အိမ်ကွင်း နောက်ဆုံး ၅ ပွဲ ရလဒ်

Liverpool 1-0 Fulham
Liverpool 2-0 Stoke City
Liverpool 1-1 Wigan Athletic
Liverpool 3-1 Manchester United
Liverpool 3-0 Manchester City

ဘာမင်ဟမ် အဝေးကွင်း နောက်ဆုံး ၅ ပွဲ ရလဒ်

Chelsea 3 - 1 Birmingham
Blackburn 1 - 1 Birmingham
Wigan 2 - 1 Birmingham
Everton 1 - 1 Birmingham
West Ham 0 - 1 Birmingham

လီဗာပူး အသင်းနဲ့  ဘာမင်ဟမ် ပထမ အကျော့ ကန်တုန်းမှာတော့ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။ ဒီတစ်ခါတော့ အန်းဖီးကွင်းမှာ ကန်မှာဖြစ်ပါတယ်။ အန်းဖီးကွင်းမှာ ကန်တိုင်း လီဗာပူး ရလဒ် ကောင်းလေ့ရှိပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသာ သရေကျခဲ့ပါတယ်။ ဘာမင်ဟမ် အသင်းကတော့ အဝေးကွင်း ကစားပုံ ရလဒ် မကောင်းပဲ ၁ ပွဲနိုင် ၂ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။

ကာရိုးနဲ့  ကာရေဂါကိုတော့ ကင်နီက မဲလ်ဝုဒ် မှာ ဆေး အရင်စစ်ခိုင်းပြီးမှ ကြံ့ခိုင်မှု ပြည့်မှ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိတယ်တဲ့။

အဝေးကွင်း ၂ ပွဲကို ၄ ရက်ထဲခြားပြီး အသင်းကြီးနဲ့  ကစားရမယ့် ဘာမင်ဟမ် အဖို့ လည်း ပွဲပမ်းလာနိုင်ပါတယ်။ လီဗာပူးကတော့ ကြားထဲမှာ ပွဲကန်ရက် မရှိတာမို့  အားအင်ပြည့်ဝနိုင်ပါတယ်။ အာဆင်နယ် အသင်းကို ကြံ့ကြံ့ခံပြီး သရေ ကစားခဲ့နိုင်တာမို့ လည်း အသင်းသားတွေ စိတ်ဓာတ် တက်ကြွနေနိုင်ပါတယ်။ ဂိုးရဖို့  ရုန်းကန်နေရပေမယ့် လီဗာပူး အသင်းပဲ အနိုင်ရရှိသွားနိုင်ပါတယ်။

အာဆင်နယ်ကို သရေကျခဲ့တဲ့ လူစာရင်း အတိုင်းသာ ပွဲဦးထွက်လာနိုင်ဖွယ်ရှိပါတယ်။

ဖြစ်နိုင်ဖွယ်ရာ လိုင်းအပ်

Reina, Flanagan, Carragher, Skrtel, Robinson , Kuyt, Lucas, Spearing, Meireles, Suarez, Carroll.

ခန့် မှန်းချက်တွေ တင်ကြအုန်းနော်။ ဟို ရွှေကူမဲမ ပြီးကျမှ နောက်မှ သိတယ်လေး ဘာလေး မလုပ်ကြေး။ ဟေးဟေး။

YNWA
ပန်ဒါ



Leave a Reply.