Picture
ဇန်န၀ါရီလမှ လီဗာပူးကို ပြန်လည်ရောက်ရှိလာတဲ့ ကင်နီဒဲလ်ဂလိပ်ဟာ ရာသီကုန်ဆုံးဖို့ အထိသာ တာဝန်ယူထားပါတယ်။ ကင်နီလက်ထက်မှာ လီဗာပူး အသင်း ဟာ ပြန်လည်ဦးမော့လာပြီး ဥရောပ ၀င်ခွင့်နေရာ ကို စိန်ခေါ်နိုင်ခဲ့တာမို့  ကာရေဂါ၊ လူးကပ်စ်၊ ဒတ်ကောက်ခ်ျ စသည့် ကစားသမားများအပြင် အားပေးတဲ့ ပရိတ်သတ်တွေ အားလုံးဟာလည်း ကင်နီကို အမြဲတမ်းနည်းပြ အနေနဲ့  ခန့် အပ်ဖို့  တောင်းဆိုထားပါတယ်။

သူကတော့ “ကျွန်တော့်မှာ အဲ အကြောင်းနဲ့  ပတ်သက်ပြီးဘာမှပြောစရာမရှိပါဘူး။ သတင်းထူး တစ်ခုခုရှိမယ်ဆိုရင် အားလုံးကို ကျွန်တော် အကြောင်းကြားပါ့မယ်။

ကျွန်တော့်အနေနဲ့  ဒီရာထူးကို ရယူထားတာ ဂုဏ်ယူသလို အခုလို အမေးခံရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။

ကျွန်တော့်အနေနဲ့  ပြန်လာပြီး ကူညီလို့ ရရင် ကူညီပါတယ်လို့  ပြောခဲ့ပါတယ်။ ကလပ် ပိုင်ရှင်က ကျွန်တော့် ကို အလိုရှိတဲ့အတွက် ပြန်လာတာပါ။”

လီဗာပူး ပရိတ်သတ်တွေက မကြာခဏ ‘King Kenny’ ဆိုပြီး ကွင်းထဲမှာ အော်ပြီး အားပေးမှုအပေါ်

“သူတို့  ကျွန်တော့်နာမည်ကို ခေါ်ပြီး ဂုဏ်ပြုတာ ကျွန်တော် အင်မတန် ကျေနပ် ကြည်နူးမိပါတယ်။ ဒါပေမယ့် ကစားကွင်းထဲမှာ ကစားနေတဲ့ ကစားသမားနာမည်ကိုခေါ်ပြီး ဂုဏ်ပြုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။” ဆိုပြီး အမြဲတမ်း စာချုပ်ကိစ္စ အပေါ်ပြောကြားလိုက်ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/25/2457591/interim-liverpool-manager-kenny-dalglish-reveals-no



Leave a Reply.