လီဗာပူး အသင်းဟာ လာမယ့်နွေရာသီမှာ သုံးစွဲမယ့် အပြောင်းအရွှေ့ စရိတ်အတွက် အသင်းက အောက်ပါ ကစားသမားများကို ရောင်းချသွားဖွယ်ရှိတယ်တဲ့။

၁။ ဖိလစ် ဒန်ဂျန် - လက်ရှိ စတုဂတ်အသင်းကို အငှားရောက်ရှိနေပြီး လီဗာပူး အသင်းကို ပြန်လာချင်မယ့် အရိပ်အယောင်မရှိဘူးတဲ့။

၂။ ကွန်ချက်စကီး - လက်ရှိ နောတမ်ဟမ် ဖောရက်စ်ကို အငှား ကစားနေပြီး ပူးပူးပရိတ်သတ်ရဲ့  လှောင်ပြောင်ခြင်းခံရတဲ့ ကစားသမားဖြစ်ပါတယ်။ ဖူဟမ် အသင်းက ပြန်ဝယ်ယူလိုပေမယ့် ပေါင် ၁.၅ သန်းထက် ပေးချေလိုခြင်းမရှိပါဘူး။

၃။ ပေါဆင် - ပေါဆင်ကို ပေါင် ၃ ၄ သန်းနဲ့ ခေါ်ယူဖို့ အတွက် ဂျီနိုအာ နဲ့  ကက်ဂရီယာလီ တို့ က စိတ်ဝင်စားနေတယ်တဲ့။

၎။ အင်ဆူအာ - ပြီးခဲ့တဲ့နွေရာသီတုန်းက ဖီအိုရင်တီးနားကို ရောက်ရှိလု ဖြစ်ပေမယ့် ဂါလာတာစာရေး အသင်းကို အငှားသွားကစားခဲ့ပါတယ်။ သူ့ ကိုလည်း ရောင်းချ ဖွယ်ရှိတယ်တဲ့။

၅။ အယ်ကွင်လာနီ - ဂျူဗင်တပ်စ် အသင်းက ပေါင် ၁၅ သန်းကို ပေးချေလိုခြင်း ဆန္ဒမရှိပါဘူး။ ဒါပေမယ့် တစ်ခြား စီးရီးအေ ကလပ်က ခေါ်ယူဖို့ စိတ်ဝင်စားသလို အယ်ကွင်လာနီလည်း လီဗာပူးကို ပြန်လာချင်တဲ့ ဆန္ဒရှိပါတယ်။

၆။ ဂျိုးကိုး - ဂျိုးကိုး ကို ဒန်းဂလိပ်က ခြေစွမ်းပြနိုင်ဖို့ အချိန်ပေးပေမယ့် ပွဲတွေမှာ ခြေစွမ်းမပြနိုင်သေးပါဘူး။ ဂျိုးကိုးကို သင့်တော်တဲ့ ဈေးသာရမယ်ဆိုရင် ၀က်စ်ဟမ်းနဲ့  အဲဗာတန်တို့  က ပြန်လည်ခေါ်ယူချင်ပါသတဲ့။

YWNA
ပန်ဒါ



Leave a Reply.