ဂျူဗင်တပ်အသင်းက Sporting Director Guiseppe Marotta က Aquilani ကို အသင်းမှာ ဆက်ထားချင်ပေမယ့် စာချုပ်ထဲမှာပါတဲ့ ယူရို ၁၈သန်းကိုတော့ ပေးချေဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

အကွီလာနီသည် ဒီ ၂၀၁၀-၂၀၁၁ ရာသီအစတွင်မှ လီဗာပူးနည်းပြဟောင်း ရွိင်းဟော့ဆန်က ဂျူဗင်တပ်အသင်းသို့ အငှားချထားခြင်းခံရသူဖြစ်ပြီး ဂျူဗင်တပ်အသင်းတွင် ခြေစွမ်းပြ ကစားနေနိုင်သူတစ်ဦးဖြစ်သည်။

အကယ်၍ ဂျူဗင်တပ်အသင်းအနေနှင့် အကွီလာနီအားခေါ်ယူလိုပါက စာချုပ်အရ မေ၁၅ မတိုင်မီ ယူရို၁၈သန်းကို ပေးချေရမည်ဖြစ်သည်။
 
Newcastle နဲ.ပွဲအပြီးအင်တာဗျူးမှာ Kenny က Goal-line technology နဲ.ပတ်သက်ပြီး
ဟာသလုပ်သွားပါတယ်


Kennyဟာ January 9 ရက်နေ.မှာ Roy Hodgson နေရာအစားထိုးဖို. Caretaker Manager
အဖြစ်ခန်.အပ်ခံခဲ့ရသူဖြစ်ပါတယ်။ သူ.ရဲ.စိတ်ဓါတ်မြင့်တင်ရေးထူးချွန်မှု၊ ကောင်းမွန်တဲ့
စီမံခန်.ခွဲမှု ၊ အသင်းသားတွေရဲ. တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုတွေကြောင့် Liverpool
အသင်းဟာ Tottenham အသင်းကိုကျော်ဖြတ်ပြီး ဥရောပဖလားအတွက် နေရာတခုရဖို.
မျှော်လင့်ချက်ထားနိုင်တဲ့ နေရာကိုရောက်ရှိလာခဲ့ပါပြီ။
Picture
Chelsea နဲ. Tottenham အသင်းတို.ရဲ.ပွဲမှာ ဖြစ်ခဲ့တဲ့ အငြင်းပွားဖွယ်ရာ ဂိုးတွေနဲ.ပတ်သက်
ပြီး သတင်းသမားတွေက သူ.ကိုမေးမြန်းခဲ့ရာမှာတော့

”ကျွန်တော်တော့ မမေးမိလို. မသိပါဘူး ဒါပေမယ့် ဒီ goal-line technology ဟာကျွန်တော့်
Manager ရာထူးထက်အရင်တော့ လာနိုင်လောက်ပါတယ် ၊
ဒီနည်းပညာကိုအသုံးပြုမယ်ဆိုရင် ကန်.ကွက်မယ့်သူရှိလိမ့်မယ်မထင်ပါဘူး ၊ ဒီလို
အရေးပါတဲ့ပြိုင်ပွဲမျိုးမှာ အကောင်းဆုံးနဲ.အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ရဖို.ကအရမ်း
အရေးကြီးပါတယ်”
Picture
”ကျွန်တော်တို.ရာသီနောက်ဆုံးပွဲထိ အစွမ်းကုန်ကြိုးစားသွားမှာပါ ရလဒ်ကောင်းတွေအတွက်လဲ
မျှော်လင့်ထားပါတယ်။ ကျွန်တော့်အသင်းသားတွေဟာ Training မှာလဲအရမ်းကြိုးစားကြပါတယ်
ဒါ့ကြောင့်လဲကျွန်တော်တို. ဒီလိုခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်လာနိုင်ခဲ့တာပါ”
Picture
Kenny က Liverpool တိုက်စစ်မှုးသစ် Suarez ကိုလဲချီးကြူးသွားပါတယ်

”လူးဝစ်ဟာ အမြဲတမ်းအားကြိုးမာန်တက်ကစားပြီး အသင်းဖော်တွေအတွက် အခွင့်အရေးတွေ
ဖန်တီးပေးနိုင်ခဲ့ပါတယ် ၊ ဒီနေ.ပွဲမှာသူရလိုက်တဲ့ဂိုးဟာ သူ.ရဲ.ကြိုးစားမှုတွေအတွက်
ထိုက်တန်တဲ့ ဆုလာဘ်တခုပါပဲ”

