်ယူ နဲ့  ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာမျိုးပါ။ ကျွန်တော့် အမြင်နဲ့ ပတ်သက်ပြီးတော့ ဒါဟာ အင်မတန်စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် ဘုရားသခင်က ကောင်းမြတ်ပါတယ်။ မကြာခင် ဒဏ်ရာအခြေအနေက ရုန်းထွက်မယ်လို့  ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အမြဲတမ်း ကြံ့ခိုင်မှု ပြည့်ဝဖို့ အတွက် တိုက်ပွဲ ၀င်နေတာပါ။”

http://www.goal.com/en-gb/news/2896/premier-league/2011/04/28/2461872/fabio-aurelio-optimistic-of-returning-for-liverpool-before

 
Picture
Liverpool အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး Ezequiel Lavezzi ကို စောင့်ကြည့်နေတာ ၁၂ လ ရှိသွားပြီ ဆိုပြီး သူ့  အေးဂျင့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“လာဗီဇီ ကို လီဗာပူးလိုက်နေတာ ၁၂ လ လောက်ရှိနေပါပြီ။ သူ့ ကို လာမယ့် နွေရာသီကျရင် လီဗာပူး အသင်း ကမ်းလှမ်းသွားဖွယ်ရှိပါတယ်။ နာပိုလီ အနေနဲ့  အသင်းမှာ အရေးပါတဲ့ ကစားသမားကို လက်မလွှတ်သင့်ပါဘူး။”

ပွဲပေါင်း ၁၂၂ ပွဲမှာ ၃၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒီ အာဂျင်တီးနား တိုက်စစ်မှူးကို အေစီမီလန် အသင်းလည်း စောင့်ကြည့်နေ တယ်လို့  သိရပါတယ်။
 
Picture
“ကျွန်တော် မန်ယူကို ပြောင်းရွှေ့ မှာမဟုတ်ပါဘူး။ ဒါက ကျွန်တော့် စိတ်ထဲ လုံးဝ ကိုမရှိတာပါ။ သူတို့  အတွက် ကျွန်တော် သင့်တော်လား မတော်ဘူးလားဆိုတာကို ကျွန်တော် မသိသလို ကျွန်တော့်ကို စိတ်ဝင်စားနေတာလား ဆိုတာလည်း ကျွန်တော်မသိပါဘူး။

လက်ရှိ ရလဒ်တွေနဲ့  ပတ်သက်ပြီး ကျွန်တော်ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ပြီး နိုင်ပွဲတွေ ရရှိလိမ့်မယ် လို့ ယုံကြည်နေပါတယ်။ ကျွန်တော်ကတော့ အမေရိကန် ပိုင်ရှင်အသစ်တွေ အသင်းအပေါ် ဆက်လက်ပြီး တိုးတက်အောင် လုပ်နေဖို့  မျှော်လင့်ပါတယ်။ လောလောဆယ် သူတို့ က ကစားသမား အသစ်တွေ ခေါ်ယူဖို့  ခြေလှမ်းလှမ်းနေတာရယ်၊ ကလပ်ကိုတိုးတက်ဖို့  ကြံရွယ်နေပါတယ်။ ကျွန်တော်တို့  အရင်ကလို ဆုဖလားတွေ ပြန်လည် ရယူဖို့ မျှော်လင့်ပါတယ်။

ဘန်နီတက်ဇ် က ကျွန်တော့်ကို ဒီကိုခေါ်ယူလာတာပါ။ ဒါက ကျွန်တော်ဟာ ဒဲလ်ဂလိပ်နဲ့  အဆင်မပြေဘူးလို့  မပြောနိုင်ပါဘူး။ ဒဲလ်ဂလိပ်က အခုချိန်မှာ လီဗာပူး အတွက် အသင့်တော်ဆုံး မန်နေဂျာပါ။ အသင်းကစားပုံ ပိုမိုပြီး ကောင်းမွန်လာသလို နောက်ပွဲတွေမှာ ဒီလိုသာကစားသွားမယ်ဆိုရင် ကျွန်တော်တို့  နံပတ် ၅ နေရာကိုရပြီး ဥရောပ လိဂ်ကို ၀င်ခွင့်ရနိုင်ပါတယ်။” လို့  ရေနာက Cadena Cope စပိန် ရေဒီယို ကိုပြောကြားခဲ့ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/26/2459311/i-am-not-going-to-manchester-united-liverpool-keeper-pepe

