Picture
ဆွာရက်စ် က မတ်လအတွက် Standard Chartered LFC ကစားသမားကို ပရိတ်သတ်မဲပေးမှု နဲ့ အတူ ရရှိလိုက်ပါတယ်။

မတ်လအတွက် ဆွာရက်စ် က မန်ယူနဲ့  ဆန်းဒါးလန်းမှာသာ ပါဝင်ကစားခဲ့ရပေမယ့် ၂ ပွဲလုံး အနိုင်ရရှိတဲ့ အပေါ်မှာ သူ့  စွမ်းဆောင်ရည်က အဓိက ကျခဲ့ပါတယ်။

“လီဗာပူးက ကြီးမားတဲ့ မြို့ ဖြစ်သလို လီဗာပူး အသင်းကလည်း ကောင်းမွန်တဲ့ အသင်းပါ။ ကျွန်တော် ဒီမှာ အရမ်းပျော်ရွှင်မိပါတယ်။

ဒီက မြို့ ခံတွေ အားလုံး ဖော်ဖော်ရွေရွေနဲ့ ကောင်းမွန်သလို ဒီမှာ အသားကျဖို့  သိပ်မစောင့်လိုက်ရပါဘူး။

အခုလို လီဗာပူးအတွက် ကစားပေးတာ သိပ်မကြာသေးပေမယ့် အခု ဒီလိုဆုရတာ အင်မတန် ၀မ်းသာပါတယ်။

နောက်နှစ်မှာတော့ ကျွန်တော်တို့  ချန်ပီယံလိဂ်မှာ ၀င်ကစားနိုင်ဖို့  အမှတ်တွေ တတ်နိုင်သမျှ ယူဖို့  ကျွန်တော်တို့  ကြိုးစားသွားပါမယ်။ ”
လို့  LFC ကိုပြောလိုက်ပါတယ်။
gerrard8
3/31/2011 03:40:52 am

congratulation....ဆွာရက် မင်းကို ဒီလောက်ထိမြန်မြန်အထိုင်ကျမယ်လို့တောင်မထင်မိဘူး....
အမြဲတမ်းအားပေးနေမယ်......

Reply



Leave a Reply.