1 မိနစ်တောင် မပြည့်သေးဘူး။ လက်လန်တယ်။ ဒီဘက်က ဆွာရက်စ် လွတ်နေတာကို ထိုးပေးလိုက်တာ။ ဆွာရက်စ် ကန်ခွင့်ရပေမယ့် တစ်ကိုယ်ကောင်း မဆန်ပဲ ဘေးကို ချပေးလိုက်တာ ဖူဟမ် နောက်ခံလူတွေ ဖျတ်ထုတ်လို့  ထွက်လာတဲ့ ဘောလုံးကို မက်ဆီ ကန်လိုက်တာ စက့္ကန့် ၄၀ မှာ ဗွေဆော်ဦး ဂိုးရသွားတယ်။
လူးကပ်စ်ကို ပွဲစပြီး ၂ မိနစ်လောက်မှာ ဒန်နီမာဖီ ဖျက်တာ ကြမ်းလို့  အ၀ါကတ် အပြခံရပါတယ်။
နောက်ထပ် မိနစ် ၅ မိနစ်လောက်မှာ ဂလန်းဂျွန်ဆင် ဘယ်ဘက်က တင်ပေးလိုက်တာ မက်ဆီပဲ မနားတမ်း မြေမကျဘောကန်ပြီး ထပ်သွင်းလိုက်လို့  ၂ - ၀ ဖြစ်သွားပါပြီ။ မနိုင်ဘူးဟေ့။ မက်ဆီတော့။
လူသတ်ကွင်းထဲကို ရောက်လာလား မှတ်နေရတယ်။ ဖူဟမ်က ဘာကျွေးသလည်း မမေးနဲ့ ။ အေးပေါ့လေ။ အိမ်ကွင်းဆိုတော့ ရေလည်စွာတာပေါ့။ ကျွေးတာမှ ဆွာရက်စ်၊ လူးကပ်စ်၊ မေရားလက်စ်၊ စကာတယ် အကုန် အကျွေးခံရတာ။ မေရားလက်စ် ဆို ဂတ်ဂျွန်ဆင် နောက်ကနေ ဘလိုင်းကြီး ကျွေးတာ ဒိုင်လူကြီး ဘာမှ မပြတာ အံ့သြစရာပဲ။
ဂိုးးးးးးးးးးး။။ နောက်တစ်ဂိုး။ ဒတ်ကောက်ခ်ျပဲ အဝေးကနေ လှမ်းကန်တာ။ ဂိုးသမား လက်နဲ့  ပုတ်ပြီး ဂိုးထဲ ပြန်ဝင်သွားတယ်။ ၁၅ မိနစ် အတွင်းမှာ ဖူဟမ် လိုအိမ်ကွင်းမာတာကို ၃ ဂိုးကျွေးလိုက်ပြီ။
34 မိနစ်မှာ ဒီဘက်က ဖူဟမ် ကော်နာ ကန်ခွင့်ရတာ ကန်တင်လိုက်တာ ဘောက်စ် အေရိယာကနေ အပြင်းကန်လိုက်တာ ဂျွန်ဆင် ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်လိုက်လို့ ပေါ့။ ဒီည ဂျွန်ဆင် ကောင်းနေတယ်။ ၂ လုံး ဖန်ပေးတယ်။ ခုမှ ဖူဟမ် ဒရစပ် ပြန်ဖိ ကစားလာတာ။ ဖူဟမ် က အခုဆို ကော်နာ ၃ ကြိမ်၊ လီဗာပူးက ၂ ကြိမ်ရထားပါပြီ။ စပါးနည်းပြ ရက်နက်လည်း ပွဲကြည့်စင်မှာ လာကြည့်တာတွေ့ တယ်။
37 မိနစ်မှာ ဆွာရက်စ် ကန်လိုက်တာ ဂိုးသမားနဲ့ ထိလို့  ကော်နာရပါတယ်။ ဆွာရက်စ် နာ သွားလားမသိဘူး။ ငတိလေး မျက်နှာ ရှုံ့ မဲ့နေတယ်။ ဒုတိယပိုင်းလောက်မှာ ဂျိုးကိုးနဲ့  လဲလိုက်ရင်ကောင်းမယ်။ ဒါမှ နောက်ပွဲတွေ မနာမှာ။
ဒုတိယပိုင်းမှာ ဖူဟမ် ၂ ဂိုးပြန်သွင်းပေမယ့် မက်ဆီပဲ နောက်တစ်ဂိုးနဲ့  နောက်ဆုံးဂိုးကို ဆွာရက်စ် ရှက်ဗေ ထိုးပေးတာကနေ တစ်ဆင့် ဂိုးသမားကို လိမ်ပြီး ကန်လိုက်ပြီး ၅ ဂိုးမြောက်သွင်းလိုက်ပါတယ်။
