Picture
ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကာရိုးကတော့

“ဒါက မယုံနိုင်စရာပဲ။ ကျွန်တော်တို့  အသင်း ကစားပုံကောင်မွန်ခဲ့ပြီး ဂိုးလိုချင်နေတဲ့ ကျွန်တော်လည်း ဂိုးရခဲ့ပါတယ်။ ကျွန်တော် ဒီကိုရောက်ရှိလာတာ ဂိုးသွင်းယူဖို့  ဖြစ်ပေမယ့်လည်း အရေးကြီးတာက အမှတ်ရဖို့ ပါ။

ကျွန်တော်တို့  ပြီးပြည့်စုံတဲ့ အသင်း တည်ဆောက်နေတယ်။ ကျွန်တော်ရယ် ဆွာရက်စ် ရယ် အသစ်ပါ။ ဒါတင်မက ဖလာနို လည်း ဒီနေ့ မှ စကစား တာပါ။ သူ ကစားပုံ ကောင်းမွန်ပါတယ်။ ဒါက ကျွန်တော်တို့  နောက်ရာသီ ဘာလုပ်နိုင်လည်း ဆိုတာကို ပြသတာ ဖြစ်ပါတယ်။

ဒီမှာ နာမည်ကျော် ကစားသမားတွေ ရှိပါတယ်။ ဘာဖြစ်လို့  ကျွန်တော်တို့  ဒီနွေရာသီ ကျရင် နာမည်ကြီး ကစားသမားတွေကို မခေါ်ယူနိုင်ရမလည်း။

ကျွန်တော့် အသင်းဖော် ဂျိုးဟတ်ကို ကျွန်တော် ဂိုးသွင်းယူနိုင်မယ်လို့  sms လှမ်းပို့ လိုက်ပါသေးတယ်။ ဟက်ထရစ် ရယူနိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက အမှတ်ရရှိဖို့ ပါပဲ။” လို့ ပြောလိုက်ပါတယ်။

ကိုးကား - http://www.liverpoolfc.tv/news/latest-news/carroll-lfc-will-attract-stars

YNWA
ပန်ဒါ

 


Comments




Leave a Reply