Picture
Liverpool မြို့ မှာ ခရစ်စမတ် အတွက်ဈေးဝယ်နေကြတဲ့လူတွေ တစ်ကိုယ်လုံး တက်တူးတွေထိုးထားပြီး မြို့ ထဲလျှောက်သွားနေတဲ့ ထိပ်ပြောင်တဲ့ လူငယ် တစ်ယောက်ကိုတွေ့ မှာပါ။ ဒါက သူ့ ကိုတွေ့ တာ အထူးအဆန်းတော့ မဟုတ်ပေမယ့် သူက တခြားလူတွေထက် ထူးခြားနေတယ်။ ဘာလို့ လည်းဆိုတော့ သူက လီဗာပူး ကွင်းလယ်ကစားသမား ရာအူး မေရားလက်စ်ပေါ့။
ပေါ်တူဂီကွင်းလယ်လူ က သူ့ ရဲ့ ပေါ်တိုကနေ လီဗာပူးကို ပြောင်းလာတဲ့ အချိန်ကစပြီး အချိန် မဖြုန်းပါဘူး။ သူ့ ရဲ့ တိုက်ခန်းက မြို့ လယ်မှာရှိပြီး သူဟာ သူ့ ဘ၀ အသစ်နဲ့ လျှင်မြန်စွာ နေသားကျနေပါတယ်။ တစ်ခါ တစ်ခါ ဈေးတန်းမှာ သူ့ မိန်းမ နဲ့ နေ့ လည်ခင်း နဲ့ မနက် ထရိန်နင်ပြီးတဲ့နောက်မှာ တွေ့ နေရတယ်။

သူက မြို့ ထဲရှိတဲ့ ပန်းချီပြခန်းတွေ၊ ပြတိုက်တွေ နဲ့ ဘုရားကျောင်းတွေ ကို ရောက်ခဲ့ပြီးပါပြီ။ သူက ဒေသခံ လူတွေနဲ့ စကားပြောရတာ ပျော်ရွှင်သလို သူ ညစာစားတဲ့ စားသောက်ဆိုင်တွေမှာ ပရိတ်သတ်တွေအတွက် ဓာတ်ပုံရိုက်ခံဖို့ အဆင်သင့်ပေါ့။

ပြိုင်ပွဲတွေက သူ့ အတွက်ခက်ခဲပါတယ်။ သူ့ မှာ တာဝန်က ပိုကြီးပါတယ်။ ဘာလို့ လည်းဆိုတော့ မာရှေရာနို အစား သူ့ ကို အစားထိုးခဲ့တာကိုး။ သူရောက်လာတဲ့ အချိန်မှာပဲ လီဗာပူးဟာ ၅၇ နှစ်အတွင်း အဆိုးဆုံး အခြေအနေကို ဖြတ်သန်းနေတယ်။ သူ့ ကစားပုံက မာရှေရာနိုလို အဖျက် နဲ့ မမောနိုင်တဲ့ အင်ဂျင်လို တူပေမယ့် သူကတော့ ကွင်းလယ်မှာ ပိုမိုကစားနိုင်ပြီး ဂိုးရဖို့ ဖန်တီးရုံမက ဂိုးပါသွင်းနိုင်တဲ့ အလယ်တန်း ကစားသမားပေါ့။

စတီဗင်ဂျာရတ် ဒဏ်ရာရနေတဲ့ အချိန်မှာ သူက စိန်ခေါ်မှုတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်ပြီး အသင်းရဲ့ ကွင်းလယ်မောင်းနှင်အား လို ဖြစ်နေတာ ငြင်းမရပါဘူး။ မေရားလက်စ် ကိုယ်တိုင် ဟောဒ့်ဆင်က သူ့ ကို ညာတောင်ပံ ကစားခိုင်းတဲ့ အခါ သူ နဲ့ အကျွမ်းတ၀င် မဖြစ်သလို ကစားရတာခက်ခဲတယ်ဆိုတာ ၀န်ခံပါတယ်။ ဒါတင်မက သူကိုယ်တိုင်ကလည်း အင်္ဂလိပ် ဘောလုံးနဲ့ ရင်းနှီးအောင် ရုန်းကန်နေရတဲ့ အချိန်ပေါ့။

ဒါပေမယ့် သူ့ ရဲ့ သဘောထားနဲ့ ပရိုဆန်မှုက ထိုက်တန်ပါတယ်။ သူဟာ လီဗာပူး အသင်း ပြန်လည်တည်ဆောက်ဖို့ လိုကိုလိုအပ်တဲ့ ကစားသမား တစ်ဦးပါ။

“ကျွန်တော်က အလယ်တန်းမှာ ကစားရတာ ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ဒါပေမယ့် မန်နေဂျာကစားခိုင်းတဲ့ နေရာ ကစားဖို့ အဆင်သင့်ပါ။ ဒါက ကျွန်တော့် အလုပ်နဲ့ လီဗာပူး အသင်းမှာ အောင်မြင်တဲ့ ကစားသမားဖြစ်ချင်သလို အသင်းအတွက်လည်း ကူညီပေးချင်ပါတယ်။” လို့ ပြီးခဲ့တဲ့ လက ပြောလိုက်ပါတယ်။

