ဒုတိယပိုင်းမှာလည်း လီဗာပူးပဲ ဂိုးရဖို့  ထပ်မံ ကြိုးစား ကစားနေတာတွေ့ ရပါတယ်။

ဆွာရက်စ် နောက်ခံလူတွေကြား ကျော်ပြီး ချပေးလိုက်တဲ့ ဘောလုံးကို ကို ကာရိုးကန်တာ လူထိပြီး ထွက်သွားပါတယ်။

တတိယ အကြိမ်မြောက် ကော်နာ ဆွာရက်စ် ကြောင့်ရတာကို ကန်တင်လိုက်တာ ဒတ်ကောက်ခ်ျ ခေါင်းခုန်တိုက်တာ ဘေးထွက်သွားပါတယ်။

ကော်နာ နောက်တစ်ခါရပြီး ကန်တင်လိုက်တာ မန်စီးတီး နောက်ခံလူ တွေ ဖြတ်ထုတ်လိုက်တဲ့ ဘောလုံးကို စပီးရားရင်း မြေမကျဘောကန်တာ အပေါ်ထောင်သွားပါတယ်။

မန်စီးတီးကတော့ လီဗာပူးနဲ့ အပြိုင်လိုက်ဆော့ဖို့ မကြိုးစားပဲ ဘောလုံး ကိုင်ကစားဖို့  ကြိုးစားနေပါတယ်။ ဖလာဂန် ကတော့ အခုမှ စ ကစားပေမယ့် ဘောလုံးကို တည်တည်ငြိမ်ငြိမ်နဲ့  လိုက်ဖျတ်ကစားသလို pass လည်း ကောင်းမွန်တဲ့ ကစားသမားပါ။

မန်စီးတီးကတော့ ချေပဂိုးရရှိနိုင်ဖို့  Silva ကို ထည့်ကစားတော့မယ့် အရိပ် အယောင်တွေ့ နေရပါတယ်။

James Milner အစား Silva ကို ထည့်ကစားပါတယ်။ ဒုတိယပိုင်းမှာတော့ ၂ သင်းလုံး ကစားပုံ အနည်းငယ်အေးသွားပါတယ်။ မန်စီးတီးကတော့ ချေပဂိုးရဖို့  အသည်းအသန် ကြိုးစားသလို လီဗာပူးလည်း အနိုင်ရရှိအောင် ထိန်းကစားခဲ့ပါတယ်။

နောက်တန်းနဲ့ အလယ်တန်း ဘောလုံး ဖျက်ထုတ်တာ ကောင်းမွန်တာမို့  ရေနာ ဒီပွဲမှာ Clean Sheet ထပ်မံရရှိပါတယ်။ အသည်းအသန် ပုတ်ထုတ်ရတာဆိုလို့  တိုရေး ဂိုးအပြင်ဘက်က အပြင်းကန်တဲ့ တစ်လုံးရယ် ဘာတိုလီ သူ့ ကို ကျော်ပြီး ကန်ဖို့  ကြိုးစားတဲ့ အလုံးကိုပဲ ဖမ်းလိုက်ရပါတယ်။

YNWA
Panda
 
Picture
Liverpool Line Up

Reina, Flanagan, Carragher, Skrtel, Aurelio, Lucas, Spearing, Meireles, Kuyt, Suarez, Carroll.

ဖလာဂန်ကတော့ လီဗာပူးအတွ့က် ပထမဆုံး ပွဲပြည့်ကို ၀င်ကစားပေးပါတယ်။

၆ မိနစ်မှာ ဆွာရက်စ် ကန်တာ ဂိုးသမား ဂျိုးဟတ်ပုတ်ထုတ်ပြီး တိုင်ထိထွက်သွားပါသေးတယ်။

ဂိုးးးးးးးးးးးးး

၁၃ မိနစ်မှာ ဂိုးသွားပါပြီ။ ကာရိုး အဝေးကစ် လှမ်းကန်ပြီး လီဗာပူး အတွက် ပထမဆုံး ဂိုးကို သွင်းယူပေးလိုက်ပါပြီ။

မေရားလက်စ် ကန်တာ မန်စီးတီး နောက်ခံလူတွေနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ကာရိုး ထပ်ကန်လိုက်တာ ဂိုးသွားပါပြီ။

