Picture


ကင်နီဟာ ဒီနွေရာသီကျရင် လူတွေ ထပ်မံ ခေါ်ယူအုန်းမှာဖြစ်ပေမယ့် လိုအပ်တဲ့နေရာမှာ လူငယ်ကစားသမားတွေကို အဓိက နေရာပေးသွားမယ်တဲ့။ ဒီနှစ် ကင်နီလက်ထက်မှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကတော့ ဂျေးစပီးယားရင်း၊ မာတင်ကယ်လီ၊ ရှက်ဗေ၊ ဂျက်ဖလာနာဂန် နဲ့  ရော်ဘင်ဆင် တို့ ပဲဖြစ်ပါတယ်။

“နွေရာသီတိုင်းဟာ အသင်းအတွက် အရေးကြီးပါတယ်။ စီးပွားရေး ကောင်းမွန်တာနဲ့  အမျှ ကလပ် အတွက်လည်း ကောင်းမွန်မှာပါ။ နွေရာသီ အပြောင်းအရွှေ့ ဟာ ကစားသမားတွေကို ရောင်းချခြင်း နဲ့  ၀ယ်ယူခြင်း သက်သက်ချည်းပဲမဟုတ်ပါဘူး။ ဒါက အသင်းမှာ ရှိသည်ထက် တိုးတက်အောင်ပြုလုပ်ခြင်းသာဖြစ်ပါတယ်။

ဒီနွေရာသီဟာ လီဗာပူး အတွက်သာမက တစ်ခြား ကလပ်တွေ အားလုံးအတွက် ပါ အင်မတန် အရေးကြီးပါတယ်။ ဒါဟာ ကစားသမားတွေ တိုးတက်ဖို့ အတွက် အခန်းကဏ္ဍပါသလို ကစားသမား အသစ်ဝယ်ယူစုဆောင်းဖို့ အတွက် ဆင်ခြေ ပေးလို့  မရပါဘူး။

အသက်အရွယ်က သူတို့ ရဲ့  ကစားနိုင်တဲ့ အရည်အချည်းကို တိုင်းတာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မှာ လိုအပ်တဲ့ နေရာအတွက် လူငယ်ကစားသမားတွေက ရှိနေမယ်ဆိုရင် လူမခေါ်ပဲ လူငယ်ကစားသမားတွေ အတွက် နေရာပေးသွားမှာပါ။

လူငယ်ကစားသမားတွေကို အသုံးပြုလို့  ကျွန်တော်တို့  ကလပ်ကို တိုးတက်ဖို့  နှောင့်နှေးနေတယ် လို့  မယူဆစေချင်ပါဘူး။ ကျွန်တော်တို့  လူငယ်ကစားသမားတွေ အတွက် လမ်းဖွင့်ထားပေးတာပါ။” လို့  လူငယ်ကစားသမားတွေကို အသုံးပြုမယ်ဆိုပြီး ရည်ညွန်းသွားပါတယ်။

ကိုးကား - http://www.goal.com/en/news/9/england/2011/04/22/2452982/kenny-dalglish-calls-for-liverpool-to-continue-spending

YNWA
ပန်ဒါ
 
Picture
လီဗာပူး နည်းပြဟောင်း ဂျရတ်ဟူလီယာ ဟာ ဖျားနာနေတဲ့ အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ က ဆေးရုံကိုသွားခဲ့ရပါတယ်။ သူဟာ ဆေးရုံမှာ ၇ ရက်နေရမှာ ဖြစ်လို့  စတုတ်စီးတီးနဲ့ ပွဲကို လွဲချော်သွားမှာဖြစ်ပါတယ်။

လီဗာပူးကို ကိုင်တွယ်ခဲ့စဉ်တုန်းကလည်း လီဗာပူးနဲ့  လိဒ် ယူနိုက်တက် ကစားတဲ့ပွဲမှာ ပထမပိုင်းအပြီးမှာ နေမကောင်းဖြစ်ခဲ့တာမို့  ဆေးရုံကိုသွားပြီး ၁၁ နာရီကြာ အော်ပရေးရှင်း ၀င်ခဲ့ရပါသေးတယ်။

