Picture
လီဗာပူး ကပ္ပတိန်ဟောင်း ဆမ်မီ ဟစ်ပီယာက အသက် ၃၇ နှစ်မှာ ကစားသမားဘ၀ကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။

ဟစ်ပီယာဟာ ဂျာမန်ကလပ်မှာ နောက်ရာသီက စပြီး မန်နေဂျာတာဝန် အဖြစ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။

“ဒီရာသီမှာ အနားယူဖို့ အတွက် စဉ်စားဆုံးဖြတ်ထားပါတယ်။ နောက်ထပ် ကစားဖို့  ကျွန်တော် ဆန္ဒမရှိတော့ပါဘူး။ ဒီလို အနားယူတဲ့အတွက် နောင်တ မရရှိပါဘူး။  ကျွန်တော့် ကစားသမား ဘ၀ကို ဖြတ်သန်းခွင့်ပေးတဲ့ ကလပ်တွေအားလုံး၊ ဆွေမျိုးတွေ၊ နဲ့ မိသားစု ကို အထူးကျေးဇူးတင်ပါတယ်။

နည်းပြဖို့ အတွက်တော့ စိတ်ဝင်စားစရာပါပဲ။ ကျွန်တော် နည်းပြလိုင်စင်နဲ့  လီဗာကူဆင် နဲ့ အတူ မိခင်နိုင်ငံမှာ စတင်ရယူပါမယ်။ ဒီအတွက် ကျွန်တော် အင်မတန်ပျော်ပါတယ်။” လို့ ပြောကြားလိုက်ပါတယ်။
Picture
အန်းဖီးကွင်းမှာ ၁၀ နှစ် ကစားခဲ့တဲ့ ဟစ်ပီယာဟာ ဒတ်ခ်ျ အသင်း Willem II ကနေ ၁၉၉၉ ကနေ ပေါင် ၂.၅ သန်းနဲ့  ပြောင်းရွှေ့ လာတာဖြစ်ပြီး လီဗာပူး အသင်းနဲ့ အတူ ချန်ပီယံဖလား၊ UEFA ဖလား၊ Fa ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့  ဥရောပ စူပါဖလား ၂ ကြိမ်ရရှိသည် အထိ အောင်မြင်မှုများရရှိခဲ့ပါတယ်။

ကိုးကား - http://www.footymad.net/storytext.asp?article=3654771
gerrard8
5/3/2011 01:46:18 am

ဆယ်နှစ်တာကာလတစ်လျှောက်လုံးပေးဆပ်ခဲ့တဲ့ လီဗာပူးနောက်တန်းရဲ့ကျောက်ဆောင်ကြီး မန်နေဂျာဘ၀မှာလဲအောင်မြင်ပါစေ......
တစ်နေ့နေ့တစ်ချိန်ချိန်မှာ လီဗာပူးအသင်းကိုပြန်ပြီးနည်းပြနိုင်ပါစေ
ဟစ်ပီယာနဲ့ပါတ်သက်တဲ့အမှတ်တရနှစ်ခုရှိတယ်ဗျ.....
တစ်ခုက ဖလားငါးလုံးရတဲ့နှစ် ......( UEFA,FA,Carling,charity shield,UEFA super cup)....
နောက်တစ်ခုက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တုန်းက အန်ဖီးမှာ အာဆင်နယ်ကို ၄-၂ နဲ့နိုင်တုန်းက ခေါင်းတိုက်ပြီးသွင်းခဲ့တဲ့ဂိုးလေးပေါ့ဗျာ.......
YWNWA

Reply



Leave a Reply.