Picture
၇ ပွဲမှာ ၅ ဂိုး ရယူထားတဲ့ မေရားလက်စ် က espn pfa က ပေးတဲ့ ဖေဖ၀ါရီလ အကောင်းဆုံး ကစားသမား ဆုကိုတင်မက ပူးပူး ပရိတ်သတ်ပေးတဲ့ ဖေဖ၀ါရီလ အကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး ရရှိထားပါတယ်။

"ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားဖို့  အမြဲ အိပ်မက်မက်ခဲ့တယ်။

ဒါပေမယ့် ကျွန်တော် ထိပ်တန်း ကလပ်ကို မမှန်းရဲခဲ့ဘူး။ အလယ်အလတ် အသင်းမှာ ကစားခွင့်ရမယ်လို့ ပေါ့။ လီဗာပူး အသင်းမှာ ကစားရတာ အင်မတန်ပျော်ရွှင်ပါတယ်။

အားပေးတဲ့ သူအတွက် ကျွန်တော် ပွဲတိုင်း အနိုင် ရယူပေးလို ပါတယ်။ ဘာလို့ လည်း ဆိုတော့ သူတို့  ဒီအခွင့် အရေး ရသင့်ပါတယ်။

ကျွန်တော့် အေးဂျင့်က လီဗာပူးကို ပြောင်းရွှေ့  နိုင်တဲ့ အခွင့်အရေးရှိတယ်ပြောတော့ ကျွန်တော် မဆိုင်းမတွ အခုပဲ ပြောင်းမယ်လို့  ပြောလိုက်ပါတယ်။

ဒီရာသီဟာ ခက်ခဲတဲ့ ရာသီပါ။ နည်းပြ အသစ်၊ ကစားသမား အသစ်များစွာနဲ့  ကျွန်တော်တို့  ရုန်းကန်ရတယ်။ နောက်နှစ်မှာတော့ ကျွန်တော်တို့  အခြေကျလာမှာ။ ဒီထက်ကောင်းတဲ့ နေရာကို တက်လှမ်းနိုင်ပါမယ်။ ပြီးပြည့်စုံဖို့ အတွက်တော့ အချိန် အနည်းငယ် ယူရမှာပေါ့။" လို့  မေရားလက်စ် က ပြောကြားသွားပါတယ်။



Leave a Reply.