ကင်နီကတော့ “ကျွန်တော်တို့  အတွေးဟာ သူနဲ့ အတူတူရှိပါတယ်။ သူ့ ကို အမြန်ဆုံး ပြန်လည် နေကောင်းဖို့  ကျွန်တော်တို့  အားလုံး အလိုရှိပါတယ်။ သူနေ မကောင်းဖြစ်စဉ်တုန်းက ကြည့်တဲ့ဆရာဝန် Doc Waller က သူ့  အနားမှာရှိနေပါတယ်။ ဆေးရုံမှာ ရှိတဲ့ ၀န်ထမ်းတွေ အားလုံးဟာ သူ့ ကို အကောင်းဆုံးပြုစုမယ်လို့  ကွ်ျတော်တို့  သိပါတယ်။ ကျွန်တော်တို့  အားလုံး သူ့  ကို ဆန္ဒကောင်းများ ပို့ ပေးပါတယ်။” လို့  ပြောလိုက်ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/21/2451556/liverpool-manager-kenny-dalglish-our-thoughts-are-with

YNWA
ပန်ဒါ

 
အိမ်ကွင်း နောက်ဆုံး ၅ ပွဲ ရလဒ်

Liverpool 1-0 Fulham
Liverpool 2-0 Stoke City
Liverpool 1-1 Wigan Athletic
Liverpool 3-1 Manchester United
Liverpool 3-0 Manchester City

ဘာမင်ဟမ် အဝေးကွင်း နောက်ဆုံး ၅ ပွဲ ရလဒ်

Chelsea 3 - 1 Birmingham
Blackburn 1 - 1 Birmingham
Wigan 2 - 1 Birmingham
Everton 1 - 1 Birmingham
West Ham 0 - 1 Birmingham

လီဗာပူး အသင်းနဲ့  ဘာမင်ဟမ် ပထမ အကျော့ ကန်တုန်းမှာတော့ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။ ဒီတစ်ခါတော့ အန်းဖီးကွင်းမှာ ကန်မှာဖြစ်ပါတယ်။ အန်းဖီးကွင်းမှာ ကန်တိုင်း လီဗာပူး ရလဒ် ကောင်းလေ့ရှိပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသာ သရေကျခဲ့ပါတယ်။ ဘာမင်ဟမ် အသင်းကတော့ အဝေးကွင်း ကစားပုံ ရလဒ် မကောင်းပဲ ၁ ပွဲနိုင် ၂ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။

ကာရိုးနဲ့  ကာရေဂါကိုတော့ ကင်နီက မဲလ်ဝုဒ် မှာ ဆေး အရင်စစ်ခိုင်းပြီးမှ ကြံ့ခိုင်မှု ပြည့်မှ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိတယ်တဲ့။

အဝေးကွင်း ၂ ပွဲကို ၄ ရက်ထဲခြားပြီး အသင်းကြီးနဲ့  ကစားရမယ့် ဘာမင်ဟမ် အဖို့ လည်း ပွဲပမ်းလာနိုင်ပါတယ်။ လီဗာပူးကတော့ ကြားထဲမှာ ပွဲကန်ရက် မရှိတာမို့  အားအင်ပြည့်ဝနိုင်ပါတယ်။ အာဆင်နယ် အသင်းကို ကြံ့ကြံ့ခံပြီး သရေ ကစားခဲ့နိုင်တာမို့ လည်း အသင်းသားတွေ စိတ်ဓာတ် တက်ကြွနေနိုင်ပါတယ်။ ဂိုးရဖို့  ရုန်းကန်နေရပေမယ့် လီဗာပူး အသင်းပဲ အနိုင်ရရှိသွားနိုင်ပါတယ်။

အာဆင်နယ်ကို သရေကျခဲ့တဲ့ လူစာရင်း အတိုင်းသာ ပွဲဦးထွက်လာနိုင်ဖွယ်ရှိပါတယ်။

ဖြစ်နိုင်ဖွယ်ရာ လိုင်းအပ်

Reina, Flanagan, Carragher, Skrtel, Robinson , Kuyt, Lucas, Spearing, Meireles, Suarez, Carroll.

