Picture
၂၂ နှစ်ရှိပြီ ဖြစ်တဲ့ စပီးရားယင်း ဟာ ပြီးခဲ့တဲ့ အပတ်မှာ ခြေစွမ်းပုံမှန်ပြနိုင်ပြီး ကင်နီ လက်အောက်မှာ ကစားခွင့်ရခဲ့ပါတယ်။ ဒီရာသီမှာ သူက ၁၃ ပွဲ ကစားပေးထားပြီဖြစ်ပြီး စတီဗင်ဂျာရတ် ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်မှာ ဂျာရတ်နေရာကို အကောင်းဆုံးဖြည့်ကစားပေးနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အနေထားကို ရောက်ရှိနေတဲ့ လီဗာပူး ကွင်းလယ်ကို လူးကပ်စ် နဲ့ အတူ မောင်းနှင် ပေးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

FA Youth Cup မှာ ဗိုလ်စွဲခဲ့တဲ့ လီဗာပူး လူငယ်အသင်းမှာ ကပ္ပတိန် ဖြစ်ခဲ့တဲ့ စပီးရားယင်း ရဲ့  စာချုပ်ဟာ ဒီလာမယ့် ရာသီကုန်ရင် နောက်ဆုံးကို ရောက်ရှိလာတော့မှာဖြစ်တာမို့  အကောင်းဆုံး ခြေစွမ်းပြနေတဲ့ စပီးရားယင်းကို လီဗာပူးက ၃ နှစ် ထပ်မံပြီး စာချုပ် သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

http://www.skysports.com/story/0,19528,11669_6916188,00.html
scorpking
5/6/2011 08:26:47 pm

မဆိုးပါဘူး ..... အတွေ့အကြုံ များရင် ကောင်းကောင်း ကစားနိုင်တဲ့ ကစားသမားပါ .... ခုလို အသင်းမှာ လူငယ်ခြေတက်ကစားသမားတွေရှိတာ အသင်းအတွက် အထောက်အကူပြုတာပေါ့

Reply
5/6/2011 11:20:34 pm

ဂျရတ် အငယ်စားပေါ့။ ဒါပေမယ့် လူကောင်သေးလွန်းတယ်၊ ပြီးတော့ passing တွေက သိပ်မကောင်းသေးဘူး။ အဝေးကစ်တွေကတော့ ရှယ်ပဲ။

Reply



Leave a Reply.