Picture
ပြင်သစ် ပထမတန်း Rennes က ကွင်းလယ် စွယ်စုံရ ကစားသမား Sylvain Marveaux ဟာ ဒီနှစ်နွေရာသီကျရင် လီဗာပူး အသင်းကို ပြောင်းရွှေ့ လာဖို့  သဘောတူညီမှု ရရှိခါနီးနေပြီ ဆိုတဲ့ သတင်းထွက်လာပါတယ်။

Sylvain Marveaux ရဲ့  စာချုပ်ဟာ ဇွန်လ ကျရင် ကုန်ဆုံးတော့မှာဖြစ်ပြီး ခုတော့ ဒဏ်ရာရရှိနေလို့  နားနေရတဲ့ ကစားသမားဖြစ်ပါတယ်။ Rennes အတွက် ရာသီကုန်ခါနီးမှ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

ကိုမိုလီက အဲအချိန်ကျရင် Sylvain Marveaux ဟာ လီဗာပူးအတွက် အဆင်သင့် ရှိနေနိုင်တယ်လို့  ခန့် မှန်းထားပြီး တိုက်စစ်အတွက် ကောင်းမွန်တဲ့ ကစားသမား လို့  ထင်မြင်ထားပါတယ်။ ဇန်န၀ါရီလ အပြောင်းအရွှေ့ ကတည်းက ပေါ်ထွက်လာမယ်လို့  ထင်ထားပေမယ့် သူ့  ဒဏ်ရာအခြေအနေကြောင့် ကိုမိုလီ ဆက်စောင့်နေတဲ့ ကစားသမားလည်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Sylvain Marveaux ဟာ Rennes ရဲ့  လူငယ် ကစားသမား ဖြစ်ပြီး ၂၀၀၆ ကစပြီး ကလပ်အတွက် ကစားပေးခဲ့ပါတယ်။ ပွဲပေါင်း ၁၀၂ ပွဲကစားပြီး ၁၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကွင်းလယ် နေရာစုံ ကစားနိုင်ပေမယ့် သူ အကောင်းဆုံး ကစားနိုင်တာက ကွင်းလယ် တိုက်စစ်နဲ့  ကွင်းလယ် ဘယ်တောင်ပံ ဖြစ်ပါတယ်။

Date of birth     15 April 1986 (1986-04-15) (age 24)
Place of birth     Vannes, France
Height     1.72 m (5 ft 7 1⁄2 in)
Playing position     Midfielder



Leave a Reply.