ခန့် မှန်းချက်တွေ တင်ကြအုန်းနော်။ ဟို ရွှေကူမဲမ ပြီးကျမှ နောက်မှ သိတယ်လေး ဘာလေး မလုပ်ကြေး။ ဟေးဟေး။

YNWA
ပန်ဒါ
 

FA က လီဗာပူး မန်နေဂျာ ကင်နီဟာ အာဆင်နယ် မန်နေဂျာ အပေါ် ပရော်ဖက်ရှင်နယ် မဆန်တဲ့ အသုံးအနှုံး အတွက် အရေးယူမှာမဟုတ်ဘူး ဆိုတာကို အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်နေဂျာ ၂ ဦးဟာ လီဗာပူး အသင်း ပင်နယ်တီရတဲ့ အချိန်မှာ ငြိကြတာဖြစ်ပြီး ၀င်းဂါးကတော့ ပင်နယ်တီ မပေးသင့်ဘူးဆိုပြီး စောဒက တက်မှု အပေါ် ကင်နီဟာ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အသုံး အနှုံးကို သုံးခဲ့တာပါ။

FA တာဝန်ရှိသူက “ဒါဟာ ရွန်နီ အဖြစ်နဲ့ ကွဲပြားပါတယ်။ ကင်မရာကို တည့်တည့်ချိန်ပြီး ပြောတာနဲ့  အမှတ်တမဲ့ ပြောတာဟာ ကွာခြားပါတယ်။” လို့  ပြောလိုက်ပါတယ်။

--
 
ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/19/2448036/fa-will-not-charge-liverpool-boss-kenny-dalglish-for-swearing-at-

အာဆင်နယ် ဖန်တွေ ချိတ်ချိုးနဲ့ နော်။ ဟီး။

ကြည့်မိသလောက် အဲညက ကင်နီ က တော်တော်စွာတာပဲ။ တော်ရုံ မန်နေဂျာဆို အာစင်ဝင်းဂါးကို အဲလို ဘယ်ပြောရဲမတုန်း။ ကြည့်ရတာ အဖိုးကြီးက ပြုံးပြုံး နဲ့  အသင်းအပေါ်မှာ တော်တော် သြဇာ ညောင်းမယ့် ပုံပဲ။

YNWA
ပန်ဒါ
 
Picture
PFA ဖန်တွေပေးတဲ့ ၂၀၁၀ - ၂၀၁၁ ရာသီရဲ့  အကောင်းဆုံး ကစားသမားဆုကို မေရားလက်စ် က ဆွတ်ခူးသွားခဲ့ပါတယ်။

ပေါင် ၁၁ သန်းနဲ့  ရောက်ရှိလာတဲ့ မေရားလက်စ်ဟာ လီဗာပူး အဆင့် ၆ ရအောင် အမှတ်လိုနေတဲ့ ပွဲတွေမှာ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပေါ်တီဂီ ကွင်းလယ် ကစားသမား မေရားလက်စ်ဟာ ဇန်န၀ါရီလ နဲ့  ဖေဖ၀ါရီလ အတွင်းမှာကန်တဲ့ ပွဲစဉ် ၆ ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကိုးကား - http://www.cleansheetsallround.co.uk/2011/04/liverpool-midfielder-lands-pfa-fans-award


Picture
လီဗာပူး တောင်ပံ ကစားသမား မီလန် ဂျိုဗန်နိုဗစ် ကတော့ သူဟာ လီဗာပူး အသင်းကို ပြောင်းရွှေ့ လာတာ မှားတယ်လို့  ၀န်ခံပြောကြားလိုက်ပါတယ်။