ဒီည ကစားပုံက ၀က်စ်ဘရွနဲ့ တစ်ခြားစီပါဗျာ။ ဘယ်နောက်ခံ၊ ညာနောက်ခံ ၂ ဖက်လုံး ကစားတာ ကောင်းမွန်သလို အလယ်တန်းကလည်း အရင်ကနဲ့ တစ်ခြားစီပါဗျာ။ တောင်ပံ ကစားသမား စစ်စစ် မရှိသေးတာတော့ ဆိုးတယ်။

၁၀ မိနစ်လောက်ကတည်းက တီဗက်စ် ကတော့ နာလို့  ဘာတိုလီနဲ့  လဲလိုက်ရပါတယ်။

၂၈ မိနစ်အထိ လီဗာပူး ပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနေပြီး ကော်နာ ၂ ကြိမ်ရရှိထားပါတယ်။

၃၄ မိနစ်မှာ နောက် တစ်ဂိုးပါခင်ဗျာ။ ဒတ်ကောက်ခ်ျ ကန်ပြီး နောက်တစ်ဂိုးသွင်းယူလိုက်ပါပြီ။

အော်ရယ်လီယို ကန်တာ ပြန်ထွက်လာတဲ့ ဘောလုံးကို ဒတ်ကောက် ဂိုးသမား ညာဘက်ထောင့်ကို အပြင်းကန်ပြီး နောက်တစ်ဂိုးသွင်းလိုက်ပါပြီ။

၃၅ မိနစ်မှာပဲ မေရားလက်စ် ကန်တင်လိုက်တာ ကာရိုး ခေါင်း ထပ်တိုက်လို့  နောက်တစ်ဂိုးပါဗျာ။ ၃ - ၀ ဖြစ်သွားပါပြီ။

ပထမပိုင်း ပြီးတဲ့ အထိ မန်စီးတီးရော လီဗာပူးပါ ဂိုးရရှိဖို့ ကြိုးစားတာ ၇ ကြိမ်ဖြစ်ပြီး လီဗာပူးက ဂိုးပေါက်တည့်တာ ၅ ကြိမ်၊ မန်စီးတီးက ၂ ကြိမ်ဖြစ်ပါတယ်။ ဖောင်းဘောက လီဗာပူးက ၃ ကြိမ် မန်စီးတီးက တစ်ကြိမ်ဖြစ်ပါတယ်။ အ၀ါကတ်ကို အဒမ် ဂျွန်ဆင်ကို ဖျက်ထုတ်တာကြမ်းလို့  အော်ရယ်လီယို ဗွေဆော်ဦး အ၀ါကတ်ရထားပါတယ်။

YNWA
ပန်ဒါ


 
လီဗာပူး လိုင်းအပ်

Reina, Johnson, Carragher, Agger, Skrtel, Spearing, Lucas, Meireles, Suarez, Kuyt, Carroll.

ပထမပိုင်း အပြီးမှာတော့ ဘောလုံး ပိုင်ဆိုင်မှု ဆန်းဒါးလန်းက ၅၂% လီဗာပူးက ၄၈% နှုန်းပါ။

အလယ်တန်း အားမရဘူး။ မေရားလက်စ် ဘာတွေလုပ်နေလည်းမသိဘူး။ ဆိုးပါ့။ ကာရိုးနဲ့  ဆွာရက်ဇ် အချိတ် အဆက်မမိသေးဘူး။ ဆန်းဒါးလန်းကတော့ ပထမပိုင်း မပြီးသေးဘူး လူ ၂ ယောက် လဲပလိုက်ပြီ။ မိနစ် ၂၀ အတွင်းတော့ ကော်နာ ၃ ခါရပြီ။ ဂိုးရဖို့ ပဲလိုတော့တယ်။

ဆန်းဒါးလန်းက ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရပဲ လီဗာပူးက ၃ ခါ ဘေးထွက်ပြီး ၂ ခါ က ဂိုးသမား ဖမ်းမိပါတယ်။

ဒတ်ကောက်ခ်ျ ကန်ချက် ဂိုးသမား ပုတ်ထုတ်လိုက်ရတာ တစ်ကြိမ်။ မေရားလက်စ် ကန်တင်လိုက်တဲ့ ဘောလုံးကို ဆွာရက်စ် ပြေးပြီး ကန်တာ ဂိုးသမား ပုတ်လို့  ပြန်ထွက်လာတဲ့ အလုံးကို ကာရိုး တိုက်တာ ဂိုးသမား ဖမ်းမိပါတယ်။