 
Picture
ဇန်န၀ါရီလမှ လီဗာပူးကို ပြန်လည်ရောက်ရှိလာတဲ့ ကင်နီဒဲလ်ဂလိပ်ဟာ ရာသီကုန်ဆုံးဖို့ အထိသာ တာဝန်ယူထားပါတယ်။ ကင်နီလက်ထက်မှာ လီဗာပူး အသင်း ဟာ ပြန်လည်ဦးမော့လာပြီး ဥရောပ ၀င်ခွင့်နေရာ ကို စိန်ခေါ်နိုင်ခဲ့တာမို့  ကာရေဂါ၊ လူးကပ်စ်၊ ဒတ်ကောက်ခ်ျ စသည့် ကစားသမားများအပြင် အားပေးတဲ့ ပရိတ်သတ်တွေ အားလုံးဟာလည်း ကင်နီကို အမြဲတမ်းနည်းပြ အနေနဲ့  ခန့် အပ်ဖို့  တောင်းဆိုထားပါတယ်။

သူကတော့ “ကျွန်တော့်မှာ အဲ အကြောင်းနဲ့  ပတ်သက်ပြီးဘာမှပြောစရာမရှိပါဘူး။ သတင်းထူး တစ်ခုခုရှိမယ်ဆိုရင် အားလုံးကို ကျွန်တော် အကြောင်းကြားပါ့မယ်။

ကျွန်တော့်အနေနဲ့  ဒီရာထူးကို ရယူထားတာ ဂုဏ်ယူသလို အခုလို အမေးခံရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။

ကျွန်တော့်အနေနဲ့  ပြန်လာပြီး ကူညီလို့ ရရင် ကူညီပါတယ်လို့  ပြောခဲ့ပါတယ်။ ကလပ် ပိုင်ရှင်က ကျွန်တော့် ကို အလိုရှိတဲ့အတွက် ပြန်လာတာပါ။”

လီဗာပူး ပရိတ်သတ်တွေက မကြာခဏ ‘King Kenny’ ဆိုပြီး ကွင်းထဲမှာ အော်ပြီး အားပေးမှုအပေါ်

“သူတို့  ကျွန်တော့်နာမည်ကို ခေါ်ပြီး ဂုဏ်ပြုတာ ကျွန်တော် အင်မတန် ကျေနပ် ကြည်နူးမိပါတယ်။ ဒါပေမယ့် ကစားကွင်းထဲမှာ ကစားနေတဲ့ ကစားသမားနာမည်ကိုခေါ်ပြီး ဂုဏ်ပြုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။” ဆိုပြီး အမြဲတမ်း စာချုပ်ကိစ္စ အပေါ်ပြောကြားလိုက်ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/25/2457591/interim-liverpool-manager-kenny-dalglish-reveals-no
 
Picture
ဂျိုးကိုးဟာ ကင်နီ ကို စိတ်ဝင်စားလောက်အောင် ခြေစွမ်းမပြနိုင်ခဲ့တာမို့  ဒီရာသီကုန်ရင် ထွက်ခွာ ဖွယ်ရှိတယ်တဲ့။

၂၉ နှစ်ရှိပြီဖြစ်တဲ့ ဂျိုးကိုးဟာ ပြီးခဲ့တဲ့ ဂျူလိုင်လမှ ချဲလ်ဆီးကနေ ပြောင်းရွှေ့ လာတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၈ပွဲ သာ ပါဝင်ကစားခွင့်ရကာ ကာပယ်လိုရဲ့  အင်္ဂလန်လူစာရင်းမှလည်း နေရာပျောက်ခဲ့ပြီဖြစ်ပါတယ်။

ဂျိုးကိုးအတွက် ပေါင် ၁၀ သန်းသတ်မှတ်ဖွယ်ရှိပြီး စပါးနဲ့  ဂျိုးကိုး အသင်းဟောင်း ၀က်စ်ဟမ်းက စိတ်ဝင်စားနေတယ်တဲ့။ ဒါပေမယ့် ၁ ပတ် ပေါင် ၁ သိန်း ပေးရတာမို့  စိတ်ဝင်စားသူတွေကို လက်တွန့် သွားစေတယ်တဲ့။