Credit to greenday@mmcp
 
Picture
လီဗာပူး အစုရှယ်ယာ ပိုင်ဆိုင်တဲ့ NBA က ဘတ်စကက်ဘော ကစားသမား LeBron James ဟာ ပွဲအပြီးမှာတော့ လီဗာပူး ရှပ်အကျီ င်္ကို ၀တ်ဆင်ပြီး မီဒီယာ သမားတွေနဲ့  အတွေ့ခံခဲ့ပါတယ်။

Boston Celtics ကို အနိုင်ရရှိပြီးတဲ့ နောက်မှာ သူဟာ အမေရိက ကနေ အန်းဖီးကို လာချင်တဲ့ ဆန္ဒရှိတယ်တဲ့။

“ကျွန်တော်က ဘတ်စကတ်ဘောမှာ အခု အာရုံစိုက်နေပါတယ်။

ဒါပေမယ့် လီဗာပူး ပွဲတွေကို ကျွန်တော် အာရုံစိုက်ထားပါတယ်။ ပြီးခဲ့တဲ့ ဆန်းဒေး တုန်းက သူတို့  အနိုင်ရရှိတယ်ဆိုတာ သိပါတယ်။

ကျွန်တော် အဝေးကနေ လောလောဆည်တော့ အားပေးနေပါတယ်။ တစ်နေ့ မှာတော့ ကျွန်တော် အန်းဖီးကွင်းမှာ သွားရောက်ကြည့်ရှုနိုင်မယ်လို့  မျှော်လင့်မိပါတယ်။

အခုချိန်မှာတော့ မီယာမီ အသင်းနဲ့  ကစားမယ့် ပွဲတွေအတွက် အာရုံစိုက်နေပါတယ်။” လို့  ပြောကြားလိုက်ပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/05/02/2467857/liverpool-minority-stakeholder-and-nba-star-lebron-james

YNWA
ပန်ဒါ
 
Picture
လီဗာပူး ကပ္ပတိန်ဟောင်း ဆမ်မီ ဟစ်ပီယာက အသက် ၃၇ နှစ်မှာ ကစားသမားဘ၀ကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။

ဟစ်ပီယာဟာ ဂျာမန်ကလပ်မှာ နောက်ရာသီက စပြီး မန်နေဂျာတာဝန် အဖြစ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။

“ဒီရာသီမှာ အနားယူဖို့ အတွက် စဉ်စားဆုံးဖြတ်ထားပါတယ်။ နောက်ထပ် ကစားဖို့  ကျွန်တော် ဆန္ဒမရှိတော့ပါဘူး။ ဒီလို အနားယူတဲ့အတွက် နောင်တ မရရှိပါဘူး။  ကျွန်တော့် ကစားသမား ဘ၀ကို ဖြတ်သန်းခွင့်ပေးတဲ့ ကလပ်တွေအားလုံး၊ ဆွေမျိုးတွေ၊ နဲ့ မိသားစု ကို အထူးကျေးဇူးတင်ပါတယ်။

နည်းပြဖို့ အတွက်တော့ စိတ်ဝင်စားစရာပါပဲ။ ကျွန်တော် နည်းပြလိုင်စင်နဲ့  လီဗာကူဆင် နဲ့ အတူ မိခင်နိုင်ငံမှာ စတင်ရယူပါမယ်။ ဒီအတွက် ကျွန်တော် အင်မတန်ပျော်ပါတယ်။” လို့ ပြောကြားလိုက်ပါတယ်။
Picture
အန်းဖီးကွင်းမှာ ၁၀ နှစ် ကစားခဲ့တဲ့ ဟစ်ပီယာဟာ ဒတ်ခ်ျ အသင်း Willem II ကနေ ၁၉၉၉ ကနေ ပေါင် ၂.၅ သန်းနဲ့  ပြောင်းရွှေ့ လာတာဖြစ်ပြီး လီဗာပူး အသင်းနဲ့ အတူ ချန်ပီယံဖလား၊ UEFA ဖလား၊ Fa ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့  ဥရောပ စူပါဖလား ၂ ကြိမ်ရရှိသည် အထိ အောင်မြင်မှုများရရှိခဲ့ပါတယ်။

ကိုးကား - http://www.footymad.net/storytext.asp?article=3654771
 
 
Reina, Johnson, Flanagan, Carragher, Skrtel, Lucas, Spearing, Maxi, Meireles, Kuyt, Suarez.