နံပတ် ၆ အမှားကနေ ဂျေးစပီးယားရင်း ယူပြီး ဘောလုံးဆွဲပြေးတာ ချိတ်လိုက်တာ အပြင်ဘက် စည်းနည်းနည်းရောက်သော်လည်း လဲသွားတာ ပင်နယ်တီ အေရိယာထဲမလို့  ပန်နယ်တီရပါတယ်။ ဒတ်ကောက်ခ်ျ က ညာဘက် ကို ကန်ပြီး ဂိုးအဖြစ်နဲ့ ပြောင်းလိုက်ပါတယ်။

တောင်ပံ ကစားသမား မပါပေမယ့် လီဗာပူး ကွင်းလယ် အဖျက်နဲ့  အက်ဂါပြန်ပါလာတဲ့ နောက်တန်းက ဆန်းဒါးလန်း တိုက်စစ်ကို ကြံ့ကြံ့ခံ ဖျတ်ထုတ်နိုင်ခဲ့ပါတယ်။ ဆွာရက်စ် ပြန်ပါလာလို့  ရှေ့ တန်း ပြန်လည် အသက်ဝင်လာပါတယ်။ ကာရိုး လည်း ခေါင်းတိုက်ခွင့်တွေ ရပေမယ့်လည်း လွဲချော်နေဆဲပါ။

ဒုတိယ ပိုင်း မှာ ကြိုးကြာနီတွေ ကစားတာ ပိုကောင်းလာပါတယ်။ မေရားလက်စ် ပိုလှုပ်ကစားလာနိုင်သလို ကာရိုး တို့ လည်း ဂိုးသွင်းခွင့်တွေ ရရှိပါတယ်။ ဆွာရက်စ်ကို အဓိက ထားပြီး လူချ ကစားတာတွေ့ ပါတယ်။ ဒုတိယပိုင်း ၂ သင်းလုံး ပိုမို ထိုးဖောက်ကစားနိုင်သလို လီဗာပူးဘက်ကလည်း ဂိုးသွင်းခွင့်တွေ ပိုမို ရရှိလာပါတယ်။ မေရားလက်စ် ထောင့်ကန်ဘော ကနေ တစ်ဆင့် ကာရိုး ခေါင်းတိုက် ဂိုးတိုက်တာ ဆန်းဒါးလန်း နောက်ခံလူနဲ့ ထိပြီး ပြန်ထွက် သွားလို့  နစ်နာသွားပါတယ်။ ဒါတင်မက သိပ်မကြာခင်မှာပဲ ဖရီးကစ်ကို ဂိုး အပြင်ဘက်မှာ ဆွာရက်စ် ကန်တာ ဂိုးသမား ဘယ်ဘက်က ထွက်သွားပါတယ်။

၂ သင်းလုံး ဖိကစားနေပြီး ဒုတိယဂိုးကို ဆွာရက် ဘေးလိုင်းကနေ ချပေးလိုက်တာ တစ်ကိုယ်တော် ဆွဲပြေးပြီး နောက်ခံ လူ ၁ ယောက်ကို လိမ်ပြီး ဂိုးထဲ ကန်ထည့်လိုက်ပါတယ်။ ဆွာရက်စ်ကို ဆန်းဒါးလန်း နောက်ခံလူတွေ ဒီည ဘယ်လိုမှ မထိန်းနိုင်ပါဘူး။ တစ်ကွင်းလုံး ပတ်ဆော့ပြီး တစ်ဂိုးပါသွင်းယူသွားပေးပါတယ်။

၇၄ မိနစ်မှာ အန်းဂေါ့ က ကာရိုး အစားဝင်ကစားသလို ၈၃ မိနစ်မှာ မေရားလက်စ် အစား မက်ဆီ ၀င်ကစားပါတယ်။

ပွဲပြီးခါနီးမှာ ဆွာရက်စ် နာသွားလားမသိဘူး။ ကွင်းပြင်ကို ကွတ ကွတ နဲ့ ထွက်သွားတယ်။ သူ့ အစား ဂျိုးကိုး ၀င်ကစားနေတယ်။ ဆွာရက်စ် ဘာမှ မဖြစ်ပါစေနဲ့ ။

