Picture
ဖလာနာဂန်ကတော့ မန်စီးတီးနဲ့ ပွဲမှာ ၀င်ကစားခဲ့ရတဲ့ ပွဲဟာ သူ့ အဖေ အတွက် ရည်ရွယ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော့် အဖေ က ကျွန်တော့်အတွက် ဂုဏ်ယူနေပါတယ်။ သူက အခု ပွဲကြည့်စင်မှာရှိနေပြီး ကျွန်တော်သူ့ ကိုသွားတွေ့ ပါမယ်။

ကျွန်တော့် အိပ်မက်ဟာ အကောင်အထည်ပေါ်လာခဲ့ပါပြီ။ အားပေးသူတွေ အားလုံးက အင်မတန်ကောင်းပါတယ်။

ပွဲမစမှီ ၂ နာရီ အလိုမှ ကျွန်တော် ၀င်ကစားရမယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ အစည်းအဝေးရှိပြီးတော့ ကင်နီဟာ ပထမ ၁၁ ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကျွန်တော်ပါလို့  အတိုင်းအထက် အလွန် ၀မ်းသာမိပါတယ်။

ကင်နီက ကျွန်တော့်ကို စိတ်ပူပန်မှု မရှိဖို့ နဲ့  ဘောလုံးကို သာ အာရုံစိုက်ဖို့ အကြံပေးပါတယ်။ ကျွန်တော် ကစားတတ်သလို ဘောလုံးကိုပဲ အဓိက ထားကစားတာဟာ ကျွန်တော့်ကို ပွဲချိန်မှာ အထောက်အကူ အများကြီးပေးပါတယ်။

ပွဲအတွင်းမှာတော့ အင်အားတောင့်တင်းတဲ့ မန်စီးတီနဲ့  ကစားရတာ ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော်ကတော့ ကင်နီ အကြံပေးသလို ဘောလုံးကို ပဲ အဓိက ထားကစားပြီး ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။

ကျွန်တော့် ပထမဆုံးပွဲမှာ ၃ - ၀ မရှိနဲ့ အနိုင်ရတဲ့အတွက် အင်မတန် ၀မ်းသာပါတယ်။

ကျွန်တော့် ဘေးနားမှာရှိတဲ့ ကာရေဂါက တစ်ချိန်လုံး ကျွန်တော့်ကို ကူညီပေးပါတယ်။ နားထဲ တစ်ဖုံ၊ ပြီးတော့ ဘေးကနေ ဘယ်လို ကစားရမလည်းဆိုတာ ညွန်ကြားလို့  ကျွန်တော် အရမ်းအဆင်ပြေခဲ့ပါတယ်။ ”

လို့  ပြောကြားလိုက်ပါတယ်။




Leave a Reply.