“ကျွန်တော့် အတွက် အကြီးမှားဆုံး နောင်တကတော့ ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့ မန်နေဂျာက ကျွန်တော် မရောက်ခင် ထွက်သွားတာပါပဲ။

ဘန်နီတက်ဇ် သာ ဆက်ရှိနေမယ်ဆိုရင် ကျွန်တော့် အနာဂတ်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ၁၅ ကလပ်လောက် ကျွန်တော့်ကို လိုက်ခဲ့ပေမယ့် လီဗာပူး အသင်းကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ကျွန်တော်မှားသွားပါတယ်။

ကျွန်တော့် ဇနီးနဲ့ ကလေးတွေသာ မရှိဘူးဆိုရင်တော့ ဆာဘီယန်းလို ပြောလို့ ကိုမရတာပါ။ လီဗာပူး အသင်းကို ပြောင်းရွှေ့ ဖို့ ငြင်းဆန်ဖို့  အားကျွန်တော့် မှာ မရှိခဲ့ပါဘူး။” လို့ ပြောလိုက်ပါတယ်။

ကိုးကား - http://www.cleansheetsallround.co.uk/2011/04/liverpool-mistake-set-to-leave-this-summer

--

ပြောင်းရွှေ့ တာမှားတဲ့ ဂျိုဗန်နိုဗစ်ကို ရောင်းပြီး ဖွတ်ကလိဒင်္ဂါး နည်းနည်းထည့်ပြီး ဘာကာက လူငယ်လေး ဘင်အက်ဖလေ ကိုခေါ်ရင်ကောင်းမယ်။ ခိခိ။

YNWA
ပန်ဒါ


 
Picture
လီဗာပူး အသင်းဟာ ရေနာ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် အစားထိုး ကစားသမား အနေနဲ့  လိုင်ယွန်နဲ့  ပြင်သစ်လက်ရွေးစင် ဂိုးသမား Hugo Lloris ကို ခေါ်ယူဖို့  မျက်စိကျနေပါသတဲ့။

Date of Birth: 26 Dec 1986 (Age 24)
Place of Birth: Nice
Nationality: France
Height: 186 cm.
Weight: 73 Kg.
Position: Goalkeeper
Squad Number: 1
National Team Page: France

လိုင်ယွန်အတွက် ပွဲပေါင်း ၉၆ ပွဲ၊ Nice အသင်းအတွက် ၇၂ ပွဲ နဲ့  ပြင်သစ်လက်ရွေးစင် အသင်းကြီး အတွက် ၂၂ ပွဲ ကစားပေးခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ပြင်သစ် ယူ ၁၈ ကတည်းကနေ ပြင်သစ် လက်ရွေးစင် အသင်းကြီး အထိ ရွေးချယ်ခံရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

--

ဂျူဗင်တပ်စ်မန်နေဂျာ က အင်ကွင်လာနီကို အမြဲ စာချုပ်ချုပ်ဖို့ စိတ်ဝင်စားတယ်ဆိုပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကျွန်တော်တို့  ၀ယ်ယူဖို့  စာတမ်းပါပေမယ့် လီဗာပူး တောင်းတဲ့ ဈေးက များနေပါတယ်။ မကြာခင်မှာ လီဗာပူး အသင်းနဲ့ ညှိနိုင်းသွားပါမယ်။ လို့ ပြောလိုက်ပါတယ်။
 
Picture
Kenny Dalglish ရဲ့  နာမည် အပြည့်အစုံ က Kenneth Mathieson Dalglish ဖြစ်ပါတယ်။ သူ့ ကို မေလ ၄ ရက်နေ့  ၁၉၅၁ မှာ မွေးဖွားခဲ့ပြီး စကော့တလန် လက်ရွေးစင် ကစားသမားဟောင်းဖြစ်ပါတယ်။ PFA ကစားသမားဆုကို 1982-1983 ဘောလုံးရာသီမှာ ချီးမြှင့်ခြင်းကို ခံရပါတယ်။

