1 မိနစ်တောင် မပြည့်သေးဘူး။ လက်လန်တယ်။ ဒီဘက်က ဆွာရက်စ် လွတ်နေတာကို ထိုးပေးလိုက်တာ။ ဆွာရက်စ် ကန်ခွင့်ရပေမယ့် တစ်ကိုယ်ကောင်း မဆန်ပဲ ဘေးကို ချပေးလိုက်တာ ဖူဟမ် နောက်ခံလူတွေ ဖျတ်ထုတ်လို့  ထွက်လာတဲ့ ဘောလုံးကို မက်ဆီ ကန်လိုက်တာ စက့္ကန့် ၄၀ မှာ ဗွေဆော်ဦး ဂိုးရသွားတယ်။

လူးကပ်စ်ကို ပွဲစပြီး ၂ မိနစ်လောက်မှာ ဒန်နီမာဖီ ဖျက်တာ ကြမ်းလို့  အ၀ါကတ် အပြခံရပါတယ်။

နောက်ထပ် မိနစ် ၅ မိနစ်လောက်မှာ ဂလန်းဂျွန်ဆင် ဘယ်ဘက်က တင်ပေးလိုက်တာ မက်ဆီပဲ မနားတမ်း မြေမကျဘောကန်ပြီး ထပ်သွင်းလိုက်လို့  ၂ - ၀ ဖြစ်သွားပါပြီ။ မနိုင်ဘူးဟေ့။ မက်ဆီတော့။

လူသတ်ကွင်းထဲကို ရောက်လာလား မှတ်နေရတယ်။ ဖူဟမ်က ဘာကျွေးသလည်း မမေးနဲ့ ။ အေးပေါ့လေ။ အိမ်ကွင်းဆိုတော့ ရေလည်စွာတာပေါ့။ ကျွေးတာမှ ဆွာရက်စ်၊ လူးကပ်စ်၊ မေရားလက်စ်၊ စကာတယ် အကုန် အကျွေးခံရတာ။ မေရားလက်စ် ဆို ဂတ်ဂျွန်ဆင် နောက်ကနေ ဘလိုင်းကြီး ကျွေးတာ ဒိုင်လူကြီး ဘာမှ မပြတာ အံ့သြစရာပဲ။

ဂိုးးးးးးးးးးး။။ နောက်တစ်ဂိုး။ ဒတ်ကောက်ခ်ျပဲ အဝေးကနေ လှမ်းကန်တာ။ ဂိုးသမား လက်နဲ့  ပုတ်ပြီး ဂိုးထဲ ပြန်ဝင်သွားတယ်။ ၁၅ မိနစ် အတွင်းမှာ ဖူဟမ် လိုအိမ်ကွင်းမာတာကို ၃ ဂိုးကျွေးလိုက်ပြီ။


34 မိနစ်မှာ ဒီဘက်က ဖူဟမ် ကော်နာ ကန်ခွင့်ရတာ ကန်တင်လိုက်တာ ဘောက်စ် အေရိယာကနေ အပြင်းကန်လိုက်တာ ဂျွန်ဆင် ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်လိုက်လို့ ပေါ့။ ဒီည ဂျွန်ဆင် ကောင်းနေတယ်။ ၂ လုံး ဖန်ပေးတယ်။ ခုမှ ဖူဟမ် ဒရစပ် ပြန်ဖိ ကစားလာတာ။ ဖူဟမ် က အခုဆို ကော်နာ ၃ ကြိမ်၊ လီဗာပူးက ၂ ကြိမ်ရထားပါပြီ။ စပါးနည်းပြ ရက်နက်လည်း ပွဲကြည့်စင်မှာ လာကြည့်တာတွေ့ တယ်။

37 မိနစ်မှာ ဆွာရက်စ် ကန်လိုက်တာ ဂိုးသမားနဲ့ ထိလို့  ကော်နာရပါတယ်။ ဆွာရက်စ် နာ သွားလားမသိဘူး။ ငတိလေး မျက်နှာ ရှုံ့ မဲ့နေတယ်။ ဒုတိယပိုင်းလောက်မှာ ဂျိုးကိုးနဲ့  လဲလိုက်ရင်ကောင်းမယ်။ ဒါမှ နောက်ပွဲတွေ မနာမှာ။