ပွဲပြီးတော့ ၅ - ၂ နဲ့ ပြီးသွားပါတယ်။
Cystic Fibrosis ဝေဒနာ ခံစားနေရတဲ့ အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ Charlie Capener ဟာ သူ့ ရဲ့ အိပ်မက်ဖြစ်တဲ့ အန်းဖီးက သူ့သူရဲကောင်းတွေနဲ့  တစ်နေ့ တာ တွေ့ ဆုံခွင့်ကို မဲလ်ဝုဒ်မှာ ရရှိခဲ့ပြီဖြစ်ပါတယ်။
သူ့ အဖေ ကာလ်းကတော့ လီဗာပူး အသင်းကို အောက်ကလို ကျေးဇူးတင်စကား စာပြန်ရေးခဲ့ပါတယ်။
“ကက်နဲ့ ကျွန်တော်ဟာ လီဗာပူးအသင်းက လူတွေအားလုံးကို မနေ့ ကလို စပါရှယ်နေ့ ဖြစ်ခဲ့တဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်တော်တို့ မိသားစု ၃ ယောက်ဟာ လီဗာပူး အသင်းက ကစားသမားတွေ၊ ၀န်ထမ်းတွေရဲ့  ဖော်ရွေစွာ ကြိုဆိုခြင်းကိုခံရပါတယ်။ ချားလ် အနေနဲ့  သူ့ ဟီးရိုး ဂျာရတ်ကို တွေ့ ရတာမို့  အင်မတန်ပျော်ရွှင်နေပါတယ်။
ကျွန်တော်တို့  ရဲ့  ကျေးဇူးတင်စကားကို အားလုံးကို ဖော်ပြပေးပါ။ ဒါတင်မက ကျွန်တော်တို့  အားလုံးဟာ ဒဲလ်ဂလိပ် ဘာလို့  သူ့ ကစားသမားတွေကို အင်မတန် ကာကွယ်ပေးနေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ ခဲ့ရပါတယ်။ ကျွန်တော့် သား ချားလ်ကို ဆမ်မီ က လှေကားမှာ နူတ်ဆက်ခဲ့တာတွေ ကိုမေ့နိုင်မှာမဟုတ်ပါဘူး။ ဒါတင်မက ချားလ်ရဲ့  ထရိန်နင် အိုင်ဒီယာတွေကိုလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့ စတိဗ် ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ ”
ကျွန်တော် ဒီတစ်ပတ်လုံး အသွင်သစ် အမြင်သစ် နှင့် မြန်မာ ကြိုးကြာနီ အားပေးသူများ ကိုမြင်ရဖို့  ဆိုဒ်မှာ လုပ်စရာလေးတွေ အကုန်လုပ်ပြီးပါပြီ။ မြန်မာ လီဗာပူးချစ်သူများ ဆိုဒ်လေးကို နောင်တော် အာဆင်နယ်မြန်မာလိုပဲ လှပခန့် ညားတဲ့ ဆိုဒ်၊ မန်ဘာ အချင်းချင်းချက်လို့ ရမယ့် chat feature၊ အချင်းချင်း မိတ်ဆက်ရင်း ဆွေးနွေးငြင်းခုံ ပြောဆိုနိုင်မယ့် Forum၊ နောက်ဆုံး သတင်းများနှင့် အတူ မိတ်ဆွေ ရှေ့ မှာ မကြာခင် ရောက်ရှိလာပါတော့မယ်။
နောက်လာမယ့် ရာသီများမှာ လီဗာပူး အသင်း ရလဒ်တွေကို ခန့် မှန်းပြီး ဆုလက်ဆောင် ရယူခြင်း အစီအစဉ်... မန်ဘာများ အချင်းချင်း မိတ်ဆုံ စားသောက်နိုင်မည့် အစီအစဉ်.. စသည် အစီအစဉ် အစဉ်ပေါင်းများစွာ အကောင်အထည်ဖော်ဖို့ ရှိတာမို့  ကျွန်တော်တို့ နဲ့ အတူ မျက်ခြေ မပြတ်ပဲ နေကြပါလို့ ။
