Picture
စတီဗင် ဂျာရတ် က တောရက်စ်ကို ရောင်းပြီး ကာရိုးနဲ့ ဆွာရက်စ် ကို ၀ယ်ယူခြင်းဟာ မှန်ကန်တယ် ဆိုတာကို ယုံကြည်နေပါသတဲ့။

“ဆွာရက်စ် က ကစားပွဲ အနည်းငယ်သာ ကစားပြီးပေမယ့် ကျွန်တော်တို့ အားလုံး သူဟာ ထိပ်တန်း ကစားတစ်မား တစ်ယောက်ဖြစ်တယ် ဆိုတာ သိပါတယ်။ သူနဲ့  အတူတူ ထရိနင်မှာ ဆော့ ကစားရပေမယ့် သူဟာ နည်းစနစ်မှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ကောင်းမွန်ပါတယ်။ ဖာနန်ဒိုလည်း ကျွန်တော်တို့ အားလုံးကို ကြောက်လန့် စေခဲ့ပါတယ်။

ကျွန်တော့် အမြင်ကတော့ လီဗာပူး အသင်းဟာ ထိပ်တန်းကစားသမား တစ်ယောက်ထက်စာရင် ၂ ယောက်ရလိုက်တာ ပိုမိုကောင်းမွန်ပါတယ်။ ကျွန်တော် တောရက်စ် အနောက်ကို လိုက်ကစားရတာ သဘောကျပါတယ်။ ဒါပေမယ့် ခင်ဗျားသာ ကျွန်တော့်ကို တောရက်စ် ရယ် ဆွာရက်စ်၊ ကာရိုး ၂ ယောက် ရယ် ယှဉ်ပြီး ဘယ်သူ့ နောက်ကစားရတာ ပိုကြိုက်လည်းမေးရင် ဆွာရက်စ်၊ ကာရိုးတို့  နောက်လိုက်ကစားရတာ ပိုကြိုက်တယ်လို့  ပြောမိမှာပါ။

ဖာနန်ဒိုထွက်ခွာမယ်ဆိုတဲ့ သူ့ ရဲ့  ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့  အားလုံး စိတ်ပျက်ရပါတယ်။ ဒါပေမယ့် သူ့  ဆုံးဖြတ်ချက်ကို ကျွန်တော်တို့  အားလုံး လေးစားပါတယ်။ ” လို့ ပြောကြားလိုက်ပါတယ်။

---

ဆွာရက်စ်ကတော့ ပရီးမီးယားလိဂ်ဟာ ဟော်လန်လိဂ်၊ ကမ္ဘာ့ ဖလား၊ နဲ့ ဥရုဂွေးလိဂ်တို့ ထက် ပိုမိုခက်ခဲတဲ့ လိဂ်ဖြစ်ပေမယ့် သူဟာ လီဗာပူး အသင်းမှာ ပျော်ရွှင်စွာ ကစားနေပါတယ်တဲ့။

----

လီဗာပူးအသင်းနဲ့  စာချုပ် သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ လူးကပ်စ်ကတော့ လီဗာပူး အသင်းမှာသာ ဆက်လက် ကစားလိုပြီး ချန်ပီယံ လိဂ်ဖလားကို ပရိသတ်အတွက် ယူဆောင်ပေးလို ပါသတဲ့။


gerrard8
3/27/2011 01:37:17 am

မှန်လိုက်လေ ဂျာရတ်ရယ်.....

Reply



Leave a Reply.