Picture
တောရက်စ် က ဖာဘရီဂတ်စ်ကို အာဆင်နယ် အသင်းကနေ ထွက်ခွာရင် ပရိတ်သတ်တွေရဲ့ ဒေါသကို ခံနိုင်အောင် ပြင်ဆင်ထားဖို့  သတိပေးလိုက်ပါတယ်။

ဖာဘရီဂတ်စ် က သူဟာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ ကစားလိုတယ်ဆိုတဲ့ ဆန္ဒကို ၀န်ခံထားခဲ့သူ ဖြစ်ပါတယ်။

“သင့်မှာ လုပ်ချင်တဲ့ အခွင့်အရေး သင်ကိုယ်တိုင်ရှိပါတယ်။ အကယ်၍ သင်ကံကောင်းတယ်ဆိုရင်တော့ သင့် ကလပ်ဟောင်းက ကူညီပေးလိမ့်မယ်။ အလက်တီကို က လူတွေနဲ့  ဆက်ဆံ ရေးကောင်းမွန်ပါတယ်။ သူတို့  ကျွန်တော်ထွက်ခွာတော့ ကောင်းကောင်းမွန်မွန် နူတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး က ပရိတ်သတ်တွေက ဒီလိုမဟုတ်ပါဘူး။ မာရှေ ရာနို က လီဗာပူးအတွက် ကောင်းကောင်းပေးဆပ် ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် သူထွက်ခွာတော့ သူ့ ကို လီဗာပူး ပရိတ်သတ်တွေ ကောင်းကောင်းမဆက်ဆံပါဘူး။ ကျွန်တော့်ကိုလည်း ထိုနည်းလည်းကောင်းပေါ့။”
Anti Torres
3/29/2011 11:45:21 am

ကိုရွှေတောကြက်ရယ်...

ခင်ဗျားဟာ ခင်ဗျား ပြောင်းချင်တာမှ နီးကာကပ်ကာ မှ ပြောပြီး လီဗာပူး ပရိတ်သတ် ဒေါသထွက်တော့ ပြောတဲ့ လူက ငဆပဲဖြစ်ရတယ်။ ပရို ဆိုလည်း ပရိုပေါ့။ အသင်းပြောင်းပါ။ အားပေးပါတယ်။

ပြောင်းလည်း အစကတည်းကပြောပေါ့။ အခုဟာက နောက်ဆုံး Deadline ကျမှပြောတော့ လူဘယ်လိုရှာရမတုန်း။

သူ့ ဖက်ကိုယ့်ဖက်လည်းကြည့်ပေါ့။

လီဗာပူး အသင်း မကောင်းကြောင်းပြောနေမယ့် အစား ချဲလ်ဆီးမှာ ကိုယ့်ဟာကိုယ် ဂိုးပေါက်တွေ့ အောင် ရှာလိုက်အုန်း။

Reply



Leave a Reply.