တစ်ခြား ကစားသမားတွေလို မဟုတ်ပဲ ဆွာရက်ဇ်ကတော့ အမ်ဒါစတမ်ကို ပြန်ပြီး ဖန်တွေနဲ့  အသင်းကို ကျေးဇူး တင်စကား အောက်ကလို ပြောခဲ့ပါတယ်။ ကွင်းထဲမှာပါ အင်တာဗျူး ကိုဖြေပေးသွားပါတယ်။ သူ့ အတွက် အေးဂျက်ဖန်တွေက 'You will never walk alone!' သီချင်းကို သီဆိုပြီး သူ့ ကို ပြန်လည် တုန့် ပြန်ခဲ့ပါတယ်။

ဒါတင်မက ဗွီဒီယို ဘုတ်အကြီးကြီး တစ်ခုထောင်ပြီး သူ့ ကစားကွက်တွေကို ပြခဲ့ပါတယ်။ စာတမ်းလေးလည်းတွေ့  တယ်ဗျာ။ 'Hasta la vista Amigo' တဲ့။ စပိန်လို ပြောတာ။ “နူတ်ဆက်ခဲ့ပါတယ် သူငယ်ချင်းရေ” လို့ အဓိပ္ပာယ် ရပါတယ်။

မီဒီယာတွေက သူ့ ကို လူဆိုး လို့ သတ်မှတ်ထားပေမယ့် ဒီနေရာမှာတော့ သူ့ စိတ်ရင်း အမှန်ကို ဖော်ပြခဲ့ပါတယ်။



Leave a Reply.