နှစ်ပေါင်း ၂၀ တိတိကစားခဲ့တဲ့ သူ့  ကစားသမားဘ၀ မှာ ဆဲလ်တစ်နဲ့  လီဗာပူး အသင်းမှာ သာ ကစားခဲ့ပြီး ၂ သင်းလုံးနဲ့  အောင်မြင်မှု ရရှိခဲ့ပါတယ်။ စကော့တလန် အသင်းအတွက် ပွဲအများဆုံး ပါဝင် ကစားခဲ့တဲ့ စံချိန်တင်နိုင်ခဲ့ပြီး စုစုပေါင်း ၁၀၂ ပွဲ ကစားခဲ့ပါတယ်။ သူနဲ့  ဒင်းနစ်လောတို့ က ဂိုးပေါင်း ၃၀ သွင်းပြီး အတူတူဖြစ်ပါတယ်။

ကင်နီဟာ သူ့  ကစားသမားဘ၀ကို ဆဲလ်တစ်နဲ့  စတင်ခဲ့ပြီး ၁၉၇၅ မှာ ကပ္ပတိန် ဖြစ်ခဲ့ပါတယ်။ ၁၉၇၁ ကနေ ၁၉၇၇ အတွင်း သူ ဟာ ဆဲလ်တစ်နဲ့  စကော့တစ်လန် ပထမတန်း ဖလားကို ၄ ကြိမ်၊ စတော့တစ်ကပ် ကို ၄ ကြိမ် နဲ့  စကော့တစ် လိဂ် ဖလား ၁ ကြိမ်ရရှိခဲ့ပါတယ်။ ၁၉၇၇ မှာ Bob Paisley ဟာ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ ကြေး £440,000 ပေးပြီး လီဗာပူး အသင်းကို ခေါ်ယူခဲ့ပါတယ်။

သူဟာ လီဗာပူး အသင်းနဲ့  အအောင်မြင်ဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။ လိဂ်ချန်ပီယံ ၇ ကြိမ်၊ ဥရောပ ဖလား ၃ ကြိမ် နဲ့  ပြည်တွင်း ဖလား ၅ ကြိမ် ရရှိခဲပါတယ်။ သူ့ နစ်နာမည် "King Kenny" ဆိုတာက ဆဲလ်တစ် ဖန်တွေက ပေးခဲ့တာဖြစ်ပြီး အန်းဖီးမှာပါ အဲနာမည်ကို ဆက်ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူဟာ “အန်းဖီးကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ကစားသမား ၁၀၀” ထဲမှာ နံပတ် ၁ ကို ချိတ်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒဲလ်ဂလိပ်ဟာ မန်နေဂျာ-ကစားသမား ဘ၀ကို ၁၉၈၅ မှာ စတင်ခဲ့ပြီး ၆ နှစ်တာ ကာလမှာ လိဂ် ဖလား ၃ ကြိမ်နဲ့  FA ဖလား ၂ ကြိမ်ရရှိခဲ့ပါတယ်။ ၁၉၉၁ မှာ လီဗာပူး နည်းပြကနေ နူတ်ထွက်ခဲ့ပါတယ်။

ဘလက်ဘန်း အသင်းကို ၁၉၉၁ မှာ စတင်နည်းပြခဲ့ပြီး ဒုတိယတန်းက ဘလက်ဘန်းနဲ့  ၁၉၉၅ မှာ EPL ဖလားရရှိခဲ့ပါတယ်။ 1997 မှာ နယူး ကာဆယ်ကို နည်းပြပေမယ့် အောင်မြင်မှု နည်းခဲ့ပါတယ်။ ၁၉၉၉ မှာ ဆဲလ်တစ် ဘောလုံး ဒါရိုက်တာ အဖြစ် ခန့် အပ်ခံရပါတယ်။