လူစာရင်း အရ ရော်ဘင်ဆင်နေရာမှာ ဂျွန်ဆင် ၀င်ကစားတာ တစ်ခုပါပဲ။

ပထမပိုင်း ပြီးသွားပါပြီ။ ဂိုးရသွားပြီး ကစားပုံ ပြောင်းသွားသလိုပဲ။ ဒီဘက်ချည်းပဲ အဖိခံရပေမယ့် ဘာတန် ကော်နာကန်တာ ၆ ၇ လုံးလောက် လွဲသွားလို့ တော်သေးတယ်။ ကစားတာ နည်းနည်းလိုနေတယ်။ အလယ်တန်းက ဘောလုံးမထွက် သလို တောင်ပံ ဘက်ကလည်း သိပ် အလုပ်မဖြစ်ဘူး။

ကာရိုး ၀င်ကစားလည်း မလွယ်လောက်ဘူး။ အလယ်မှာနဲ့  တောင်ပံမှာ ကစားကွက် ဖော် ကစားနိုင်မယ့် ကစားသမား ထည့်ရင် ကောင်းမယ်။ နံပတ် ၁၈ နဲ့  ဘာတန်ကို သိပ်မထိန်းနိုင်သလိုပဲ။ ခပ်ကြမ်းကြမ်းတော့ ဆော့နေတယ်။

၅၇ မိနစ်မှာ ဆွာရက်စ် နယူးကာဆယ် နောက်ခံလူကို ကျော်လိုက်တာ အနောက်ကနေ ဆွဲလှဲသလိုဖြစ်တာမို့  ပင်နယ်တီရပါတယ်။ ဒီပင်နယ်တီကို ဒတ်ကောခ်ျက အမှားအယွင်းမရှိပဲ ဂိုးသမား ဘယ်ဘက်ကို ထပ်ကန်လိုက်လို့  ၂- ၀ ဖြစ်သွားပါပြီ။

နောက်တစ်ဂိုးပါဗျာ။ ဆွာရက်စ် ဒတ်ကောက်ခ်ျနဲ့  ၁ ၂ ရိုက်ပြီး ဂိုးလိုချင်နေတဲ့ ဆွာရက်စ် တစ်ယောက် ဂိုးရသွားပါပြီ။

မိနစ် ၇၀ မှာ မက်ဆီကို ထုတ်ပြီး ကာရိုးကိုထည့် လိုက်ပြီ။

မိနစ် 80 မှာ ဖလာနာဂန် အစား ရှက်ဗေ၊ ၈၆ မိနစ်မှာ ဆွာရက်စ် အစား ဂျိုးကိုးတို့  ၀င်ကစားပေမယ့်လည်း တစ်ဖက်နဲ့ တစ်ဖက် ဂိုးထပ်မသွင်းနိုင်တော့ပဲ ၃ - ၀ နဲ့ ပြီးသွားပါပြီ။

ဘာပဲပြောပြော အဖိုးတန်တဲ့ ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားပါတယ်။ Congratulation Reds! Well done.

စပါး ဒီအပတ်မှာ ရှုံးသွားတဲ့ အတွက် အခုဆိုရင် နံပတ် ၅ နေရာကို ရောက်ရှိနေပါပြီ။ အိမ်ကွင်းမာတဲ့ ဖူဟမ်ကို အနိုင်ကစားနိုင်မယ်ဆိုရင် ဥရောပ ၀င်ခွင့်က ပိုမို ရောင်ခြည်သန်းလာမှာပါ။

ynwa

 
Picture
Marveaux ဟာ လီဗာပူး အသင်းရဲ့  နွေရာသီမှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်လာပါတယ်။

အလွတ်ပြောင်းရွှေ့ ကြေးနဲ့  Marveaux ကို အေပရယ်မှာ သဘောတူညီသွားတာဖြစ်ပြီး သူ့ရဲ့ စာချုပ်သက်တမ်းဟာလည်း ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ သွားတယ် ဆိုတဲ့ အကြောင်းကို ပြင်သစ်သတင်းစာ က ဖော်ပြခဲ့ပါတယ်။

ဘယ်သန်ကစားသမား Marveaux ဟာ ဒီနှစ်မှာ ၁၀ ပွဲပါဝင်ကစားနိုင်ပြီး ဒဏ်ရာနဲ့ရုန်းကန် နေရတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ၁၀ ပွဲ ကစားရာမှာ ဂိုးရအောင် ၂ ဂိုး ဖန်တီးပေးခဲ့သလို ၁ ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်။

