Picture
Liverpool Line Up

Reina, Flanagan, Carragher, Skrtel, Aurelio, Lucas, Spearing, Meireles, Kuyt, Suarez, Carroll.

ဖလာဂန်ကတော့ လီဗာပူးအတွ့က် ပထမဆုံး ပွဲပြည့်ကို ၀င်ကစားပေးပါတယ်။

၆ မိနစ်မှာ ဆွာရက်စ် ကန်တာ ဂိုးသမား ဂျိုးဟတ်ပုတ်ထုတ်ပြီး တိုင်ထိထွက်သွားပါသေးတယ်။

ဂိုးးးးးးးးးးးးး

၁၃ မိနစ်မှာ ဂိုးသွားပါပြီ။ ကာရိုး အဝေးကစ် လှမ်းကန်ပြီး လီဗာပူး အတွက် ပထမဆုံး ဂိုးကို သွင်းယူပေးလိုက်ပါပြီ။

မေရားလက်စ် ကန်တာ မန်စီးတီး နောက်ခံလူတွေနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ကာရိုး ထပ်ကန်လိုက်တာ ဂိုးသွားပါပြီ။

ဒီည ကစားပုံက ၀က်စ်ဘရွနဲ့ တစ်ခြားစီပါဗျာ။ ဘယ်နောက်ခံ၊ ညာနောက်ခံ ၂ ဖက်လုံး ကစားတာ ကောင်းမွန်သလို အလယ်တန်းကလည်း အရင်ကနဲ့ တစ်ခြားစီပါဗျာ။ တောင်ပံ ကစားသမား စစ်စစ် မရှိသေးတာတော့ ဆိုးတယ်။

၁၀ မိနစ်လောက်ကတည်းက တီဗက်စ် ကတော့ နာလို့  ဘာတိုလီနဲ့  လဲလိုက်ရပါတယ်။

၂၈ မိနစ်အထိ လီဗာပူး ပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနေပြီး ကော်နာ ၂ ကြိမ်ရရှိထားပါတယ်။

၃၄ မိနစ်မှာ နောက် တစ်ဂိုးပါခင်ဗျာ။ ဒတ်ကောက်ခ်ျ ကန်ပြီး နောက်တစ်ဂိုးသွင်းယူလိုက်ပါပြီ။

အော်ရယ်လီယို ကန်တာ ပြန်ထွက်လာတဲ့ ဘောလုံးကို ဒတ်ကောက် ဂိုးသမား ညာဘက်ထောင့်ကို အပြင်းကန်ပြီး နောက်တစ်ဂိုးသွင်းလိုက်ပါပြီ။

၃၅ မိနစ်မှာပဲ မေရားလက်စ် ကန်တင်လိုက်တာ ကာရိုး ခေါင်း ထပ်တိုက်လို့  နောက်တစ်ဂိုးပါဗျာ။ ၃ - ၀ ဖြစ်သွားပါပြီ။

ပထမပိုင်း ပြီးတဲ့ အထိ မန်စီးတီးရော လီဗာပူးပါ ဂိုးရရှိဖို့ ကြိုးစားတာ ၇ ကြိမ်ဖြစ်ပြီး လီဗာပူးက ဂိုးပေါက်တည့်တာ ၅ ကြိမ်၊ မန်စီးတီးက ၂ ကြိမ်ဖြစ်ပါတယ်။ ဖောင်းဘောက လီဗာပူးက ၃ ကြိမ် မန်စီးတီးက တစ်ကြိမ်ဖြစ်ပါတယ်။ အ၀ါကတ်ကို အဒမ် ဂျွန်ဆင်ကို ဖျက်ထုတ်တာကြမ်းလို့  အော်ရယ်လီယို ဗွေဆော်ဦး အ၀ါကတ်ရထားပါတယ်။

YNWA
ပန်ဒါ





Leave a Reply.