 
            ကဲ အန်ဖီးကွင်းမှာကန်ခဲ့ရတဲ့ လီဗာပူး ဘရာဂါ ယူရိုပါလိဂ်ပွဲစဉ်လည်းပြီးသွားပြီ။ ကျွန်တော်တို့ လီဗာပူးလည်း တပ်ခေါက်လှည့်ပြန်ခဲ့ကြရပြီ။ တကယ်ဆို လိုနေတာက ဂိုးလေးတဂိုးသွင်းမိဖို့ပါ ဒါပေမယ့် ထင်သလိုဖြစ်မလာတဲ့ ကြိုးကြာနီတို့ရဲ့ ယူရိုပါလိဂ်ခရီးစဉ်က ဒီမှာပဲဆုံးသွားပါပြီ။ ပထမပွဲ ဘရာဂါကွင်းမှာ ပင်နယ်တီ တလုံးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ဒုတိယပွဲမှာလည်း ဂိုးမသွင်းနိုင်ဘဲ သရေသာ ကျခဲ့တာမို့ ထွက်ခွာခဲ့ရတာပါ။

            အဲ ထူးခြားတာကတော့  လီဗာပူးပရိသတ်များဟာ ပွဲမစခင်မှာ ဆူနာမီကြောင့် ဒုက္ခရောက်ခဲ့ကြရတဲ့ ဂျပန်လူမျိုးတွေအတွက် ဆုတောင်းပေးခဲ့တာပါပဲ။

            နည်းပြကြီး ကင်နီကတော့ ဖန်တီးပေးမှု အားနည်းတာရယ် ကံဖေးမမှု မရခဲ့တာရယ်ကြောင့် အခုလို ယူရိုပါလိဂ်က ထွက်ခဲ့ရတာပါလို့ ပြောသွားပါတယ်။ ကင်နီပြောသွားတဲ့ အတိုင်း မနေ့ညက ကန်သွားတဲ့ လီဗာပူးအသင်းဟာ ဖန်တီးမှုပိုင်း အတော်ကို အားနည်းတာအမှန်ပါပဲ။ ဂျိုးကိုးလ်က ဒီရာသီ လီဗာပူးကိုပြောင်းလာကတည်းက သူ့ကြောင့်လို့ ပြောရလောက်တဲ့ ထူးထူးခြားခြား ဖန်တီးမှုမျိုးကို ခုထိ ပြသနိုင်ခြင်း မရှိသေးသလို အဆိုးဆုံးပြောရရင် သာမာန်ကစားသမားတယောက်အဆင့်ကိုတောင် မမီတဲ့ ပွဲတွေ အတော်များနေပါတယ်။ မက်ဆီကတော့ ဒီရာသီမှာ လီဗာပူးရဲ့ ခြေအမှန်ဆုံး ကစားသမားလို့ ပြောရင် ရနိုင်ပါတယ်။ အတော်လေးကို အားမကိုးရတဲ့ နေရာမှာ ခြေမှန်တာပါ။ ခုထိ ကင်နီက ပါချီကိုလေးကို ဘာကြောင့် မသုံးသေးသလဲကတော့ အံ့သြစရာပါ။

            ဘာပဲပြောပြော ကိုယ့်လိုအပ်ချက်ကို သိနေတဲ့ ကင်နီနဲ့ ကိုမိုလီတို့ ဘယ်တောင်ပံ ကစားသမားတယောက်ကို အသည်းအသန်ရှာနေတာကတော့ အားရစရာပါပဲ။ ခုအချိန် လီဗာပူးအတွက် အားကိုး အားထားလောက်စရာ တောင်ပံကစားသမားစစ်စစ်ဆိုတာ တယောက်မှကို မရှိတာပါ။ စတာလင်ကတော့ နောက် ၂ နှစ် ၃နှစ်တိုင်အောင် လီဗာပူးမှာ တခါတရံကလွဲလို့ သုံးမယ်လို့ မထင်မိသေးပါဘူး။

