ကာရိုးကို ထည့်ကစားစေမယ် မကစား စေဘူးဆိုတာကိုတော့ အခုထိ တိတိကျကျ မပြောသေးတာမို့  ရှေ့ တန်းကို ဆွာရက်ဇ်ပဲ တာဝန်ယူ မယ်ထင်တယ်။ ဒဏ်ရာတွေ၊ ကြံ့ခိုင်မှု တွေနဲ့  ရုန်းကန်နေရတဲ့ အလယ်တန်း ၀က်စ်ဟမ်းနဲ့ ပွဲတုန်းက စုတ်ပျက်သတ်နေတာမို့  ဒီ ၁ ပတ်လုံး ပြန်လည် ပြုပြင်မယ့် အခွင့် အရေး ရှိပါတယ်။ မန်ယူကတော့ လန်ဒန်ကိုသွား ပြီး ချဲလ်ဆီး နဲ့  ကစားထားရတာမို့  ပွဲပန်းနိုင်ပါတယ်။

ဒါတင်မက လီဗာပူး ကို အဝေးကွင်းမှာ ပါ ကန်ရမှာမို့  နည်းနည်းပွဲပန်းနိုင်ဖွယ်ရှိပါ တယ်။ ဗီဒစ်က ပွဲပယ်ခံထားရတာမို့  ပွဲမကစား ရတာ ကြာပြီဖြစ်တဲ့ ၀က်စ်ဘရောင်းနဲ့  စမောလင်းတို့  တွဲပြီး ထွက်လာဖွယ်ရှိပါတယ်။ မန်ယူ နောက်တန်း အနေနဲ့  FA Cup ကန်တုန်းက နဲ့  ပထမအကြော့ ကန်တုန်းကနဲ့  တစ်ခြားစီဖြစ်သွားတဲ့ လီဗာပူး ရှေ့ တန်းကို ထိန်းရဖွယ်ရှိတယ်။

၂ သင်းလုံးကတော့ တစ်သင်းနဲ့  တစ်သင်း အမှားကို စောင့် ကစားပြီး ဘောလုံး ကိုင်ပြီး ကစားမယ်ထင်ပါတယ်။ အသင်းကြီး ၂ သင်းကန်တာနဲ့ အညီ အကြိတ်အနယ်တော့ ရှိမှာ သေခြာပါတယ်။

ပူးပူး အတွက် အားသာချက်ကတော့ ၁ ပတ်လုံး အနားရထားပြီး အရင်အပတ် ဒဏ်ရာတွေနဲ့  ရုန်းကန်ခဲ့ရတဲ့ အလယ်တန်းက အားပြည့်နေဖွယ်ရှိပါတယ်။ ကွင်းလယ် မှာ အရင်လူ အတိုင်းပွဲထွက်ဖွယ်ရှိပြီး နောက်တန်းတော့ ၀ဲလ်ဆင် အစား ကီယာဂေါ့စ် ၀င်ကစားမလား မသိပါဘူး။ ကယ်လီ နာသွားတာ ဆိုးပါတယ်။ အဖိုးကြီးတော့ ကာရိုးကို ထည့်ကစားမယ် ထင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရာ လိုင်းအပ်ကတော့

------------------------ရေနာ-- ------------

----------၀ဲလ်ဆင်---စကာတယ်----ကာရေဂါ--------

---ဂျွန်ဆင်---လူးကပ်စ်---ဂျာရတ်---မေရားလက်စ်---ဒတ်ကောက်ခ်ျ

------------ ကာရိုး\ အန်းဂေါ့--ဆွာရက်ဇ်-----

မန်ယူရဲ့ ပွဲပန်းမှုကို လီဗာပူး အသင်းက အားသာချက် အနေနဲ့ ယူနိုင်ရင်တော့ ပွတ်ကာသီကာ နဲ့  နိုင်သွားဖွယ်ရှိပါတယ်။ သရေ နဲ့  အနိုင်တော့ မှန်းပရစေ။



Leave a Reply.