ကျွန်တော် လပေါင်းအနည်းငယ် အားထုတ်ထားတဲ့ လီဗာပူး ၀ဘ်ဆိုဒ်လေး ၀ဘ် ပေါ်မှာ အောင်မြင်စွာလွှင့်တင်လိုက်ပါပြီ။ အခက်အခဲ အမျိုးမျိုးကြားက ကျွန်တော့် ကိုယ်ပိုင် အချိန်များစွာထဲက စိုက်ထုတ်ပြီး လုပ်ထားတဲ့ ဒီဆိုဒ်လေး အကယ်၍ များ မပြီးပြည့်စုံတာတို့  Error များ ရှိခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်။ အခုတော့ ပြီးပြည့်စုံနေပြီ လို့ ထင်နေတဲ့ ဆိုဒ်လေးကို မိတ်ဆွေများ ရှေ့ မှာ ချပြလိုက်ပါတယ်။ နောက်ဆုံး သတင်းများ၊ ကစားသမား ပရိုဖိုင်များ၊ ပွဲကြိုသုံးသပ်ချက်၊ ပွဲပြီး သုံးသပ်ချက်နဲ့ ၊ ခန့် မှန်းပြီး လက်ဆောင် ယူခြင်း အစီအစဉ် စသည် စသည့် အစီအစဉ်ပေါင်းများစွာ နဲ့ အတူ မိတ်ဆွေ ရှေ့ မှာ ရောက်ရှိနေပါပြီ။ မိတ်ဆွေက သာ ကျွန်တော်တို့ နဲ့ အတူ မျက်ခြေ မပြတ် စောင့်ကြည့်ကြပါ။ ချက်နဲ့  ဖိုရမ် အသေးလေး ကတော့ Register လုပ်မှသာ မြင်ရမှာပါ။

http://www.mmliverpoolfc.com/

ကျွန်တော်နဲ့ အတူ ဒီဆိုဒ်ကို တာဝန်ကူယူပေး မယ့် ကိုမော်ကင်း၊ ဒက်စိန်၊ ကိုရှဲဒိုးစတိုက်ကာ၊ အောင်ဂလိပ် တို့ ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အခြေအနေနဲ့ အချိန် အခါ ပေါ် မူတည်ပြီး ဒီဆိုဒ်ကို ကျွန်တော် ပြန်လည်ပြီး ပြင်ဆင်သွားပါ့မယ်။ ကျွန်တော့် ဘလော့ လေးကိုတော့ ကျွန်တော် ရပ်ဆိုင်းလိုက်ပါတော့မယ်။ အားလုံးပဲ ပိုပြီး လှပခန့် ညားပြီး တာသွားတဲ့ အပေါ်က ဆိုဒ်မှာ ဆက်လက်လာရောက်လည်ပတ်ကြပါလို့ ။ ကျေးဇူး အများကြီးတင်ပါတယ်။

ခင်မင်လေးစားလျက်

ပန်ဒါ
5/10/2011 01:06:40 pm

GOOD JOB...!!!

Reply
5/10/2011 05:43:00 pm

အရမ်းကို ၀မ်းသာတယ်.... အရမ်းလည်း ပျော်ပါတယ်.. ကိုယ့်အသင်းအကြောင်း ကိုယ့်ဝက်ဆိုဒ်မှာပဲ.. ပြောချင်နေတာ. ကိုယ့်ဝက်ဆိုက်မှာပဲ လာဖတ်ချင်တာ...
အရမ်းကို ကျေးဇူး အထူးတင်ရှိပါကြောင်း.. ယခု Register အပြေးအလွား လုပ်နေပါကြောင်း ။
:D :D

Reply



Leave a Reply.