ဒီကစားသမားကို ၄ နှစ်နဲ့  ချုပ်ဆိုမှာဖြစ်ပြီး သူ့ ရဲ့  စွမ်းဆောင်ရည်အပေါ်မှာမူတည်ပြီး ၅ နှစ်အထိ ချုပ်သွားမယ်လို့  ကြားပါတယ်။ ဒီလို စွမ်းရည်ဟာ ဘောလုံး ဒါရိုက်တာ ကိုမိုလီကိုမျက်စိ ကျစေတာဖြစ်ပါတယ်။

ကိုးကား - http://www.talksport.co.uk/sports-news/football/premier-league/transfer-rumours/7012/7/marveaux-becomes-liverpools-first-summer-signing-winger-agrees-four-

YNWA
ပန်ဒါ
 
ဒီအပတ် အိမ်ကွင်းမှာ နယူးကာဆယ်နဲ့  ထပ်မံကန်ရပါအုန်းမယ်။ ဒဲလ်ဂလိပ်လက်ထက်မှာ အိမ်ကွင်း တစ်ပွဲမှ မရှုံးသေးလို နောက်ဆုံး ၃ ပွဲမှာ ၇ မှတ်ရအောင် ယူထားနိုင်တာတွေ့ ရပါတယ်။ မှတ်တမ်းအရ ငှက်ကြားများကိုလည်း EPL ၁၅ ပွဲတွေ့ တဲ့ အထဲမှာ ၁၃ ပွဲ အနိုင်ရရှိထားသလို အိမ်ကွင်းမှာ တစ်ခါမှ မရှုံးခဲ့ပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာ လီဗာပူးက ဘာမင်ဟမ်ကို ၅ ဂိုး နဲ့ အနိုင်ရရှိထားပေမယ့် နယူးကာဆယ်ကတော့ ဘလက်ပူးဆီက ၁ မှတ်ပဲရလိုက်ပါတယ်။ ကာရိုးအနေနဲ့  အသင်းဟောင်းကို ပြန်တွေ့ မှာဖြစ်ပြီး St James Park မှာ လီဗာပူးဘက်ကို ၁ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ကာရိုးကို အခုချိန်ထိ ပါဝင်ကစားနိုင်မယ်ဆိုတာ သေခြာ မသိရသေးပါဘူး။ လီဗာပူးဘက်က ဂျွန်ဆင်၊ ဂျာရတ်၊ နဲ့  အက်ဂါတို့ မပါဝင်သလို နယူးကာဆယ်ဘက်က အိုင်ယာလန်၊ ဘင်အာဖာ၊ ဂေါ့စလင်း တို့  ပါဝင် ကစားနိုင်မှာမဟုတ်ပါဘူး။

နောက်ဆုံး ၅ ပွဲ ရလဒ်

Liverpool: WLWDW
Newcastle: LWLLD

၂ ဖက်လုံး ဖြစ်နိုင်ဖွယ်ရာ လိုင်းအပ်ကတော့

Liverpool: Reina, Flanagan, Carragher, Skrtel, Robinson, Kuyt, Lucas, Spearing, Meireles, Suarez, Rodriguez.

Newcastle: Krul, Simpson, Coloccini, Taylor, Enrique, Ireland, Barton, Tiote, Gutierrez, Nolan, Ameobi.

ကင်နီအနေနဲ့  ဒဏ်ရာကနေ အရှင်းမပျောက်သေးတဲ့ ကာရိုးကို ထည့်သွင်းကစားမှာမဟုတ်သလို ပြီးခဲ့တဲ့ အပတ်က လူစာရင်းနဲ့ ပဲ ပွဲဦးထွက်လာနိုင်ဖွယ်ရှိပါတယ်။ အိမ်ကွင်း ရလဒ်ကောင်းမွန်နေတဲ့ အပြင် ဥရောပ လိဂ်ကို တားဂတ်ထားနေတဲ့ လီဗာပူးတော့ အနိုင်ကန်မယ်ထင်ပါတယ်။

YNWA

ပန်ဒါ
 
Picture
ရေနာကတော့

“ကျွန်တော်တို့  လက်ကျန် ၄ ပွဲလုံး နိုင်အောင် ကန်ဖို့ လိုပါမယ်။ ပြီးတော့မှ ဘာဖြစ်လာမလည်း ဆိုတာကို စောင့်ကြည့်တာပေါ့။

ကျွန်တော်တို့  အသင်း ၄ ပွဲလုံးနိုင်ပြီး ဥရောပ နေရာကို ၀င်ခွင့်ရရှိမယ်လို့  ယုံကြည်ပါတယ်။ ဒါက အရေးကြီးဆုံးနဲ့  အနီးဆုံး ပစ်မှတ်ပါ။