The Sun သတင်းစာကတော့ “ဂျိုးကိုး အတွက် ခက်ခဲပေမယ့် ဒီကလပ်မှာ သူခြေစွမ်းမပြနိုင်ပါဘူး။ ကင်နီဟာ လီဗာပူး အသင်းသစ်ကို တည်ဆောက်နေပြီး ဆွာရက်စ်၊ ကာရိုး လို ကစားသမားတွေ အသစ် ထပ်မံ ခေါ်ယူအုန်းမှာပါ။ ကံမကောင်းစွာနဲ့  ဒါဟာ ဂျိုးကိုးက အသင်းမှာ ပိုနေတယ်လို့  သွယ်ဝိုက်ပြီးပြောလိုက်တာပါ။” လို့  လီဗာပူး အတွင်းကလူ တစ်ယောက် ပြောကြားလိုက်တယ်လို့  ဖော်ပြလိုက်ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/25/2457064/liverpool-midfielder-joe-cole-set-to-leave-the-club-at-end


 
Picture
ကင်နီက “ကျွန်တော်တို့  ညက ကစားပုံ အင်မတန်ကောင်းမွန်ခဲ့တာမို့  ကျွန်တော်တို့  အနိုင်ရသင့်ပါတယ်။

အစောပိုင်းမှာ ဂိုးရလိုက်ပေမယ့် သူတို့ ဟာ ကျွန်တော်တို့ အသင်းကို ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။ ရေနာကတော့ အလုပ်မရှုပ်ခဲ့ပါဘူး။

ဒုတိယဂိုး ထက် တတိယ ဂိုးကတော့ ပိုပြီး အရေးကြီးတယ်ထင်ပါတယ်။ ၂ ဂိုးသွင်းထားနိုင်ပေမယ့်လည်း သိပ် စိတ်မချရသေးပါဘူး။

ကျွန်တော့် ကောင်တွေကတော့ ဒုတိယပိုင်း မှာ ပထမပိုင်းလိုပဲ ကစားပုံ ကောင်းမွန်အောင် အားထုတ် ကစားခဲ့ပါတယ်။

မက်ဆီ ဟာ ကာရိုးနေရာကို ဒါရိုက် အစားထိုးခဲ့တာမဟုတ်ပေမယ့် သူဟာ ကာရိုးထက် တစ်ပွဲထဲမှာ ဂိုးများစွာ သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီက တော်တဲ့ ကစားသမားတစ်ယောက်ပါ။ ထရိန်နင်မှာ အားလုံးက အပေးအယူမျှစွာ ကစားခဲ့တာမို့  ဒီပွဲမှာ နိုင်ခဲ့တာပါ။

မက်ဆီ ကစားပွဲ ကို မကစားခဲ့တာ အပတ်ပေါင်း အနည်းငယ်ကြာခဲ့ပေမယ့် သူဟာ ဒီနေ့ မှာ တော့ အကောင်းဆုံး ကစားသွားနိုင်ပါတယ်။

ထရိန်နင်မှာ အကောင်းဆုံး ကစားနေတဲ့ ဂျိုးကိုး ကလည်း ဒီနေ့ မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသမား အမှား အယွင်းမှားခဲ့သလို ဖြစ်ပေမယ့် ဂိုးသွင်းတဲ့သူမှာ ဂျိုးကိုးပဲဖြစ်ပါတယ်။

ဖလာနာဂန်နဲ့  ရော်ဘင်ဆင်တို့ အတွက် ဒုတိယ ပွဲ ဖြစ်ပေမယ့် သူတို့ ဟာ အကောင်းဆုံး တည်တည်ငြိမ်ငြိမ်နဲ့  ကစားသွားနိုင်ပါတယ်။

အန်ဒီ ကာရိုး အခြေအနေကို ကျွန်တော်တို့  စောင့်ကြည့်နေပါတယ်။ နောက်အပတ် ပွဲက သူ့ အတွက်ပိုပြီး အရေးကြီးပါတယ်။ ဘာလို့ လည်းဆိုတော့ သူဟာ အသင်းဟောင်း နယူးကာဆယ်ကို သွားကန်မှာမလို့ ပါ။