            မနေ့ည ဘရာဂါနဲ့ ပွဲမှာ မေရာလက်၊ ကာရိုးတို့ရဲ့ ကစားပုံဟာ မဆိုးဘူးလို့ ပြောရပေမယ့် ရှေ့တန်းကစားသမားဖြစ်သူ ကာရိုးအတွက် အခွင့်အရေးတွေ ရရာမှာတော့ နည်းလွန်းတယ်လို့ ထင်မိပါတယ်။ နောက် တစ်ဖက်အသင်းက ခပ်ကြမ်းကြမ်းနဲ့ မြန်မြန်ဆန်ဆန် လူကပ်ကစားတဲ့အပြင် နောက်တန်းမှာလည်း ၈ ယောက်လောက်ရှိနေအောင် ကစားသွားတဲ့အခါ ကြိုးကြာတို့ တစ်ဖက်အသင်းကို တကယ့် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်တော့ပါဘူး။ အကယ်လို့သာ ဆွာရက်ဆော့ခွင့်ရခဲ့ရင် ...........
ဟုတ်ပါတယ် ဒီထက် အခွင့်အလမ်းတွေ ပိုများများရလာမှာဖြစ်ပြီး ကာရိုးအတွက် နေရာလွတ်တွေ အတော်များများ ပေါ်လာမှ မလွဲပါဘူး။

            ရှုံးသင့်ရှုံးထိုက် ထွက်သင့်ထွက်ထိုက်လို့ ထွက်လိုက်ရတယ်လို့ပဲ မှတ်ယူထားပြီး နောင်တစ်နှစ်မှာ ဒီထက် ကောင်းတဲ့ ကစားသမားအင်အားစုနဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုယူနိုင်မယ့် ကြိုးကြာနီတို့ကို တွေ့ဖို့ မျှော်လင့်မိပါတယ်ဗျာ......
 
ဒိုင်လူကြီးနဲ့ အကူ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်မှုက စိတ်ပျက်စရာပါပဲ။ လီဗာပူးဘက်က တိုက်စစ်ဆင်လိုက်တာနဲ့  လူကျွံဘော၊ နည်းနည်းလေးထိလိုက်တာနဲ့ ဖောင်းဘော၊ ဘာမှန်းကို မသိပါဘူး။ ချီးထုပ်ဒိုင်။ ဘက်လိုက်တာ လွန်လွန်းတယ်။ ကီရောဂေါ့ ဖျက်တာကြမ်းလို့  ၁၇ မိနစ်မှာ ပင်နယ်တီပါပေးလိုက်ရတယ်။ အဲ ပင်နယ်တီ က ဂိုးပေးလိုက်ရလို့  အခု ၁ - ၀ နဲ့ ဖြစ်နေတယ်။ ဘရာဂါလည်း ဒိုင်ပါ မှန်းသိတော့ လူချသလား မမေးနဲ့ ။ !@#$%^**&*^%$#

ဒုတိယပိုင်းမှာ ဒတ်ကောက်ခ်ျ ပင်နယ်တီ အေ၇ိယာ ဆွဲလာတာ ဂိုးသမား ဆွဲ လှဲ ဖမ်းတာ လီဗာပူးဘက်ကို ပြစ်ဒဏ်ဘော ပေးတယ်။ ဂျိုးကိုး ဆွဲပြေးတာ ခြေထောက် ချိတ်တာ ပယ်နယ်တီ မပေးပဲ မမြင်ချင်ယောင်ဆောင်နေတယ်။

ကော်နာကို ကာရိုး က လူကပ်စ် ကနေ တစ်ဆင့် ပြန်တိုက်မလို့  လုပ်တာ လူကျွံဘောတဲ့။ ဆိုးပါ့။ အားအားနေ လူကျွံဘောချည်း ပေးနေတယ်။ ကျက်သတုန်းဒိုင်။ အခုဆို ၇ လုံးရှိပြီ။

အလယ်တန်းက လိုကိုလိုနေတာ။ ဘာလို့  အားအားယားယား ကွင်းလယ် အဖျက် ကစားသမား ၃ ယောက်တောင်သွားထားလည်းမသိဘူး။ ဆိုးပါ့။ ပေါဆင်၊ လူးကပ်စ်၊ စပီးရားရင်း၊ သွားရောပေါ့။ ၀က်စ်ဟမ်းနဲ့ ပွဲတုန်းက ကွင်းလယ် ကိုပြန်မြင်ရသလိုပဲ။