၂၀၀၀ နဲ့  ၂၀၁၀ အတွင်းမှာ သူ့  ဇနီး နဲ့  အတူ တည်ထောင်ထားတဲ့ The Marina Dalglish Appeal မှာသာ အားသွန်ခွန်စိုက် ပါဝင်ခဲ့ပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့  ၂၀၁၁ မှာတော့ လီဗာပူး အသင်းကို ပြန်လည် ပြီး နည်းပြ အဖြစ်နဲ့  ရောက်ရှိလာပါတယ်။

ကင်နီဟာ မာရီယာကို လက်ထပ်ခဲ့ပြီး ကလေး လေးယောက် မွေးဖွားခဲ့ပါတယ်။ သူ့ သား Paul က ဘောလုံး သမားအဖြစ်နဲ့  ရော မန်နေဂျာအဖြစ်ပါ ကစားခဲ့ပါတယ်။

မာရီနာဟာ ရင်သားကင်ဆာ ဖြစ်ပွားခဲ့ပြီး မတ်လ ၂၀၀၃ မှာတော့ ပျောက်ကင်းခဲ့ပါတယ်။ ၂၀၀၄ မှာ ကင်နီနဲ့  မာရီနာ တို့ ဟာ The Marina Dalglish Appeal ကို တည်ထောင်ပြီး ရင်သားကင်ဆာ ရောဂါ သည်တွေ အတွက် ရံပုံငွေရှာခဲ့ပါတယ်။ ပေါ နဲ့  လင်ဆေး တို့  ဟာလည်း ပါဝင်ခဲ့ပါတယ်။ ၃ နှစ်အတွင်းမှာ ပေါင် ၂ သန်းရရှိခဲ့ပါတယ်။ အဲငွေတွေကို မာဆေးဆိုဒ်ရှိ University Hospital Aintree ကီမိုထရဖီ ဌာနကို လှူဒါန်းခဲ့ပါတယ်။ မာရီနာဟာ ၂၀၀၉ မှာ MBE ဘွဲ့ ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ကင်နီဟာ ၁၉၈၄ မှာ MBE ဘွဲ့  ချီးမြှင့်ခံရတာမို့  လင်မယား ၂ ယောက်လုံး MBE ဖြစ်ခဲ့ပါတယ်။

ဇန်န၀ါရီ ၈ ရက်နေ့  ၂၀၁၁ ကနေ ယနေ့  ၂၀ အေပရယ် ၂၀၁၁ အထိ နည်းပြခဲ့တဲ့ ပွဲ ၁၈ ပွဲရှိပြီး ၈ ပွဲနိုင် ၅ ပွဲ သရေ နဲ့  ၅ ပွဲ ရှုံးထားပါတယ်။

Kenny အတွက် အမှတ်ရဆုံး ပုံရိပ် - ၂၀
 
Picture
ရေနာကတော့ ဒဲလ်ဂလိပ် ကို ဘာစီလိုနာ နည်းပြ ဂွာဒီယိုလာ နဲ့ ဆင်တယ်လို့  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“ကင်နီက လီဗာပူးရဲ့  ဒဏ္ဍရီပါ။ သူဟာ အသင်းကို အားပေးသူတွေ ဘာတွေ စဉ်းစားနေလည်း ဘာမြင်ချင်လည်း ဆိုတာကို ကောင်းကောင်းသိတဲ့ ကစားသမားပါ။

ဂွာဒီယိုလာ ကတော့ သူ့ ထက်ငယ်တာပေါ့။ သူတို့ ဟာ ကစားသမား ဘ၀မှာရော နည်းပြမှာပါ အောင်မြင်ကျော်ကြားသူတွေပါ။

