Picture
လီဗာပူးအသင်းရဲ့ ဒုတိယရှယ်ယာအများဆုံးပိုင်ဆိုင်သူ နယူးယော့ခ်တိုင်း
  

             ပြီးခဲ့တဲ့ တစ်ပတ်က နာမည်ကြီး အမေရိကန် ဘတ်စကတ်ဘောသမား LeBron Jamesက လီဗာပူးအသင်းရဲ့ ရှယ်ယာပိုင်ရှင်တယောက်ဖြစ်လာတယ်ဆိုတဲ့ သတင်းအပြီးမှာ လီဗာပူးအသင်းရဲ့ ပိုင်ရှင် Fenway Sports Group က New York Times ဟာ လီဗာပူးရဲ့ ဒုတိယမြောက် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့သူဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
            ပရီးမီးယားရဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်တဲ့ အသင်းတွေသည် အသင်းရဲ့ ပိုင်ဆိုင်မှုရှယ်ယာ ၁၀%နဲ့ အထက်ပိုင်ဆိုင်ထားသူတွေကို ဖော်ပြရမယ်ဆိုတဲ့အတွက် လီဗာပူးအသင်းက အခုလို ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ၁၀%နဲ့ အထက်ရင်းနှီးမြှပ်နှံထားသူတွေကတော့ ဂျွန်ဟင်နရီနဲ့ နယူးယော့ခ်တိုင်းတို့ဖြစ်ပြီး Fenway Sports Group ရဲ့ အဓိက အုပ်ချုပ်မှုတာဝန်ပိုင်းကိုတော့ ဂျွန်ဟင်နရီနဲ့ တွမ်ဝါနာတို့က တာဝန်ယူပါလိမ့်မယ်လို့ လီဗာပူးအသင်းရဲ့ ကြေညာချက်မှာ ဖော်ပြသွားပါတယ်။

Source: www.goal.com


Picture
လီဗာပူးအသင်းရဲ့ ရှယ်ယာပိုင်ရှင်တယောက်ဖြစ်လာတဲ့ LeBron James



Leave a Reply.