ကျွန်တော့် အမြင်က ဒိုင်လူကြီးရဲ့  ဆုံးဖြတ်ချက်လည်း ပါသလို ကင်နီရဲ့ ဆုံးဖြတ်ချက်လည်း ပါပါတယ်။ ကွင်းလယ်မှာ လူပိုကြီးလိုကို ဖြစ်နေတဲ့ ပေါဆင်၊ စပီးရာရင်း တို့  က အလုပ်မဖြစ်မှန်းသိသိ ကြီးနဲ့  ထည့်ဆော့တာကတော့ လွန်လွန်းပါတယ်။ စပါတာ နဲ့ ပွဲတုန်းကလည်း ခံစားပြီးသွားပြီ။ အဝေးကွင်းကန်တာ ချာတူးလန်။ ဘရာဂါက စပါတာထက် ကောင်းတယ်။ တစ်ချို့ ဘောတွေ တိုင်ထိသွားလို့  အသက်ရှူချောင်သွားတာ။ အဖိခံနေရတဲ့အချိန်မှာ ကွင်းလယ်မှာ လူပိုဖြစ်နေတဲ့ တစ်ယောက်ကို မထုတ်ပဲ ပထမပိုင်း ပြီးတဲ့ အထိ ဆော့ခိုင်းတာက လွန်ပါတယ်။ တောင်ပံကစားသမား ပါချီကို နဲ့  စပီးယား ကိုလဲလိုက်သင့်တယ်။ ပွဲပမ်းနေတဲ့ ကီရာဂေါ့စ် အစား ၀ဲလ်ဆင်ကို အစကတည်းက ဆော့ခိုင်းသင့်တယ်။ ဘောဖျက်တာကို ကီရာဂေါ့စ် ထက်စာရင် ၀ဲလ်ဆင်က ပိုသေသပ်တယ် အမှားနည်းတယ်။ ကင်နီကိုင်တဲ့ ဥရောပ ပွဲတွေ ရုန်းကန်နေရတယ်။ တစ်သင်းထက် တစ်သင်းက မချောင်လောက်တော့ဘူး။
 
ဒီည လီဗာပူး အသင်း ၀က်စ်ဟမ်းကို ရှုံးတဲ့ အသင်းနဲ့ တစ်ခြား စီဖြစ်နေပါတယ်။ ကွင်းလယ် ဒေါင်ဒေါင်မြည် ပြန်ကောင်းလာသလို တစ်သင်းနဲ့ တစ်သင်း အပြန်အလှန် ကန်သွားတာ ကြည့်လို့ ကောင်းတဲ့ ပွဲပါ။ ဘာဘာတော့ ရဲ့  ဂိုးကန်ချက်က လီဗာပူး အသင်းအတွက် မျက်လုံး ပြူးစရာဖြစ်သွားပါတယ်။

ကွင်းလယ်မှာ အချိန်ကုန်နေပြီး တစ်သင်းနဲ့  တစ်သင်း အမှားကို စောင့်ကစားခဲ့ပါတယ်။ ဆွာရက်စ် နောက်ခံလူ ၃ ၄ ယောက်လောက်ကို လိမ်ပြီး ဂိုးထဲ ကန်လိုက်တာ ဂိုးနားရှိတဲ့ ကောက်ခ်ျ တစ်ယောက် ဂိုး အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဆွာရက်စ် ကန်တင်လိုက်တဲ့ အလုံးကို မေရားလက်စ်နဲ့ ယှဉ်လုပြီး နာနီ က စမောလင်းဆီ ချပေးလိုက်တာ ကောက်ခ်ျဆီ ရောက်လို့  ၃၉ မိနစ်မှာ နောက်တစ်ဂိုး သွင်းယူလိုက်ပါတယ်။

ကာရေဂါ နာနီကို ဖျတ်ထုတ်တာ ကြမ်းပါတယ်။ နာနီ ဒဏ်ရာရသွားနိုင်တယ်။

ရာဖေးလ်း လည်း စကာတယ် ဘောလုံး ၀င်ယူတာကို ခြေ ၂စုံလုံးနဲ့  ၀င်ပြီး အ၀င်ကြမ်းပါတယ်။ အခန့် မသင့်ရင် စကာတယ် ကျိုးသွားနိုင်တယ်။

