Picture
         ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ လီဗာပူးအသင်းမှ လက်ရှိ စီးပွားရေး ဒါရိုက်တာ(Commercial Director) တာဝန်ထမ်းဆောင်နေသူ Ian Ayre နဲ့ ဘောလုံးနည်းစနစ် ဒါရိုက်တာ(Director of football Strategy) တာဝန်ထမ်းဆောင်နေသူ Damien Comolli တို့ကို Managing Director နဲ့ Director of Football ရာထူးအသီးသီးကို တိုးမြှင့် ခန့်အပ်လိုက်ကြောင့် အတည်ပြုသွားပါတယ်။
        လီဗာပူးအသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ရာထူးသည် လီဗာပူးအသင်းအား John Henry ထံသို့ ရောင်းချနိုင်ရန် ကြိုးပမ်းခဲ့သည့် ဒါရိုက်တာဟောင်း Christian Purslow ထွက်ခွာသွားကတည်းက လစ်လပ်နေခဲ့သည့်နေရာဖြစ်ပြီး ယခုအချိန်တွင်မှ Ian Ayre အား ရာထူး တိုးမြှင့် ခန့်အပ်လိုက်ဖြင်းဖြစ်သည်။ Ayre သည် လီဗာပူးအသင်းအား George Gillet နှင့် Tom Hicks တို့၏ ဆန္ဒကို ဆန့်ကျင်ကာ ရောင်းချခဲ့သည့် ဒါရိုက်တာ သုံးဦးအနက်မှ ကျန်ရှိနေသေးသည့် တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ပြိး လီဗာပူးအသင်းတွင် Commercial Director တာဝန်ထမ်းဆောင်လာသည်မှာ ၄နှစ်ခန့်ရှိပြီဖြစ်သည်။
                    Comolli နှင့် ပတ်သက်၍ Henry က "အသင်းကို ရောက်လာခဲ့တဲ့ အချိန်တိုအတွင်းမှာပဲ သူ့ရဲ့ ဘောလုံးအားကစားအပေါ် သိနားလည်ထားမှုတွေက တန်ဖိုးကြီးလှပါတယ်။ သူက ရိုးရိုးရှင်းရှင်းတွေးတတ်သူဖြစ်ပြီး ရေရှည်စီမံကိန်းမှာ ဘယ်လို အကောင်အထည်ဖော်ရမယ်ဆိုတာကိုသိတဲ့သူတယောက်ပါလို့ " ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
                    Comolli ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တောရက်ထွက်ခွာသွားပြီးနောက် ဆွာရက်နဲ့ ကာရိုးတို့ကို အရခေါ်ယူနိုင်ဖို့ အရေးပါတဲ့ ကဏ္ဍမှ ပါဝင်ခဲ့သူတယောက်ဖြစ်ပါတယ်။

(Source: The Gulf today)




Leave a Reply.