စောင့်လက်စ နဲ့  ခဏလောက် သည်းခံပြီး စောင့်ပေးကြပါအုန်း။ အားလုံးကို ကျေးဇူးတင်ပါတယ်။
YNWA
ပန်ဒါ
လီဗာပူး အသင်းဟာ နယူးကာဆယ် က Jose Enrique ကို ခေါ်ယူနိုင်ဖို့  ပိုမို အခွင့်အလမ်းကောင်း ရသွားပြီဖြစ်ပါတယ်။ အလန်ပါဂျူးဟာ ထွက်ခွာဖွယ်ရှိတဲ့ Jose Enrique အစား ပေါကွန်ချက်စကီး ကို စိတ်ဝင်စားတယ်ဆိုတဲ့ လေသံဟ လာလို့  ဖြစ်ပါတယ်။ Jose Enrique ဟာ လီဗာပူးရဲ့  လိုအပ်နေတဲ့ ဘယ်နောက်ခံ နေရာကို ဖြည့်ဆည်းပေးဖို့  အသင့်တော်ဆုံးဖြစ်နေပြီး နယူးကာဆယ်က ဒီ Jose Enrique အတွက် ကွန်ချက်စကီး နဲ့  ပြောင်းရွှေ့ ကြေး တောင်းဆိုဖွယ်ရာ ရှိတယ်တဲ့။
စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိနေတော့တာမို့  နောက်ရာသီကုန်ရင် Jose Enrique ဟာ ထွက်ခွာမယ် လို့  သိရပါတယ်။ မထွက်ခွာခင်တော့ နယူးကာဆယ် အနေနဲ့  ဒီကစားသမားကို ရောင်းချသွားဖွယ်ရှိတယ်။ အလန်ပါဂျူးနဲ့  ကွန်ချက်စကီးတို့ ဟာ အတူ ၀က်စ်ဟမ်းမှာ အလုပ်လုပ်ဖူးတာလည်းဖြစ်ပါတယ်။ ကွန်ချက်စကီးဟာ နောတင်ဟမ်ဖောရက်စ် ကနေ ပြန်လည်ရောက်ရှိနေပြီး လီဗာပူးနဲ့ အတူ နောက်ဆုံး ၃ ပွဲမှာ အတူတစ်ကွ ရှိမှာဖြစ်ပါတယ်။ ကွန်ချက်စကီးကို ဖူဟမ်ကလည်း ပြန်လည် ခေါ်ယူဖို့  စိတ်ဝင်စားနေပါတယ်။
ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/05/07/2474607/liverpools-pursuit-of-jose-enrique-boosted-by-newcastle
၂၂ နှစ်ရှိပြီ ဖြစ်တဲ့ စပီးရားယင်း ဟာ ပြီးခဲ့တဲ့ အပတ်မှာ ခြေစွမ်းပုံမှန်ပြနိုင်ပြီး ကင်နီ လက်အောက်မှာ ကစားခွင့်ရခဲ့ပါတယ်။ ဒီရာသီမှာ သူက ၁၃ ပွဲ ကစားပေးထားပြီဖြစ်ပြီး စတီဗင်ဂျာရတ် ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်မှာ ဂျာရတ်နေရာကို အကောင်းဆုံးဖြည့်ကစားပေးနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အနေထားကို ရောက်ရှိနေတဲ့ လီဗာပူး ကွင်းလယ်ကို လူးကပ်စ် နဲ့ အတူ မောင်းနှင် ပေးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
