Picture
မာတင် ကယ်လီ

မာတင်ကယ်လီဟာ လီဗာပူး အသင်းအတွက် ကစားပေးနေတဲ့ နောက်တန်း အလယ်လူ၊ နဲ့  ညာနောက်ခံလူ နေရာမှာ ကစားပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ ရဲ့  အကောင်းဆုံး အရည်အသွေးက ဘယ်တောင်ပံ ကစားသမားတွေကို ထိန်းချုပ်ကစားနိုင်ပြီး ဖြတ်တင်ဘောတွေ ရှင်းထုတ်ရာမှာ ကျွမ်းကျင်တဲ့ ကစားသမားဖြစ်ပါတယ်။

နာမည် အပြည့်အစုံ     Martin Ronald Kelly[1]
မွေးဖွားသည့် ခုနှစ်    27 April 1990 (1990-04-27) (age 20)
မွေးဖွားရာနေရာ     Whiston, Merseyside[2], England
အရပ်     6 ft 3 in (1.91 m)
ကစားသည့်နေရာ     Centre Back, Right Back
ကစားနေသည့် ကလပ်     Liverpool
ဝတ်ဆင်သည့် ကျောနံပတ်     34

လီဗာပူး အကယ်ဒမီ က ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၀၇ မှာ အရံ အသင်းမှာ စပါဝင်လာခဲ့ပါတယ်။ ၂၀၀၈ မှာ ကလပ် အသင်းကြီး ကစားသမားအဖြစ် နဲ့ စတင်ခဲ့ပြီး နံပတ် ၃၄ ကို စယူခဲ့ပါတယ်။ ဆီနီယာ အသင်းမှာ ပထမဆုံး ခေါ်ယူခဲ့တဲ့ ပွဲက ချန်ပီယံလိဂ် မာဆေးနဲ့  ကစားခဲ့တဲ့ပွဲဖြစ်ပါတယ်။ PSV နဲ့ အသင်းမှာ ကာရေဂါ အစား ၀င်ရောက်ပြီး ကလပ်အတွက် ပထမဆုံး ကစားပေးခဲ့ပါတယ်။ ၂၀၀၉ မှာ ဟတ်ဒါဖီး အသင်းကို အငှားသွားရောက်ကာ ရာသီကုန် အထိ ကစားခဲ့ပါတယ်။ အဲက ပြန်လာပြီး လိုင်ယွန် နဲ့ ပွဲမှာ ပထမဆုံး ပွဲထွက် ကစားသမားအနေ နဲ့  ကစားခဲ့ပါတယ်။ ၇၄ မိနစ်မှာ ဒဏ်ရာရပြီး ထွက်ခွာ သွားခဲ့ပေမယ့် လီဗာပူး က ပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို အဲပွဲ အတွက်ရရှိခဲ့ပါတယ်။

၂၀၁၀-၂၀၁၁ ခုနှစ်မှာ ပွဲဦးထွက် ကစားခွင့် ပိုမို များလာပြီး အဓိက ဥရောပ လိဂ်ပွဲတွေကနေ တစ်ဆင့် နေရာရလာပါတယ်။ ချဲလ်ဆီးနဲ့  ပထမအကျော့ ကန်ခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပြီး အမှားအယွင်း ကင်းစွာ ကစားနိုင်ခဲ့တာမို့  အားလုံး စိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ အခုတော့ ဒဏ်ရာနဲ့  မို့  ၁ လ လောက် အနားယူနေရပါတယ်။