ညက ပထမပိုင်း လောက်က ဟောဒ့်ဆင် လက်ထက်က ချာတူးလန်နေတဲ့ အတိုင်း ကစားသဗျ။

ဒုတိယပိုင်းလောက်မှ ကစားကွက်က စီးမိလာပြီး ဂိုးသွင်းခွင့်တွေရလာတာ။ ၀က်စ်ဟမ်းက ကန်ခွင့် ပိုတောင်ရသေး။ ဂိုးလိုတဲ့ အချိန်မှာ သိပ်လောတယ်။ ၀က်စ်ဟမ်းနောက်တန်းကို ချဲမထုတ်ပဲ အတင်းဝင်၊ ဘောလုံးကို ဂိုးရှေ့ တင်တော့ ဟိုက အသာလေး ဖျက်ထုတ်တာပေါ့။ ပြီးတော့ ကောင်တာကလည်း ဘာပေါက်သလည်းမမေးနဲ့ ။ နောက်တန်းက အတင်း လိုက်ဖိတာလည်း ဆိုးတယ်။ ၀ဲလ်ဆင်တို့  ဂျွန်ဆင်တို့ ဆို ဟိုဘက် ပင်နယ်တီ ဧရိယာ နားချည်း။ ကင်နီကတော့ ဒီပွဲ ရှူံးသင့်တယ်တဲ့။ နည်းပြ က အရှူံးကို လက်ခံတာ မဆိုးပါဘူး။ ဒါမှပဲ ဘာလိုအပ်လည်းဆိုတာ ပြင်နိုင်မှာပါ။

အန်းဂေါ့ ကိုထည့်မယ့် အစား အလယ်တန်းမှာ လိုက်ကစားမယ့် ဂျေးစပီယားရင်းကို ထည့်ရင်တောင် ဟုတ်တုတ်တုတ်။

ကာရိုး ၀ယ်တာမှားတယ်လို့ မြင်မိတယ်။ အလားအလာရှိပေမယ့် ၁ လ လောက် မကစားနိုင်တဲ့ ကစားသမားကို ဈေးကြီး ၀ယ်ရတယ်။ ဒါတင်မက ပြန်ရောင်းရင် ၂၅% နယူးကာဆယ်ကိုလည်း ပေးရအုန်းမယ်။ တောရက်စ် သာ ထွက်မယ်လို့  ကြိုသိရင် လူငယ်ကစားသမား ဘိုဂျန်ကာကစ် တို့  ဘေယန်မြူးနစ် တိုက်စစ်မှူး မာရီယို ဂိုမက်စ် တို့ လို ဒေါင်ဒေါင်မြည် ၀ယ်နိုင်ပါတယ်။

ဆွာရက်ဇ် ကတော့ အကောင်းဆုံး ကစားသွားနိုင်တယ်။ တစ်လုံး ကစ်သေးတာ ဂိုးသမား ကောင်းလွန်းလို့  ပုတ်ထုတ်သွားတာ။ ကယ်လီကတော့ နည်းနည်းကြာအောင် နားရအုန်းမယ်ထင်တယ်။ မေရားလက်စ် ကတော့ အခြေအနေ မသိသေးပါဘူး။ သတင်းတက်လာနဲ့  Update လုပ်ပါ့မယ်။

အာကြီး များ ဖလားရနေမလားလို့  ဒီမနက် ထကြည့်မိတယ်။ သူလည်း ဘ၀တူတွေကိုဖြစ်လို့ ။ ဒီအပတ်တော့ ပူးပူး နဲ့ အာကြီး ပရိတ်သတ်တွေ တစ်ယောက်နဲ့  တစ်ယောက် ဖက်ပြီး မျက်ရည်တွေ ဘူးသီးလုံး လောက် ငိုရမလား၊ ဒါမှမဟုတ် တစ်သင်းနဲ့  တစ်သင်း အကြောင်း တစ်ယောက် တစ်လှည့် အပြစ်ပြောပြီး အပြစ်တင်မလား ဆိုတာ စဉ်းစားမိပါရဲ့ ။



Leave a Reply.