Picture
လီဗာပူး အသင်းဟာ နယူးကာဆယ် က Jose Enrique ကို ခေါ်ယူနိုင်ဖို့  ပိုမို အခွင့်အလမ်းကောင်း ရသွားပြီဖြစ်ပါတယ်။ အလန်ပါဂျူးဟာ ထွက်ခွာဖွယ်ရှိတဲ့ Jose Enrique အစား ပေါကွန်ချက်စကီး ကို စိတ်ဝင်စားတယ်ဆိုတဲ့ လေသံဟ လာလို့  ဖြစ်ပါတယ်။ Jose Enrique ဟာ လီဗာပူးရဲ့  လိုအပ်နေတဲ့ ဘယ်နောက်ခံ နေရာကို ဖြည့်ဆည်းပေးဖို့  အသင့်တော်ဆုံးဖြစ်နေပြီး နယူးကာဆယ်က ဒီ Jose Enrique အတွက် ကွန်ချက်စကီး နဲ့  ပြောင်းရွှေ့ ကြေး တောင်းဆိုဖွယ်ရာ ရှိတယ်တဲ့။

စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိနေတော့တာမို့  နောက်ရာသီကုန်ရင် Jose Enrique ဟာ ထွက်ခွာမယ် လို့  သိရပါတယ်။ မထွက်ခွာခင်တော့ နယူးကာဆယ် အနေနဲ့  ဒီကစားသမားကို ရောင်းချသွားဖွယ်ရှိတယ်။ အလန်ပါဂျူးနဲ့  ကွန်ချက်စကီးတို့ ဟာ အတူ ၀က်စ်ဟမ်းမှာ အလုပ်လုပ်ဖူးတာလည်းဖြစ်ပါတယ်။ ကွန်ချက်စကီးဟာ နောတင်ဟမ်ဖောရက်စ် ကနေ ပြန်လည်ရောက်ရှိနေပြီး လီဗာပူးနဲ့ အတူ နောက်ဆုံး ၃ ပွဲမှာ အတူတစ်ကွ ရှိမှာဖြစ်ပါတယ်။ ကွန်ချက်စကီးကို ဖူဟမ်ကလည်း ပြန်လည် ခေါ်ယူဖို့  စိတ်ဝင်စားနေပါတယ်။

ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/05/07/2474607/liverpools-pursuit-of-jose-enrique-boosted-by-newcastle




Leave a Reply.