သူဟာ ကြံ့ခိုင်နေရင်တော့ ၀င်ကစားနိုင်ပါလိမ့်မယ်။ ကြံ့ခိုင်မှု မပြည့်ဝရင်တော့ နောက်တစ်ယောက်ကို ရွေးချယ်မှာပါ။” လို့ ပွဲပြီး အတွက် ပြောလိုက်ပါတယ်။

 
ဘာမင်ဟမ် နည်းပြ McLeish ကတော့ ၅ ဂိုးပြတ်နဲ့  ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ သူ့  ခံစစ်ကစားပုံ မှာယွင်းခဲ့တယ် ဆိုတာ ကို ဝေဖန်ပြောကြားလိုက်ပါတယ်။

စပါး နည်းပြ ရက်နက် ကတော့ လီဗာပူး အသင်းကို ဥရောပလိဂ် နေရာအတွက် စောင့်ကြည့်ရမယ်။ သူတို့ ဟာ နံပတ် ၅ နေရာအတွက်ပွဲ လွဲချော်သွားနိုင်တယ်လို့  ပြောကြားလိုက်ပါတယ်။ စပါးဟာ ၅ ပွဲ ကစားဖို့  ကျန်နေသေးလို ချဲလ်ဆီး၊ မန်စီးတီး၊ လီဗာပူး တို့  နဲ့  ပွဲကြပ်တွေ ထပ်မံ ကစားရမှာဖြစ်ပါတယ်။ နောက်အပတ်မှာ ချဲလ်ဆီး အဝေးကွင်း၊ စပါးဟာ ၇ မေ ကနေ ၁၅ မေအတွင်း ၃ ပွဲ ကစားရမှာဖြစ်ပြီး ဘလက်ပူးကို အိမ်ကွင်း၊ ၁၀ ရက်နေ့ မှာ မန်စီးတီးကို အဝေးကွင်းနဲ့  ၁၅ ရက်နေ့ မှာ လီဗာပူး အဝေးကွင်းကို ကစားရမှာဖြစ်ပါတယ်။ ပွဲကြပ်တွေ ဆက်တိုက်ကစားရမှာဖြစ်သလို ၅ ရက်အတွင်း အဝေးကွင်း ၂ ပွဲကစားရမှာဖြစ်တဲ့ စပါး က ပွဲလည်း ပန်းနိုင်သလို အမှတ်တွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။

လီဗာပူး အသင်းကတော့ ၄ ပွဲ ကစားဖို့  ကျန်နေပြီး အိမ်ကွင်း မှာ နယူးကာဆယ်၊ စပါး တို့  နဲ့  ကစားရမှာဖြစ်သလို အဝေးကွင်းမှာ ဖူဟမ် နဲ့  အက်စတွန်ဗီလာတို့  နဲ့  သွားကစားရမှာဖြစ်ပါတယ်။ လီဗာပူး ကစားရမယ့် ရက်တွေကတော့ ၁ ပတ် ၁ ပွဲသာ ကစားရမှာဖြစ်တာမို့  အခြေအနေ ကောင်းနိုင်ပါတယ်။ ကျန်တဲ့ ၄ ပွဲမှာ အမှတ်ကို ရသလောက် လီဗာပူး ယူနိုင်မယ်ဆိုရင်တော့ ဒီနှစ် ဥရောပ လိဂ်အတွက် အခြေအနေ ကောင်းသွားနိုင်ပါတယ်။

အာကြီးနဲ့ ပွဲတုန်းက ကျွန်တော် ရေးခဲ့သလိုပဲ တောင်ပံ ကစားသမား တစ်ယောက် ထည့်ကစားရင် ကစားကွက်က ပိုမြိုင်လာမယ်ဆိုတာလေ။ ညက ကာရိုးက ကြံ့ခိုင်မှု မပြည့်တော့ ဆွာရက်စ်ကို တစ်ယောက်ထဲ ရှေ့ မှာ ကစားပြီး ၄ ၅ ၁ လိုလို.. ၄ ၃ ၃ လိုလို ပြောင်းဆော့တော့ ဂိုးတွေ လှိမ့်ရသဟ။ မက်ဆီ ပါးနပ်လွန်းလို့ ရတာပါ။ အရင်က လို ဒီကောင် တောင်ကန် မြောက်ကန် မကန်တော့ဘူး။ ဂျိုးကိုးကြီးကတော့ လေးနေတုန်း။

YNWA
ပန်ဒါ