ဘာမင်ဟမ်ကို နိုင်သလိုမျိုး ပွဲတိုင်း ၅ - ၀ ပြတ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘာမင်ဟမ် နဲ့  တုန်းက ကစားခဲ့သလို စိတ်ဓာတ်နဲ့  ကစားပုံ ကစားရင်တော့ နိုင်ဖို့  အခွင့်အလမ်းများပါတယ်။

ကျွန်တော်တို့  တစ်ပွဲထက် တစ်ပွဲ ကို အာရုံစိုက်ပြီး ကစားဖို့  လိုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ နယူးကာဆယ်နဲ့ ပွဲပေါ့။ စပါးက ချဲလ်ဆီးနဲ့  ပွဲကြပ် ကန်ရမှာမို့  ဒီအပတ်တော့ ကျွန်တော်တို့  သူတို့ ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ အိမ်ကွင်းမှာ တစ်မှတ်မှ မဆုံးဖို့  အရေးကြီးသလို စပါးနဲ့ လည်း ကန်ရအုန်းမယ်လေ။

အဝေးကွင်းခက်ခဲတဲ့ ဖူဟမ်နဲ့  ဗွီလာ နဲ့ ကန်ရပါအုန်းမယ်။ ကျွန်တော် ပြောခဲ့သလို တစ်ပွဲပြီး တစ်ပွဲကို သာ အာရုံစိုက်ပြီး ကန်ရင်တော့ အမှတ်တွေ မလျှော့လောက်ပါဘူး။

ပြီးခဲ့တဲ့ ၅ ၆ လောက်အထိက ဥရောပ ၀င်ခွင့်ဆိုတာ မသေခြာခဲ့ပါဘူး။ ဒါပေမယ့် ကင်နီ၊ စတိဗ် နဲ့  ကျွန်တော်တို့  အားလုံးကြိုးစားမှု နဲ့  အတူ အခုတော့ ဥရောပ ၀င်ခွင့်နေရာကို စိန်ခေါ်လာနိုင်ပါတယ်။

မဲလ်ဝုဒ်က ပျော်ဖို့  ကောင်းတဲ့နေရာပါ။ အ၀တ်လဲခန်းက ငယ်မူငယ်သွေးတွေ ပြည့်နေသလို ပျော်ရွှင်ပြီး အသံကျယ်တဲ့ အခန်းပေါ့။

အသင်း အားပေးသူတွေက အခုဆိုရင် ပိုပြီး အကောင်းမြင်လာပါပြီ။ အသင်းကစားပုံ ကောင်းမွန်လာတာကတော့ သူတို့ အတွက် ပျော်ရွှင်စေပါတယ်။ ကျွန်တော်တို့  သူတို့ ရဲ့  သစ္စာရှိစွာ အားပေးမှု အတွက် အမြဲတမ်းခံစားရပါတယ်။ ဒီလို အားပေးထောက်ခံမှု ရတာ အင်မတန် ကောင်းပါတယ်။” လို့  LFC TV ကိုပြောကြားလိုက်ပါတယ်။

ကိုးကား - http://www.liverpoolfc.tv/news/latest-news/reina-four-wins-key-to-europe

YNWA
ပန်ဒါ

 
Picture
အော်ရယ်လီယိုက ရာသီမကုန်ခင် ထပ်မံ ကစားနိုင်ဖို့  မျှော်လင့်နေပါတယ်တဲ့။

“ကျွန်တော်ဟာ ရာသီမကုန်ခင် ကစားနိုင်မယ်လို့ အကောင်းမြင်ထားပါတယ်။ ကျွန်တော့် ဒဏ်ရာဟာ မန်ယူ နဲ့  ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာမျိုးပါ။ ကျွန်တော့် အမြင်နဲ့ ပတ်သက်ပြီးတော့ ဒါဟာ အင်မတန်စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် ဘုရားသခင်က ကောင်းမြတ်ပါတယ်။ မကြာခင် ဒဏ်ရာအခြေအနေက ရုန်းထွက်မယ်လို့  ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အမြဲတမ်း ကြံ့ခိုင်မှု ပြည့်ဝဖို့ အတွက် တိုက်ပွဲ ၀င်နေတာပါ။”

http://www.goal.com/en-gb/news/2896/premier-league/2011/04/28/2461872/fabio-aurelio-optimistic-of-returning-for-liverpool-before