သူဟာ အောင်မြင်တဲ့ ကစားသမားဘ၀ကို ဖြတ်သန်းလာတာမို့  ကစားသမားတွေရဲ့  အမြင်ကို နားလည်ပါတယ်။ အဲတော့ ကစားသမားတွေကို ဘယ်လိုကောင်းမွန်အောင် ကစားနိုင်မလည်းဆိုတာကို ကျွန်တော်တို့  နားလည် လွယ်ကူအောင် ပြောပြနိုင်ပါတယ်။

ဒဲလ်ဂလိပ် ရောက်လာတော့ ကျွန်တော်တို့  ဟောဒ့်ဆင်လက်ထက်ကထက် ကစားပုံ ပိုမိုကောင်းမွန်လာပါတယ်။ အသင်းကြီး တစ်ချို့ ကို ဖြတ်သန်းနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေအနေနဲ့  အသင်း တည်ငြိမ်အောင် စွမ်းဆောင်ပေးနိုင်သင့်သလို ပွဲတိုင်း အနိုင်ရဖို့  လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီနဲ့  ဒီရာသီအစမှာ ကျွန်တော်တို့  ကစားပုံ ညံ့ဖျင်းခဲ့ပါတယ်။ ကျွန်တော်တို့  ဒီလို အမှားမျိုး နောက်ရာသီမှာ ထပ်မလုပ်မိဖို့  လိုအပ်ပါတယ်။”

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/19/2448768/pepe-reina-kenny-dalglish-is-a-liverpool-legend-just-like
 
Picture
ဂျေမီ ကာရေဂါရဲ့ သားငယ်လေး James Lee Carragher ဟာ အခုဆိုရင် လီဗာပူး အကယ်ဒမီ U 8 မှာ စတင်ပြီး စာရင်းပေးသွင်းလိုက်ပြီဖြစ်ပါတယ်တဲ့။ နောက် ၈ နှစ် ၉ နှစ်လောက်ကျရင် လီဗာပူး အသင်းမှာများ မြင်တွေ့ နိုင်မလား။


Picture
ဂျူနီယာ ဂျာရတ်တော့ မြင်နိုင်ဖွယ် လမ်းမရှိပါဘူး။ ဘာလို့ လည်းဆိုတော့ Lilly-Ella Gerrard နဲ့  Lexie Gerrard ဆိုတဲ့ သမီးချည်းပဲ ၂ ယောက်မွေးထားပါတယ်ဗျာ။


Picture
အလွန်ဆိုရဲ့  သားငယ်လေးလည်း လီဗာပူး အသင်းမှာ ပြန်ကစားနိုင်ရင် ကောင်းမယ်။ ခိခိ။ ရီးရဲလ် မခေါ်ခင် သူ့  သားငယ်ကို ကိုမိုလီ စာချုပ်ချုပ်နိုင်ရင်ကောင်းမယ်။ ဟားဟား။


Picture
ဒတ်ကောက်ခ်ျက သားတစ်ယောက် သမီး တစ်ယောက်။ ဂျူနီယာ ကောက်ခ်ျ လေးကိုလည်း အခုကတည်းက ချုပ်ထားနိုင်လောက်ကောင်းပါရဲ့ ။ :P

 
ကျနော်တို့ လည်း အနိုင်ကို မမှန်းရဲဘူး။ ပထမ တစ်ပိုင်းလုံး ဘောလုံးက ပူးပူး ဘက်မှာချည်းပဲ။ ဒုတိယပိုင်းကျတော့ ကင်နီ ဗျူဟာ ပြောင်းလိုက်တယ်။ အလယ်မှာ အဖိခံထားရလို့  ကွင်းလယ် ဖန်တီးရှင်မရှိတဲ့ ကစားကွက်မှာ ကင်နီက ပြေးအား မရှိတဲ့ ကာရိုးကို အလယ်တန်း ဆင်းခိုင်းပြီး ကောင်တာနဲ့  ပြေးအားရှိတဲ့ ဆွာရက်စ်ကို ကစားခိုင်းလိုက်တယ်။ အဲတာကျမှ တိုက်စစ် အသက်ဝင်လာပြီး ဘတစ်ပြန် ကျားတစ်ပြန် ကစားနိုင်သွားပြီး ဂိုးသွင်းခွင့် ရလာပါတယ်။ ဗန်ပါစီ တစ်လုံး အပိုင်ကန်တာ ရေနာ ဒူးနဲ့ ထိပြီး ထွက်သွားလို့ ။ မဟုတ်ရင် ငုတ်တုတ်ကိုမေ့တယ်။

