ဒီည လီဗာပူး အသင်း ၀က်စ်ဟမ်းကို ရှုံးတဲ့ အသင်းနဲ့ တစ်ခြား စီဖြစ်နေပါတယ်။ ကွင်းလယ် ဒေါင်ဒေါင်မြည် ပြန်ကောင်းလာသလို တစ်သင်းနဲ့ တစ်သင်း အပြန်အလှန် ကန်သွားတာ ကြည့်လို့ ကောင်းတဲ့ ပွဲပါ။ ဘာဘာတော့ ရဲ့  ဂိုးကန်ချက်က လီဗာပူး အသင်းအတွက် မျက်လုံး ပြူးစရာဖြစ်သွားပါတယ်။

ကွင်းလယ်မှာ အချိန်ကုန်နေပြီး တစ်သင်းနဲ့  တစ်သင်း အမှားကို စောင့်ကစားခဲ့ပါတယ်။ ဆွာရက်စ် နောက်ခံလူ ၃ ၄ ယောက်လောက်ကို လိမ်ပြီး ဂိုးထဲ ကန်လိုက်တာ ဂိုးနားရှိတဲ့ ကောက်ခ်ျ တစ်ယောက် ဂိုး အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဆွာရက်စ် ကန်တင်လိုက်တဲ့ အလုံးကို မေရားလက်စ်နဲ့ ယှဉ်လုပြီး နာနီ က စမောလင်းဆီ ချပေးလိုက်တာ ကောက်ခ်ျဆီ ရောက်လို့  ၃၉ မိနစ်မှာ နောက်တစ်ဂိုး သွင်းယူလိုက်ပါတယ်။

ကာရေဂါ နာနီကို ဖျတ်ထုတ်တာ ကြမ်းပါတယ်။ နာနီ ဒဏ်ရာရသွားနိုင်တယ်။

ရာဖေးလ်း လည်း စကာတယ် ဘောလုံး ၀င်ယူတာကို ခြေ ၂စုံလုံးနဲ့  ၀င်ပြီး အ၀င်ကြမ်းပါတယ်။ အခန့် မသင့်ရင် စကာတယ် ကျိုးသွားနိုင်တယ်။

တစ်ဖက်နဲ့ တစ်ဖက် အသင်း အကြိတ်အနယ် ကန်တာ လက်ခံလို့  ရပေမယ့် ခုလို လူချနေကြတာမြင်ရတာ စိတ်မချမ်းသာပါဘူး။  ၂ သင်းလုံး မျှမျှတတ ယှဉ်ပြိုင်ကြပါစေဗျာ။

YNWA
ပန်ဒါ
gerrard8
3/6/2011 01:13:27 am

နာနီရဲ့လုပ်ရပ်က လူရီစရာဖြစ်နေတယ်...
ပရော်ဖက်ရှင်နယ် မပီသဘူး...
ရာဖေးလဲတော်တော်ကြမ်းပါတယ်...
အခန့် မသင့်ရင် စကာတယ်တောင်ကျိုးသွားနိုင်လောက်တဲ့ ဖျက်ထုတ်မှုပါ...
ကျနော်တို့ ကြိုးကြာနီတွေက ဘယ်အသင်းညစ်ညစ် ကြမ်းကြမ်း သန့်သန့်ရှင်းရှင်းဆော့ တဲ့အသင်းပါ.....

Reply



Leave a Reply.