ဒိုင်လူကြီးနဲ့ အကူ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်မှုက စိတ်ပျက်စရာပါပဲ။ လီဗာပူးဘက်က တိုက်စစ်ဆင်လိုက်တာနဲ့  လူကျွံဘော၊ နည်းနည်းလေးထိလိုက်တာနဲ့ ဖောင်းဘော၊ ဘာမှန်းကို မသိပါဘူး။ ချီးထုပ်ဒိုင်။ ဘက်လိုက်တာ လွန်လွန်းတယ်။ ကီရောဂေါ့ ဖျက်တာကြမ်းလို့  ၁၇ မိနစ်မှာ ပင်နယ်တီပါပေးလိုက်ရတယ်။ အဲ ပင်နယ်တီ က ဂိုးပေးလိုက်ရလို့  အခု ၁ - ၀ နဲ့ ဖြစ်နေတယ်။ ဘရာဂါလည်း ဒိုင်ပါ မှန်းသိတော့ လူချသလား မမေးနဲ့ ။ !@#$%^**&*^%$#

ဒုတိယပိုင်းမှာ ဒတ်ကောက်ခ်ျ ပင်နယ်တီ အေ၇ိယာ ဆွဲလာတာ ဂိုးသမား ဆွဲ လှဲ ဖမ်းတာ လီဗာပူးဘက်ကို ပြစ်ဒဏ်ဘော ပေးတယ်။ ဂျိုးကိုး ဆွဲပြေးတာ ခြေထောက် ချိတ်တာ ပယ်နယ်တီ မပေးပဲ မမြင်ချင်ယောင်ဆောင်နေတယ်။

ကော်နာကို ကာရိုး က လူကပ်စ် ကနေ တစ်ဆင့် ပြန်တိုက်မလို့  လုပ်တာ လူကျွံဘောတဲ့။ ဆိုးပါ့။ အားအားနေ လူကျွံဘောချည်း ပေးနေတယ်။ ကျက်သတုန်းဒိုင်။ အခုဆို ၇ လုံးရှိပြီ။

အလယ်တန်းက လိုကိုလိုနေတာ။ ဘာလို့  အားအားယားယား ကွင်းလယ် အဖျက် ကစားသမား ၃ ယောက်တောင်သွားထားလည်းမသိဘူး။ ဆိုးပါ့။ ပေါဆင်၊ လူးကပ်စ်၊ စပီးရားရင်း၊ သွားရောပေါ့။ ၀က်စ်ဟမ်းနဲ့ ပွဲတုန်းက ကွင်းလယ် ကိုပြန်မြင်ရသလိုပဲ။

ကျွန်တော့် အမြင်က ဒိုင်လူကြီးရဲ့  ဆုံးဖြတ်ချက်လည်း ပါသလို ကင်နီရဲ့ ဆုံးဖြတ်ချက်လည်း ပါပါတယ်။ ကွင်းလယ်မှာ လူပိုကြီးလိုကို ဖြစ်နေတဲ့ ပေါဆင်၊ စပီးရာရင်း တို့  က အလုပ်မဖြစ်မှန်းသိသိ ကြီးနဲ့  ထည့်ဆော့တာကတော့ လွန်လွန်းပါတယ်။ စပါတာ နဲ့ ပွဲတုန်းကလည်း ခံစားပြီးသွားပြီ။ အဝေးကွင်းကန်တာ ချာတူးလန်။ ဘရာဂါက စပါတာထက် ကောင်းတယ်။ တစ်ချို့ ဘောတွေ တိုင်ထိသွားလို့  အသက်ရှူချောင်သွားတာ။ အဖိခံနေရတဲ့အချိန်မှာ ကွင်းလယ်မှာ လူပိုဖြစ်နေတဲ့ တစ်ယောက်ကို မထုတ်ပဲ ပထမပိုင်း ပြီးတဲ့ အထိ ဆော့ခိုင်းတာက လွန်ပါတယ်။ တောင်ပံကစားသမား ပါချီကို နဲ့  စပီးယား ကိုလဲလိုက်သင့်တယ်။ ပွဲပမ်းနေတဲ့ ကီရာဂေါ့စ် အစား ၀ဲလ်ဆင်ကို အစကတည်းက ဆော့ခိုင်းသင့်တယ်။ ဘောဖျက်တာကို ကီရာဂေါ့စ် ထက်စာရင် ၀ဲလ်ဆင်က ပိုသေသပ်တယ် အမှားနည်းတယ်။ ကင်နီကိုင်တဲ့ ဥရောပ ပွဲတွေ ရုန်းကန်နေရတယ်။ တစ်သင်းထက် တစ်သင်းက မချောင်လောက်တော့ဘူး။
gerrard8
3/11/2011 01:11:17 am

ဘာလို့အဝေးကွင်း ဒီလောက်တောင်ညံ့နေရတာလဲ.....
နောက်တစ်ဆင့်တက်ရင်တွေ့မယ့် အသင်းတွေက မချောင်တော့ဘူး....ပေါ်တို ဘင်ဖီကာ စပါးတပ်မော်စကို တို့လို့ အသင်းတွေနဲံတွေ့ရင်တော့........ဟူး....
Anfield မှာဆိုရင်တော့ ကင်နီကို မျက်လုံးမှိတ်ယုံပါတယ်...
အလယ်တန်း playmaker တစ်ယောက်လောက်ဒီနွေကျရင်ခေါ်သင့်ပြီဗျာ.....
အလွန်ဆို လို လူတစ်ယောက်လောက် အမြန်ခေါ်သင့်ပြီ....

Reply



Leave a Reply.