ဒုတိယပိုင်းမှာ ဖူဟမ် ၂ ဂိုးပြန်သွင်းပေမယ့် မက်ဆီပဲ နောက်တစ်ဂိုးနဲ့  နောက်ဆုံးဂိုးကို ဆွာရက်စ် ရှက်ဗေ ထိုးပေးတာကနေ တစ်ဆင့် ဂိုးသမားကို လိမ်ပြီး ကန်လိုက်ပြီး ၅ ဂိုးမြောက်သွင်းလိုက်ပါတယ်။

ပွဲပြီးတော့ ၅ - ၂ နဲ့ ပြီးသွားပါတယ်။
5/9/2011 01:43:07 pm

အေးဗျာ။ အဝေးကွင်းမှာ ဒီလောက်သွင်းနိုင်တာကတော့ အံမခန်းပဲ။ မက်စီကလည်း ရောင်းဖို့ အသံထွက်နေပါတယ်ဆိုမှ ရေလည်ကံထနေတယ်။

Cheers..!!! YNWA..!!!

Reply
Corleonis
5/9/2011 02:36:49 pm

စက္ကန့် ၄၀ မှာမဟုတ်ဘူးနော်.. ၃၂ စက္ကန့် မှာ ဗွေဇော်ဦး ဂိုးရသွားတာ၊ ဒီနှစ် ရာသီမှာ အမြန်ဆုံး ဂိုးစံချိန်ပဲ.... မက်ဆီကို ရောင်းမည့်စာရင်းမှာ ပါနေတယ် ပြောတာပဲ.. နောက်ဆုံးပွဲတွေမှာ.. မက်ဆီကတော့.. အံ့ဖွယ်ပဲ ဗျိုး.. အရမ်းကြည်နူးစရာကောင်းတဲ့... ချိုမြိန်တဲ့ ကြိုးကြာနီတို့ အောင်ပွဲပေါ့ဗျာ..ဒီနှစ်ရာသီမှာ အဝေးကွင်းမှာ အဲလောက် ကစားပုံကောင်းတာ မတွေ့ဘူးသေးဘူး

Reply
Panda
5/9/2011 04:04:59 pm

ကာရေဂါလည်း ၆၆၆ပွဲပြည့် သွားပြီ။ စပါးကတော့ ဂျွတ်နေပြီထင်တယ် :P

Reply
Panda
5/9/2011 04:19:47 pm

မက်ဆီ ကတော့ ပြောမနေနဲ့ တော့။ မနိုင်ဘူး။ ၃ ပွဲ ဆက်တိုက် မှာ ၇ ဂိုး တောင် သွင်းတာ။ တောရက်စ်တောင် မသွင်းနိုင်ဘူး။ ခိခိ။ အဓိက ဆွာရက်စ် ကောင်းလို့ ပါ။ တစ်ကွင်းလုံး မွှေဆော့နေတာ မနိုင်ဘူး။ မာရီယို ဂိုမက်စ် လို ဂိုးသွင်း သေခြာမယ့် တစ်ယောက်လောက် ဆိုရင် မဆိုးဘူး။ တောင်ပံ ကစားသမား တစ်ယောက် ထပ်ဝယ်ပြီး ဘယ်ညာ မွှေဆော့ရင် ကြည့်ကောင်းအုန်းမယ်။ ကာရိုးက အခုထိ အီးပေါလောကြီး။ :P

Reply
5/10/2011 12:44:33 pm

လေဗာပူးလ် အဆင့် ၅ ကို တတ်သွားပါပြီ။
အသင်းဟောင်းကို ကျေးဇူးဆပ်တဲ့ ခရော့ရဲ့ ကိုယ့်ဂိုး ကိုယ်သွင်း ဂိုးလေးနဲ့။ နောက်ထပ်တွေ့မဲ့ ပွဲမှာ နိုင်လိုက်ရင်တော့ လိဂ် ဝင်တာပေါ့လေ။ ဒါနဲ့ လန်နွန်ကို မျှားပြီး ဝယ်နိုင်ရင် ကောင်းမယ်။ မထူးပါဘူးကွာ ဘေးလ်ကိုပါ ဝယ်လိုက်ပါ။ ပြီးရော ဘယ်ညာ တောင်ပံ။

Reply



Leave a Reply.