FA Youth Cup မှာ ဗိုလ်စွဲခဲ့တဲ့ လီဗာပူး လူငယ်အသင်းမှာ ကပ္ပတိန် ဖြစ်ခဲ့တဲ့ စပီးရားယင်း ရဲ့  စာချုပ်ဟာ ဒီလာမယ့် ရာသီကုန်ရင် နောက်ဆုံးကို ရောက်ရှိလာတော့မှာဖြစ်တာမို့  အကောင်းဆုံး ခြေစွမ်းပြနေတဲ့ စပီးရားယင်းကို လီဗာပူးက ၃ နှစ် ထပ်မံပြီး စာချုပ် သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။
http://www.skysports.com/story/0,19528,11669_6916188,00.html
ဂိုမက်ဇ်ကို ခေါ်ယူဖို့  ဒဲလ်ဂလိပ် စိတ်ဝင်စားနေသတဲ့။ ကစားသမားရဲ့  ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်က လာမယ့် နွေရာသီကျရင် ဘေယန်မြူးနစ်က တိုက်စစ်မှူး ဂိုမက်ဇ် ကို ဒဲလ်ဂလိပ်က စုံစမ်းနေသတဲ့။ ဂိုမက်ဇက်ဟာ အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး ဒီရာသီမှာ ၂၄ ဂိုးသွင်းယူနိုင်ကာ ဘွန်းဒက်စ်လီဂါ ရဲ့  ထိပ်တန်း ဂိုးသွင်းဘုရင်ဖြစ်နေပါတယ်။
ကိုးကား - http://www.sport.co.uk/news/Football/53202/Exclusive_Dalglish_makes_Gomez_enquiry.aspx
ဘာကာမှာ ပုံမှန် ပွဲဦးထွက်ခွင့် မရတဲ့ ဘင်အက်ဖလေ ကို ဒီနှစ် လာမယ့် နွေရာသီကျရင် ပေါင် ၁၀ သန်းနဲ့  ကမ်းလှမ်းသွားဖွယ် ရှိတယ်တဲ့။ ဘင်အက်ဖလေ ဟာ ဂွာဒီယိုလာလက်ထက်မှာ စုစုပေါင်း ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး ၄ ပွဲကို ပွဲဦးထွက် အနေနဲ့  ကစားခွင့်ရတာဖြစ်ပါတယ်။ ကိုမိုလီဟာ အက်ဖလေ ဖန် တစ်ယောက်ဖြစ်ပြီး နူးကမ့်ကို မပြောင်းခင်ကတည်း က လိုက်နေတာပဲဖြစ်ပါတယ်။
ကိုးကား - http://www.sportingo.com/football/a20563_liverpool-eye-swoop-barcelona-star
လူးဝစ်ဆွာရက်စ် နဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ထောင်နိုင်ခဲ့တဲ့ ရိုထရီဂွက်ဇ် ကတော့
“ကျွန်တော် ဒီမှာ တစ်ကယ်ပျော်ရွှင်ပါတယ်။ လူတိုင်းက ကောင်းမွန်စွာ ဆက်ဆံပါတယ်။
ဒီမှာ နေထိုင်ရတဲ့ ဘ၀ဟာ စပိန်မှာ ၉ နှစ်သာ နေထိုင်ရတာထက် ကွာခြားပေမယ့် ကျွန်တော်က ပျော်ရွှင်နေပါတယ်။
ကျွန်တော် ကြီးမားတဲ့ ကလပ်မှာ နေရတာ ပျော်ရွှင်သလို ဒီမှာ ကစားရတာလည်း ပျော်ရွှင်ပါတယ်။” လို့  ပြောကြားလိုက်ပါတယ်။
Owners, Fenway Sports Group ဟာ ကစားသမား တွေကို လျှော့ချဖို့  စီစဉ်နေပြီး ခြေစွမ်း ပုံမှန်မရှိတဲ့ ကစားသမားတွေမှာ ဂျိုးကိုး နဲ့  ရိုထရီဂွက်ဇ် လည်း ပါဝင်နေပါတယ်။