Picture
လီဗာပူး အစုရှယ်ယာ ပိုင်ဆိုင်တဲ့ NBA က ဘတ်စကက်ဘော ကစားသမား LeBron James ဟာ ပွဲအပြီးမှာတော့ လီဗာပူး ရှပ်အကျီ င်္ကို ၀တ်ဆင်ပြီး မီဒီယာ သမားတွေနဲ့  အတွေ့ခံခဲ့ပါတယ်။

Boston Celtics ကို အနိုင်ရရှိပြီးတဲ့ နောက်မှာ သူဟာ အမေရိက ကနေ အန်းဖီးကို လာချင်တဲ့ ဆန္ဒရှိတယ်တဲ့။

“ကျွန်တော်က ဘတ်စကတ်ဘောမှာ အခု အာရုံစိုက်နေပါတယ်။

ဒါပေမယ့် လီဗာပူး ပွဲတွေကို ကျွန်တော် အာရုံစိုက်ထားပါတယ်။ ပြီးခဲ့တဲ့ ဆန်းဒေး တုန်းက သူတို့  အနိုင်ရရှိတယ်ဆိုတာ သိပါတယ်။

ကျွန်တော် အဝေးကနေ လောလောဆည်တော့ အားပေးနေပါတယ်။ တစ်နေ့ မှာတော့ ကျွန်တော် အန်းဖီးကွင်းမှာ သွားရောက်ကြည့်ရှုနိုင်မယ်လို့  မျှော်လင့်မိပါတယ်။

အခုချိန်မှာတော့ မီယာမီ အသင်းနဲ့  ကစားမယ့် ပွဲတွေအတွက် အာရုံစိုက်နေပါတယ်။” လို့  ပြောကြားလိုက်ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/05/02/2467857/liverpool-minority-stakeholder-and-nba-star-lebron-james

YNWA
ပန်ဒါ



Leave a Reply.