တစ်ဖက်နဲ့ တစ်ဖက် အသင်း အကြိတ်အနယ် ကန်တာ လက်ခံလို့  ရပေမယ့် ခုလို လူချနေကြတာမြင်ရတာ စိတ်မချမ်းသာပါဘူး။  ၂ သင်းလုံး မျှမျှတတ ယှဉ်ပြိုင်ကြပါစေဗျာ။

YNWA
ပန်ဒါ
 
ညက ပထမပိုင်း လောက်က ဟောဒ့်ဆင် လက်ထက်က ချာတူးလန်နေတဲ့ အတိုင်း ကစားသဗျ။

ဒုတိယပိုင်းလောက်မှ ကစားကွက်က စီးမိလာပြီး ဂိုးသွင်းခွင့်တွေရလာတာ။ ၀က်စ်ဟမ်းက ကန်ခွင့် ပိုတောင်ရသေး။ ဂိုးလိုတဲ့ အချိန်မှာ သိပ်လောတယ်။ ၀က်စ်ဟမ်းနောက်တန်းကို ချဲမထုတ်ပဲ အတင်းဝင်၊ ဘောလုံးကို ဂိုးရှေ့ တင်တော့ ဟိုက အသာလေး ဖျက်ထုတ်တာပေါ့။ ပြီးတော့ ကောင်တာကလည်း ဘာပေါက်သလည်းမမေးနဲ့ ။ နောက်တန်းက အတင်း လိုက်ဖိတာလည်း ဆိုးတယ်။ ၀ဲလ်ဆင်တို့  ဂျွန်ဆင်တို့ ဆို ဟိုဘက် ပင်နယ်တီ ဧရိယာ နားချည်း။ ကင်နီကတော့ ဒီပွဲ ရှူံးသင့်တယ်တဲ့။ နည်းပြ က အရှူံးကို လက်ခံတာ မဆိုးပါဘူး။ ဒါမှပဲ ဘာလိုအပ်လည်းဆိုတာ ပြင်နိုင်မှာပါ။

အန်းဂေါ့ ကိုထည့်မယ့် အစား အလယ်တန်းမှာ လိုက်ကစားမယ့် ဂျေးစပီယားရင်းကို ထည့်ရင်တောင် ဟုတ်တုတ်တုတ်။

ကာရိုး ၀ယ်တာမှားတယ်လို့ မြင်မိတယ်။ အလားအလာရှိပေမယ့် ၁ လ လောက် မကစားနိုင်တဲ့ ကစားသမားကို ဈေးကြီး ၀ယ်ရတယ်။ ဒါတင်မက ပြန်ရောင်းရင် ၂၅% နယူးကာဆယ်ကိုလည်း ပေးရအုန်းမယ်။ တောရက်စ် သာ ထွက်မယ်လို့  ကြိုသိရင် လူငယ်ကစားသမား ဘိုဂျန်ကာကစ် တို့  ဘေယန်မြူးနစ် တိုက်စစ်မှူး မာရီယို ဂိုမက်စ် တို့ လို ဒေါင်ဒေါင်မြည် ၀ယ်နိုင်ပါတယ်။

ဆွာရက်ဇ် ကတော့ အကောင်းဆုံး ကစားသွားနိုင်တယ်။ တစ်လုံး ကစ်သေးတာ ဂိုးသမား ကောင်းလွန်းလို့  ပုတ်ထုတ်သွားတာ။ ကယ်လီကတော့ နည်းနည်းကြာအောင် နားရအုန်းမယ်ထင်တယ်။ မေရားလက်စ် ကတော့ အခြေအနေ မသိသေးပါဘူး။ သတင်းတက်လာနဲ့  Update လုပ်ပါ့မယ်။

အာကြီး များ ဖလားရနေမလားလို့  ဒီမနက် ထကြည့်မိတယ်။ သူလည်း ဘ၀တူတွေကိုဖြစ်လို့ ။ ဒီအပတ်တော့ ပူးပူး နဲ့ အာကြီး ပရိတ်သတ်တွေ တစ်ယောက်နဲ့  တစ်ယောက် ဖက်ပြီး မျက်ရည်တွေ ဘူးသီးလုံး လောက် ငိုရမလား၊ ဒါမှမဟုတ် တစ်သင်းနဲ့  တစ်သင်း အကြောင်း တစ်ယောက် တစ်လှည့် အပြစ်ပြောပြီး အပြစ်တင်မလား ဆိုတာ စဉ်းစားမိပါရဲ့ ။