Cystic Fibrosis ဝေဒနာ ခံစားနေရတဲ့ အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ Charlie Capener ဟာ သူ့ ရဲ့ အိပ်မက်ဖြစ်တဲ့ အန်းဖီးက သူ့သူရဲကောင်းတွေနဲ့  တစ်နေ့ တာ တွေ့ ဆုံခွင့်ကို မဲလ်ဝုဒ်မှာ ရရှိခဲ့ပြီဖြစ်ပါတယ်။

သူ့ အဖေ ကာလ်းကတော့ လီဗာပူး အသင်းကို အောက်ကလို ကျေးဇူးတင်စကား စာပြန်ရေးခဲ့ပါတယ်။

“ကက်နဲ့ ကျွန်တော်ဟာ လီဗာပူးအသင်းက လူတွေအားလုံးကို မနေ့ ကလို စပါရှယ်နေ့ ဖြစ်ခဲ့တဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်တော်တို့ မိသားစု ၃ ယောက်ဟာ လီဗာပူး အသင်းက ကစားသမားတွေ၊ ၀န်ထမ်းတွေရဲ့  ဖော်ရွေစွာ ကြိုဆိုခြင်းကိုခံရပါတယ်။ ချားလ် အနေနဲ့  သူ့ ဟီးရိုး ဂျာရတ်ကို တွေ့ ရတာမို့  အင်မတန်ပျော်ရွှင်နေပါတယ်။

ကျွန်တော်တို့  ရဲ့  ကျေးဇူးတင်စကားကို အားလုံးကို ဖော်ပြပေးပါ။ ဒါတင်မက ကျွန်တော်တို့  အားလုံးဟာ ဒဲလ်ဂလိပ် ဘာလို့  သူ့ ကစားသမားတွေကို အင်မတန် ကာကွယ်ပေးနေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ ခဲ့ရပါတယ်။ ကျွန်တော့် သား ချားလ်ကို ဆမ်မီ က လှေကားမှာ နူတ်ဆက်ခဲ့တာတွေ ကိုမေ့နိုင်မှာမဟုတ်ပါဘူး။ ဒါတင်မက ချားလ်ရဲ့  ထရိန်နင် အိုင်ဒီယာတွေကိုလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့ စတိဗ် ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ ”



Leave a Reply.