ဒုတိယပိုင်းမှာလည်း လီဗာပူးပဲ ဂိုးရဖို့  ထပ်မံ ကြိုးစား ကစားနေတာတွေ့ ရပါတယ်။

ဆွာရက်စ် နောက်ခံလူတွေကြား ကျော်ပြီး ချပေးလိုက်တဲ့ ဘောလုံးကို ကို ကာရိုးကန်တာ လူထိပြီး ထွက်သွားပါတယ်။

တတိယ အကြိမ်မြောက် ကော်နာ ဆွာရက်စ် ကြောင့်ရတာကို ကန်တင်လိုက်တာ ဒတ်ကောက်ခ်ျ ခေါင်းခုန်တိုက်တာ ဘေးထွက်သွားပါတယ်။

ကော်နာ နောက်တစ်ခါရပြီး ကန်တင်လိုက်တာ မန်စီးတီး နောက်ခံလူ တွေ ဖြတ်ထုတ်လိုက်တဲ့ ဘောလုံးကို စပီးရားရင်း မြေမကျဘောကန်တာ အပေါ်ထောင်သွားပါတယ်။

မန်စီးတီးကတော့ လီဗာပူးနဲ့ အပြိုင်လိုက်ဆော့ဖို့ မကြိုးစားပဲ ဘောလုံး ကိုင်ကစားဖို့  ကြိုးစားနေပါတယ်။ ဖလာဂန် ကတော့ အခုမှ စ ကစားပေမယ့် ဘောလုံးကို တည်တည်ငြိမ်ငြိမ်နဲ့  လိုက်ဖျတ်ကစားသလို pass လည်း ကောင်းမွန်တဲ့ ကစားသမားပါ။

မန်စီးတီးကတော့ ချေပဂိုးရရှိနိုင်ဖို့  Silva ကို ထည့်ကစားတော့မယ့် အရိပ် အယောင်တွေ့ နေရပါတယ်။

James Milner အစား Silva ကို ထည့်ကစားပါတယ်။ ဒုတိယပိုင်းမှာတော့ ၂ သင်းလုံး ကစားပုံ အနည်းငယ်အေးသွားပါတယ်။ မန်စီးတီးကတော့ ချေပဂိုးရဖို့  အသည်းအသန် ကြိုးစားသလို လီဗာပူးလည်း အနိုင်ရရှိအောင် ထိန်းကစားခဲ့ပါတယ်။

နောက်တန်းနဲ့ အလယ်တန်း ဘောလုံး ဖျက်ထုတ်တာ ကောင်းမွန်တာမို့  ရေနာ ဒီပွဲမှာ Clean Sheet ထပ်မံရရှိပါတယ်။ အသည်းအသန် ပုတ်ထုတ်ရတာဆိုလို့  တိုရေး ဂိုးအပြင်ဘက်က အပြင်းကန်တဲ့ တစ်လုံးရယ် ဘာတိုလီ သူ့ ကို ကျော်ပြီး ကန်ဖို့  ကြိုးစားတဲ့ အလုံးကိုပဲ ဖမ်းလိုက်ရပါတယ်။

YNWA
Panda
8/10/2012 11:39:41 pm

Verry good

Reply



Leave a Reply.