Picture

လီဗာပူး အသင်းပိုင်ရှင် ဂျွန်ဟင်နရီက တွမ်ဟစ်နဲ့ ဂျော့ဂျီးလက်စ် ကနေ လွဲပြောင်းယူခဲ့တဲ့ လီဗာပူးအသင်း ကစားသမားအင်အားက အင်မတန် နည်းပါးပြီး အားစရရာမကောင်းဘူးဆိုတာ ဝေဖန်ပြောကြာလိုက်ပါတယ်။

"စိတ်ပျက်စရာအကောင်းဆုံး အံ့သြသင့်မှု ကတော့ အသင်းမှာ ကွာလတီကောင်းတဲ့ ကစားသမားမရှိတာပါပဲ။ နှစ်ပေါင်းများစွာ ပေးချေရတဲ့ ကစားသမားလစာက မြင့်မားပေမယ့် အသင်းကစားသမားမှာ ကွာလတီကောင်းတဲ့ ကစားသမား နဲ့  ကစားသမားလစာနဲ့  မျှတမှုမရှိပါဘူး။
ကျွန်တော်တို့ ရဲ့  ပထမဦးစားပေးက ပရီးမီးယား ဖလားကိုပြန်လည်ရရှိဖို့  ဖြစ်ပါတယ်။ ဒါကြောင့်မို့  ကျွန်တော်တို့ ဒီရည်မှန်းချက် ပြည့်မှီအောင်နေ့ တိုင်း အားသွန်ခွန်စိုက် အလုပ်လုပ်နေပါတယ်။

ကျွန်တော်တို့ သာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် ဥရောပ မှာသာမက တစ်ခြားမှာပါ အောင်မြင်ဖို့  အခွင့်အလမ်းရရှိမှာပါ။

အောင်မြင်မှု ဆိုတာက ချန်ပီယံ ဖလားရယူခြင်းပါပဲ။ ချန်ပီယံဖြစ်ခြင်း ဆိုတာကလည်း တစ်ခါထဲမဟုတ်ပါဘူး။ အောင်မြင်မှု ကို တစ်ကြိမ်တစ်ခါထဲ အောင်မြင်ရုံနဲ့  တိုင်းတာမှာမဟုတ်ပါဘူး။"


ကိုးကား - http://www.goal.com/en-gb/news/2896/premier-league/2011/04/06/2428178/john-w-henry-admits-he-was-taken-aback-by-the-lack-of-depth



Leave a Reply.