သူ့ စကား နဲ့ သူ့ အပြုအမူဟာ ညီညွတ်ပါတယ်။ Boavista ကနေ ပေါ်တို ကို ၂၀၀၄ မှာ ရောက်သွားတော့ သူ အကျွမ်းတစ်ဝင် မရှိတဲ့ ဘယ်နောက်ခံလူ နေရာကစားရတယ်။ သူဟာ အလယ်တန်းနေရာကို မကစားရသည် အထိ သူကောင်းကောင်း ကစားနိုင်တယ်ဆိုတာ အသင်းဖော်နဲ့ မန်နေဂျာတွေကို ပြသခဲ့တယ်။ သူက စောဒက မတက်ပဲ လိုအပ်တဲ့နေရာမှာ ကောင်းကောင်းကစားနိုင်ပြီး အားကိုးရတဲ့ ကစားသမားဆိုတာ ဟောဒ့်ဆင် ကောင်းကောင်းသိထားတယ်။

ဝက်စ်ဟမ်း နဲ့ စပါး ပွဲတွေမှာ မေရားလက်စ်က အလယ်တန်းက လူးကပ်စ် နဲ့ အတူတူ ကစားပြီး ရှေ့ ပွဲတုန်းက ပျောက်ဆုံးနေတဲ့ ခိုင်မာတဲ့ အလယ်တန်းကို ပြန်လည် တည်ဆောက်ပြနိုင်ခဲ့တယ်။ သူနဲ့ လူးကပ်စ် တို့ ရဲ့ ကွင်းလယ်က တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာပြီး သူတို့ ရဲ့ ဆက်ဆံ ရေးက လျင်မြန်စွာတိုးတက်လာပါတယ်။ ဒါတင်မက ပေါ်တူဂီလိုပါ ပြောနိုင်တဲ့ အော်ရယ်လီယိုနဲ့ ပေါ့။

သူက လီဗာပူးကို ဥရောပ အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ဦးအနေနဲ့ ကွန်ချက်စကီး၊ ပေါဆင်တို့ နဲ့ တူတူရောက်ရှိလာပြီး အင်္ဂလိပ် ကလပ်ရဲ့ ကစားဟန်ကို ဂျာရတ် ကာရေဂါတို့ ကနေ သင်ယူနိုင်ခဲ့တယ်။

John Aldridge ကတော့

“မာရှေရာနိုကို ဆုံးရှုံးလို့ စိတ်ပျက်ရပေမယ့် မေရားလက်စ် နဲ့ အစားထိုးနိုင်တာ အင်မတန် ကောင်းပါတယ်။” လို့ ပြောခဲ့ပါတယ်။

သူ့ မှာ တိုးတက်ဖို့ လိုသေးပေမယ့် သူက သူ့ အသင်းသားတွေရဲ့ အား နဲ့ ပျော့ညံ့ကွက် တွေကို အသင်း ကစားဟန်မှာ လေ့လာသင်ယူအုန်းမှာပါ။

စပါးနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်လောက်တဲ့ အနေအထားအထိ ရောက်ပြီး သူက ဒီလိုကောင်းမွန်တဲ့ အဝေးကစ်တွေနဲ့ ဆက်ပြီး ဂိုးပေါက် ခြိမ်းချောက် နေအုန်းမှာပါ။

၂၀၁၀ ကမ္ဘာဖလား ဘော်လုံး ပြိုင်ပွဲမှာ ကားလို့ ကွီးရောဇ့် လက်အောက်မှာ ၄ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဘောလုံးသမား ကောင်းတွေ များတဲ့ ပေါ်တူဂီမှာ ကွင်းလယ် နေရာအတွက် သူ နေရာရတယ်ဆိုတာ သူ့ ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာပါ။

သူက လီဗာပူး ပရိတ်သတ်တွေ ကြိုက်အောင် ကစားပြပေမယ့် အပြင်မှာတော့ သာမန်လူသား တစ်ယောက်လိုပဲနေပါတယ်။ သူ့ ရဲ့ တက်တူး နဲ့ စွမ်းဆောင်ရည်တွေက သူဟာ လီဗာပူး Legend တစ်ယောက် တစ်နေ့ တော့ဖြစ်လာမယ်ဆိုတာကို တွန်းအားပို့ ပေးသလိုပါပဲ။

ခရစ်စမတ် ဈေးဝယ်သူ အများစု ဟာ မကြာမှီမှာ သူ့ နာမည်ပါတဲ့ ဂျာစီ ကို ထပ်မံ ၀ယ်ယူအားပေးအုန်းမှာပါ။ ဘာလို့ လည်းဆိုတော့ သူဟာ ထိုက်တန်ပါတယ်။



Leave a Reply.