နည်းဗျူဟာ မှန်တယ်လို့ပဲပြောရမှာပါ။ တောင်ပံ ကစားသမား ကောင်းကောင်းသာရှိပြီး မွှေ ဆော့နိုင်ရင်တော့ ပွဲက ဒီထက် ပိုကြည့်ကောင်းမှာပါ။ ညက ကတုံးတွေချည်းပဲ။ ၁၁ ယောက်မှာ ၅ ယောက် က ကတုံးတွေ။ ရေနာ၊ စကာတယ်၊ စပီးရားယင်း၊ ရှက်ဗေ၊ မေးရားလက်စ်။ တစ်ကွင်းလုံး ပြောင်ပြောင် နဲ့ ။ ခိခိ။ ဘယ်နောက်ခံ လူအတွက်တော့ လူတောင် ရှာဝယ်စရာမလိုတော့ဘူးထင်တယ်။ အင်ဆူအာ ကိုပြန်ခေါ်၊ ပြီးတော့ ရော်ဘင်ဆင်ကို တစ်ပွဲထက် တစ်ပွဲ ပိုဆော့ခိုင်းရင် အတွေ့ အကြုံပြည့်လာတာနဲ့ အမျှ ကောင်းလာမှာပါ။ ညာဘက် မှာဆို ဂျွန်ဆင်၊ ကယ်လီ၊ ဖလာနာဂန် ပုံလို့ ။ နောက်တန်း အဖျက်တော့ ကာရေဂါနေရာမှာ ၀ဲလ်ဆင်လေးကို ထည့်ဆော့ရင် ကောင်းမယ်။ နောက်တန်း ကောင်းသလောက် အလယ်တန်းမှာ လူကို မရှိတာ။ လူငယ် အကယ်ဒမီက ကစားသမားတွေ စောင့်ကြည့်ရမှာရှိတယ်။ အဒမ်မော်ဂန် ဆိုတဲ့ ချာတိတ်လေးလည်း မဆိုးဘူး။ U 18 ရဲ့  ဂိုးသွင်းစက်။ သူ့ လည်း အငှားချကစားလိုက်ရင် တော်တော် ကောင်းမယ်ထင်တယ်။

နောက်ရာသီကျရင်တော့ အားနည်းတဲ့နေရာ လူဖြည့်ပြီး ဥရောပ ၀င်ခွင့်မရရင်တောင့် EPL Title ကို ချဲလင့် လုပ်နိုင်မယ်လို့  မျှော်လင့်မိပါတယ်။ ကင်နီလက်ထက်မှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ယူ၊ မန်စီးတီး တို့ ကို အနိုင်ရထားပြီး အာဆင်နယ် အသင်းကို သရေ ကစားနိုင်ပါတယ်။ လူနာ တွေနဲ့  လူမရှိတဲ့ ယိုင်တိ ယိုင်ကန် သွားနေတဲ့ လူစာရင်းမှာတော့ နည်းပြရဲ့  အသင်းကို ရိုက်သွင်းပေးတဲ့ စိတ်ဓာတ်မြှင့်တင်မှုပဲလို့  ထင်မြင်မိပါတယ်။ ရှိစုမဲ့စု ကစားသမားတွေနဲ့  ဒီလို ရလဒ်ကောင်းအောင် ဆောင်ရွက်ပေးနေတဲ့ ကင်နီ ဘလက်ဘန်းနဲ့  EPL ဖလား ရတာ သိပ်တော့ မဆန်းဘူးလို့ ထင်မိပါတယ်။