ဂျူဗင်တပ်အသင်းက Sporting Director Guiseppe Marotta က Aquilani ကို အသင်းမှာ ဆက်ထားချင်ပေမယ့် စာချုပ်ထဲမှာပါတဲ့ ယူရို ၁၈သန်းကိုတော့ ပေးချေဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

အကွီလာနီသည် ဒီ ၂၀၁၀-၂၀၁၁ ရာသီအစတွင်မှ လီဗာပူးနည်းပြဟောင်း ရွိင်းဟော့ဆန်က ဂျူဗင်တပ်အသင်းသို့ အငှားချထားခြင်းခံရသူဖြစ်ပြီး ဂျူဗင်တပ်အသင်းတွင် ခြေစွမ်းပြ ကစားနေနိုင်သူတစ်ဦးဖြစ်သည်။

အကယ်၍ ဂျူဗင်တပ်အသင်းအနေနှင့် အကွီလာနီအားခေါ်ယူလိုပါက စာချုပ်အရ မေ၁၅ မတိုင်မီ ယူရို၁၈သန်းကို ပေးချေရမည်ဖြစ်သည်။
5/3/2011 11:18:58 am

ဒီကောင်ကို ဘာဖြစ်လို့ အရင်တုန်းက နည်းပြတွေ ဒီလောက် ဈေးကြီးပေးပြီး ဝယ်ထားလဲ မသိဘူး။ အီတလီ တွေနဲ့ အင်္ဂလန်ကစားဟန်နဲ့ လုံးဝကို မကိုက်တာ။

Reply
Panda
5/3/2011 01:28:23 pm

ဘန်နီတက်ဇ် လက်ချက်လေ။ အလွန်ဆို အစားဝယ်တာ။ ခုတော့ အောက်ကြေး နှိုက်ခံနေရတယ်။ အဲကောင်လည်း အားအားရှိပြန်မ လာဘူးဆိုတာပဲ။ လေတယ်။

Reply
greenday
5/3/2011 06:13:36 pm

သူမရှိလို. မာယေးလက်စ်လေး ချေစွမ်းပြခွင့်ရတာ ၊ ကျွန်တော့သဘောကတော့ ပြန်မလာစေချင်ဘူး အဲ့လိုကောင်ကို

Reply
Panda
5/3/2011 07:37:28 pm

ကျွန်တော့် အမြင်တော့ ကင်နီ သာဆက်ရှိ မယ်ဆိုရင် ပြန်ခေါ်မှာမဟုတ်ဘူးထင်တယ်။ တောရက်စ်ပဲကြည့်။ ဘယ်လောက်ပဲ အရေးပါတဲ့ ကစားသမားဖြစ်ပါစေ ကလပ်မှာ မနေချင်တဲ့လူကို ရောင်းထုတ်လိုက်တယ်။ ဂျူဗီက ကစားသမား ကလပ် ကိုမပြန်ချင်တာ အခွင့်ကောင်းယူပြီး အောက်ကြေးနှိုက်တယ် လို့  ပဲမြင်တယ်။ မန်စီးတီးက ခေါ်ရင်ကောင်းမယ်။ ခိခိ။ :P

Reply



Leave a Reply.