FA က လီဗာပူး မန်နေဂျာ ကင်နီဟာ အာဆင်နယ် မန်နေဂျာ အပေါ် ပရော်ဖက်ရှင်နယ် မဆန်တဲ့ အသုံးအနှုံး အတွက် အရေးယူမှာမဟုတ်ဘူး ဆိုတာကို အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်နေဂျာ ၂ ဦးဟာ လီဗာပူး အသင်း ပင်နယ်တီရတဲ့ အချိန်မှာ ငြိကြတာဖြစ်ပြီး ၀င်းဂါးကတော့ ပင်နယ်တီ မပေးသင့်ဘူးဆိုပြီး စောဒက တက်မှု အပေါ် ကင်နီဟာ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အသုံး အနှုံးကို သုံးခဲ့တာပါ။

FA တာဝန်ရှိသူက “ဒါဟာ ရွန်နီ အဖြစ်နဲ့ ကွဲပြားပါတယ်။ ကင်မရာကို တည့်တည့်ချိန်ပြီး ပြောတာနဲ့  အမှတ်တမဲ့ ပြောတာဟာ ကွာခြားပါတယ်။” လို့  ပြောလိုက်ပါတယ်။

--
 
ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/19/2448036/fa-will-not-charge-liverpool-boss-kenny-dalglish-for-swearing-at-

အာဆင်နယ် ဖန်တွေ ချိတ်ချိုးနဲ့ နော်။ ဟီး။

ကြည့်မိသလောက် အဲညက ကင်နီ က တော်တော်စွာတာပဲ။ တော်ရုံ မန်နေဂျာဆို အာစင်ဝင်းဂါးကို အဲလို ဘယ်ပြောရဲမတုန်း။ ကြည့်ရတာ အဖိုးကြီးက ပြုံးပြုံး နဲ့  အသင်းအပေါ်မှာ တော်တော် သြဇာ ညောင်းမယ့် ပုံပဲ။

YNWA
ပန်ဒါ
4/21/2011 07:55:32 pm

piss off ဆိုတာ ဆဲတယ်လို့လည်း မဟုတ်ပါဘူးဗျာ။
စိတ်ကုန်ဖို့ ကောင်းတယ် ၊ စိတ်ကုန်တယ် လို့လည်း အဓိပ္ပါယ် ရပါတယ်။

ကျနော်ကလည်း ၁၉၉၂ မတိုင်ခင်ကတည်းက လေဗာပူးလ်ကို အားပေးလာခဲ့တဲ့ လူပါ။ အခုလို သတင်းလေးတွေ စုစုစည်းစည်း တင်ပေးတဲ့ အတွက် ကျေးဇူးပါ။

Reply
ပန်ဒါ
4/21/2011 09:19:05 pm

ကိုဇော်ရေ.. ဟုတ်ပါတယ်။ ဆဲတာ မဟုတ်ပေမယ့် ခံရတဲ့ လူအဖို့  တော့ မသက်သာဘူးထင်ပါတယ်။ :) အဲလိုစွာတဲ့ နည်းပြ နဲ့ မှ လီဗာပူး ကစားသမားတွေနဲ့  ပရိတ်သတ် တွေအတွက် ကောင်းမယ်ထင်ပါတယ်။ နောက်တစ်ခွန်း F*** off. ကတော့ ဟုတ်လား မဟုတ်လားမသိဘူး။ သူ့  အသံတော့ ပီပီသသကြားနေရတာပဲ။ :P

Reply
gerrard8
4/22/2011 01:58:54 am

ဝင်းဂါးကြီးဘာမှတောင်ပြန်မပြောနိုင်ရှာဘူး....ဟေးဟေး...ကင်နီကွ....

Reply



Leave a Reply.