Picture
လူဆိုကြီး ကာရိုး

အင်္ဂလန် မန်နေဂျာ ကာပယ်လိုက ကာရိုး ကို သတိပေးလိုက်ပါတယ်။

“သူဟာ ဘီယာကို လျှော့သောက်သင့်တယ်။ သူဘီယာ ကြိုက်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ သူဘီယာကို လျှော့ပြီး သူ့ ကိုယ်သူ တိုးတက်ဖို့ အတွက် သူ ရှာဖွေသင့်တယ်။ သူဟာ အသက် ၂၂ ပဲရှိသေးတာပါ။ ဒီနေ့ ည ဂါနာနဲ့  ချစ်ကြည်ရေး ကစားမယ့် ပွဲမှာတော့ သူ့ ကို ပွဲဦးထွက် ကစားစေမှာပါ။”

--

နိုင်ငံအသင်းအတွက် သွားကစားပြီးတိုင်း ဒဏ်ရာနဲ့ ပြန်လာတတ်တဲ့ နောက်ခံလူ အက်ဂါကို ဒိန်းမတ်နည်းပြက မနေ့က နော်ဝေးနဲ့ ပွဲကစားပြီးတာနဲ့ အင်္ဂါနေ့ကစားမယ့် ခြေစမ်းပွဲ လူစာရင်းကနေ ဖယ်ပြီး လီဗာပူးကို ပြန်လွှတ်လိုက်တယ်တဲ့ခင်ဗျ။

ဒိန်းမတ်နည်းပြ ပြောပုံအရဆို အက်ဂါက ဒဏ်ရာက ကောင်းခါစ ဒီလအတွင်း လီဗာပူးအတွက် ဆန်းဒါးလန်းပွဲတပွဲပဲ ပြန်ကစားရသေးတာဆိုတော့ သူ့ကို ၂ပွဲဆက် ကစားခိုင်းရင် ဒဏ်ရာပြန်ရလာမှာစိုးလို့ စနေနေ့ လီဗာပူး- ၀က်စ်ဘရွန်းပွဲအတွက် နားလို့ရအောင် ပြန်လွှတ်လိုက်တာပါ။

Credit to ShadowStriker@mmcp

--

လီဗာပူးအသင်းခေါင်းဆောင် စတီဖင်ဂျာရတ်ဟာ ဒါဏ်ရာကနေသက်သာလာပြီး လာမယ့်အပါတ် စနေနေ. ၀က်စ်ဘရွန်းအသင်းနဲ.ကစားမယ့်ပွဲမှာ ပြန်ပါဝင်လာနိုင်မယ်လို.မျှော်လင့်ထားတယ်လို. သိရပါတယ်။ သူဟာ မတ်လအတွင်းမှာပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုအတွက် အေပြီလလောက်အထိ ထရိန်နင်ပြန်ဆင်းနိုင်မှာ မဟုတ်ဘူးလို. သိထားကြပေမယ့် ဂျာရတ်ကတော့ မန်နေဂျာအဟောင်း ရွိုင်းဟော့ဆင် ရဲ. ၀က်စ်ဘရွန်း အသင်းနဲ.တွေ.ဆုံမယ့်ပွဲမှာ ပါဝင်နိုင်ဖို. မျှော်လင့်နေပါတယ်။ (ဂျာရတ်ဟာ ဒါဏ်ရာကြောင့် Euro 2012 ခြေစစ်ပွဲတပွဲဖြစ်တဲ့ Wales နဲ.ပွဲမှာလဲပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး)

Credit to Greenday@mmcp





Leave a Reply.